တောင်ကုတ်၊ မတ် ၃၁ ။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ မတ်လ ၃၁ ရက်၊ဒီနေ့ မနက် ၇ နာရီအချိန်ခန့်က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသမီးတဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီတောင်ကုတ်မြို့၊ကြိုးကြာကွင်းကျေးရွာက အသက်ခြောက်ဆယ်လေးနှစ်အရွယ်ဒေါ်အောင်မြမှာ ဘယ်ဖက်ခြေခုံပြတ်ထွက်သွားတာကြောင့်အရေး ပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
သူဟာ ဒီနေ့မနက် ၇ နာရီအချိန်ခန့်က တောင်ကိုထင်းခုတ်သွားရာမှာ စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ ဒဏ်ရာရသွားတာဖြစ်တယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီတောက်ကုတ်မြို့၊ရန်ခိုကျေးရွာမှာမတ်လ ၂၁ ရက်နေ့က စစ်ကျန်မိုင်းနင်းမိလို့ အသက်ခုနှစ်ဆယ်သုံးနှစ်အရွယ် ဦးကျော်မြင့်မှာ ညာဖက်ခြေထောက်နဲ့ ညာဖက်ဆေးခုံမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။
အဲဒီတောင်ကုတ်မြို့၊ပိုင်ရပ်ကွက်မှာ မတ်လ ၁၇ ရက်နေ့ကလည်း နေအိမ်အတွင်း စစ်ကျန်မိုင်းပေါက်ကွဲမှုကြောင့် အသက်လေးဆယ်သုံးနှစ်အရွယ်ဒေါ်တင်တင်ဦးမှာ ဘယ်ဖက်ပါးထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီတောင်ကုတ်မြို့အခြေစိုက်၊ခမရ ၅၄၄ တပ်ရင်းအနီးအနားနဲ့ ဂူတာရပ် ကွက်ကလမ်းတွေမှာ မတ်လ ၁၀ ရက်နေ့က မိုင်းရှင်းလင်းခဲ့ရာမှာ စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်း ၃၈ လုံးကို အာရက္ခစစ်သည်တော်တွေက ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း အရပ်သားပြည်သူတွေဟာ နေအိမ်ခြံဝန်းတွေ၊ နေအိမ်တွေ၊လူသွားလူလာများတဲ့လမ်းမတွေမှာတောင် စစ်ကျန်မိုင်းနင်းမိလို့ သေဆုံး၊ ဒဏ်ရာရတာတွေရှိနေတာကြောင့် အာရက္ခတပ်တော်အနေနဲ့ သေချာမိုင်းရှင်းလင်းပေးစေချင်တယ်လို့ တောင်ကုတ်ဒေသခံတွေကဆိုကြပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်းမကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံ ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်းကြုံတွေ့နေကြရတယ်လို့လည်း ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင်မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိ မ်နေကြရသေးတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။