Border News Agency
ကျောက်တော်၊ မေ ၁၄။
ကျောက်တော်မြို့နယ်မှာ မေလ ၁၃ ရက်၊ ညနေ ၃ နာရီအချိန်ခန့်က မိုးကြိုး ပစ်ခံရလို့ ကလေးငယ်တဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီကျောက်တော်မြို့နယ်၊ ဇင်းခါချေကျေးရွာက အသက်ငါးနှစ်အရွယ်မမြတ်ယုဝတီခိုင်၊ အသက်ခြောက်ဆယ်အရွယ်ဦးဦးသောင်းကျော်နဲ့ အသက်ရှစ်ဆယ့်နှစ်နှစ်အရွယ် ဒေါ်လှကြာညိုသေဆုံးသွားခဲ့ပါတယ်။
အဲဒီအပြင် အသက်ခြောက်နှစ်အရွယ် မောင်ကြယ်စင်လင်း၊ အသက်ကိုးနှစ်အရွယ်မောင်နိုင်အောင်ကျော်၊ အသက်တဆယ့်ရှစ်နှစ်အရွယ်မောင်နေထွန်းလ င်းလည်း ဒဏ်ရာရရှိသွားကြပါတယ်။
သူတို့တွေမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့သွေးထွက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“မနေ့က မိုးရွာလို့ အိမ်ထဲဝင်တဲ့အချိန်မှာ မိုးကြိုးတချက်ပစ်တယ်။အဲဒီအချိန် အိမ်ဝင်ဝ အမိုးစွန်းအောက်မှာ ထိုင်နေတာကနေ မိုးကြိုးပစ်ခံရတာပါ။မိုးကြိုး ပစ်ခံရပြီးတော့ ဒီအတိုင်းလဲကျသေ ဆုံးသွားပါတယ်။” လို့ ကျောက်တော်မြို့နယ်၊ဇင်းခါချေကျေးရွာသားတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီသေဆုံး၊ဒဏ်ရာရသူတွေဟာ မိသားစုဝင်တွေဖြစ်ကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီသေဆုံးသွားသူတွေကို မနေ့ကသင်္ဂြိုလ်လိုက်ပြီး ညာဘက်မျက်လုံး ထိခိုက်ဒဏ်ရာရသွားတဲ့မောင်ကြယ်စင်လင်း၊ဦးခေါင်းသွေးထွက်ဒဏ်ရာရသွားခဲ့တဲ့မောင်နိုင်အောင်ကျော်မှာ လဆေးကုသမူခံယူနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ကျောက်တော်မြို့နယ်မှာ မေလ ၁၃ ရ က်နေ့ညနေ ၃ နာရီအချိန်က လေပြင်းတိုက်ခတ်ပြီး မိုးပြင်းထန်စွာရွာသွန်းခဲ့တာကြောင့် ခုလို မိုးကြိုးပစ်သေဆုံး၊ဒဏ်ရာရသွားကြတာဖြစ်တယ်လို့ ဒေ သခံတွေက ဆိုကြပါတယ်။
အာရက္ခဒေသမှာ ခုလိုနွေအကုန် မိုးအကူး မိုးဦးကာလတွေမှာ နေ့စဥ်အချိန်ကျမိုးတွေရွာသွန်းတက်တာကြောင့် အပူနဲ့အအေးထိပြီး မိုးကြိုးပစ်ခတ်တာမို့ နှစ်စဥ်ဒေသခံတွေ၊ကျွဲ၊နွားတိရစ္ဆာန်တွေပါ သေဆုံးနေကြရတယ်လို့ ဒေသ ခံတွေက ဆိုကြပါတယ်။