မောင်တော၊သြဂုတ် ၄။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာတွေကိုပြန်လည်လ က်ခံရေး ဆယ်စုနှစ်များစွာ ကြာသွားနိုင်တယ်လို့ ရ ခိုင်အရေးစောင့်ကြည့်လေ့လာနေသူတွေက သုံးသပ်ပြောဆိုကြပါတယ်။
ရခိုင်အပါအဝင် မြန်မာပြည်အနှံ့မှာလက်နက်ကိုင်ပဋိပက္ခတွေပြင်းထန်စွာဖြစ်ပွားနေသလို ပြန်လည်လက်ခံရေးပြုလုပ်မယ့်ပြည်သူလူထုကိုယ်စားပြုတရားဝင်အစိုးရမရှိသေးတာကလည်း အချိန်ကြန့် ကြာမှုကိုဖြစ်စေတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် မောင်တောခရိုင်မှာရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့အရပ်သားပြည်သူတွေကို အကြမ်းဖက်မှုတွေကျူးလွန်းနေတာတွေ၊ဘူးသီးတောင်မြို့ပေါ်မှာ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးဖောက်ထွင်းခိုးယူခဲ့ကြတာတွေကလည်း ရခိုင်ပြည်သူလူထုယုံကြည်လက်ခံမှုကို လျော့နည်းလာစေတယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတွေက ဆိုကြပါတယ်။
”ဘူးသီးတောင်မှာမွတ်ဆလင်တွေကျူးလွန်ခဲ့တာတွေကလည်း ရခိုင်ပြည်သူတွေကို မယုံကြည်မှုတွေလျော့နည်းလာစေပါတယ်။စစ်တပ်ကခိုင်းလို့ဆန္ဒပြ တာဆိုပေမယ့်ဖျက်ဆီးတာတွေ၊နေအိမ်တွေကိုမီးရှို့တာတွေက မြို့နေလူထုကိုမကျေနပ်ချက်တွေဖြစ်စေပါတယ်။ပြီးတော့မောင်တောမှာအင်အားအလုံးအရ င်းနဲ့စစ်တပ်ဖက်ကဝင်တိုက်ပေးနေတာကULA/AA ကို မလိုအပ်ဘူးဆိုတာပြနေတာပေါ့။ဒါတွေက ရိုဟင်ဂျာပြန်လည်လက်ခံရေးကိုဆယ်စုနှစ်များစွာကြာသွားစေနိုင်ပါတယ်။”လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတဦးက Border News Agency သို့ပြောပါတယ်။
နောက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ် တော်(ULA/AA)ရဲ့အာရက္ခပြည်သူ့အစိုးရကို ဘင်္ဂလားဒေ့ရှ်အစိုးရအပြင် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုဆက်ဆံဖို့အချိန်တခုလိုအပ်နေသေးသလို ရခိုင်တပြည်လုံးမှာ စစ်ကောင်စီတပ်ကင်းစင်သွားခဲ့ရင်တောင် တည်ငြိမ်အေးချမ်းရေး၊ပြန်လည်တည်ဆောက်ရေးတွေအတွက် ဆယ်စုနှစ်များစွာကြာသွားနိုင်တယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခပြည်သူ့အစိုးရမှာမောင်တောဒေ သအတွက်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ၊လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနတွေတရားဝင်ဖွဲ့စည်းပြီး လူဦးရေသန်းခေါင်စာရင်းကောက်တာတွေပြုလုပ်ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံအစိုးရအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းနဲ့သေချာဆွေးနွေးညှိုနှိုင်ပြီးမှပြန်လည်လက်ခံရေးစတင်နိုင်လိမ်မယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတွေက ဆိုကြပါတယ်။
အဲဒီလိုပြန်လည်လက်ခံရေးစတင်နိုင်ဖို့အတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံအစိုးရအပါအဝင်နိုင်ငံတကာအသိုင်း အဝိုင်းလည်းအရေးပါသလို ကာယကံရှင်ရိုဟင်ဂျာအသိုင်းအဝိုင်းရဲ့ရပ်တည်ချက်တွေ၊ပူးပေါင်းပါဝင်မှုတွေလည်းအရေးကြီးပြီး ရိုဟင်ဂျာအမည်ခံလက် နက်ကိုင်အကြမ်းဖက်သမားတွေကို ရိုဟင်ဂျာလူထုက လက်မခံကြောင်းနဲ့ရိုဟင်ဂျာလူထုကိုကိုယ်စားမပြုကြောင်း ရိုဟင်ဂျာအသိုင်းအဝိုင်းက တရားဝင်ထုတ်ပြန်ချက်တွေ၊တရားဝင်ပြောဆိုချက်တွေပြု လုပ်ပြီး သဘောထားအမှန်ကို ကမ္ဘာကသိအောင်ပြုလုပ်သင့်တယ်လို့လည်း ဆိုကြပါတယ်။
”ရိုဟင်ဂျာတွေကိုပြန်လည်လက်ခံဖို့ကရခိုင်ပြည်သူ လူထုရဲ့သဘောထားကလည်းအရေးကြီးပါတယ်။ULA/AA ကလည်းယုံကြည်လက်ခံဖို့လိုပါတယ်။မောင်တော၊ဘူးသီးတောင်မှာရိုဟင်ဂျာအမည်ခံပြီးအကြမ်းဖက်မှုတွေကျူးလွန်နေကြတာကိုရိုဟင်ဂျာလူထုကလည်းတရားဝင်ဆန့်ကျင်ကြရပါမယ်။အ တူတူနေ့မယ့်အသိုင်းအဝိုင်းကြားမှာယုံကြည်မှုအပြည့်အဝရှိနေမှပြန်လည်လက်ခံရေးအဆင်ပြေပါမယ် ။”လို့ ရခိုင်အရေးစောင့်ကြည့်လေ့ လာနေသူနောက်တဦးက Border News Agency သို့ပြောပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရက္ခပြည်သူ့အစိုးရဟာ ပြီးခဲ့တဲ့မတ်လက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊မြို့တော်ဒါကာမှာ နှစ်ဘက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ရိုဟင်ဂျာပြန်လည်လက်ခံရေးအတွက် တောင်းဆိုချက်တွေ၊ကတိ ကဝတ်တွေ တောင်းဆိုပြုလုပ်ခဲ့တာမို့ အာရက္ခပြည်သူ့အစိုးရဘက်က တော်လှန်ရေးကာလမို့ ကတိပေးမဆုံးဖြတ်နိုင်သေးတာမို့တွေ့ဆုံဆွေးနွေးပွဲမှာနှစ်ဘက်သဘောတူဆုံးဖြတ်ချက်တစုံတရာမရရှိခဲ့ဘူးလို့ Border News Agency က စုံစမ်းသိရှိရပါတယ်။
မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်မြို့နယ်တွေမှ မွတ်ဆလင်တွေကို ၂၀၁၇ ခုနှစ်က မြန်မာ့တပ်မတော်နယ် မြေရှင်းလင်းရေးစစ်ဆင်ရေးပြုလုပ်ပြီး ဖမ်းဆီးသတ်ဖြတ်မှုတွေပြုလုပ်ခဲ့ကြတာမို့ မွတ်ဆလင်ခြောက်သိန်းကျော် တဘက်ဘင်္ဂလားဒေ့ရှ်နိုင် ငံသို့ ထွက်ပြေးခဲ့ကြရပါတယ်။
အဲဒီနယ်မြေရှင်းလင်းရေးစစ်ဆင်ရေးဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်ဆိုပြီးမြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံးမှာ အမှုဖွင့်တရားစွဲဆိုထားတာမို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက် ထက်ကတည်းက တရားရင်ဆိုင်နေကြရပါတယ်။
အဲဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(N LD)အစိုးရလက်ထက်ကတည်းက ရိုဟင်ဂျာပြန်လည်လက်ခံရေးအတွက်အစီအစဥ်တွေရေးဆွဲပြုလုပ်ခဲ့ကြပေမယ့်စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ထက်ထိ ရိုဟင်ဂျာပြန်လည်လက်ခံရေးမစတင်နိုင်ကြသေးပါဘူး။
”၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၅ ရက်နေ့မှ ၂၀၁၈ခုနှစ်၊မတ်လအထိမောင်တောဒေသမှာ ရိုဟင်ဂျာကျေးရွားပေါင်း ၃၆၂ ရွာ မီးရှုံ့ခံခဲရကာ လူပေါင်း ၆၈၀၀၀၀ ကျော် အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရတယ်။” လို့ လူ့အခွင့်အရေးစောင့်ကြ ည့်ရေးအဖွဲ့(Human Right Watch- HRW)က ၂၀၁၈ ခုနှစ်၊မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခ သည်စခန်းတွေမှာ စားဝတ်နေရေး၊ပညာရေး၊ကျန်း မာရေး၊သဘာဝဘေးစတဲ့အခက်အခဲဒုက္ခပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့ခံစားနေကြရလို လူကုန်ကူးဂိုဏ်တွေ၊လက်နက် ကိုင်အကြမ်းဖက်သမားတွေရဲ့ဖမ်းဆီးသတ်ဖြတ်မှုတွေကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအထဲက ရိုဟင်ဂျာတချို့ဟာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့အာရက္ခပြည်သူ့အစိုးရက ရခိုင်တပြည်လုံးကို ထိန်းချုပ်လိုက်ပြီးနောက် ပြန်လည်လက်ခံရေးပြုလုပ်ရင် အိမ်ပြန်ရတော့မယ်လို့မျှော်လင့်နေကြသလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့အာရက္ခပြည်သူ့အစိုးရကို အားပေးထောက်ခံယုံကြည်မျှော်လင့်တယ်လို့ ဆိုကြပါတယ်။
(ဓာတ်ပုံ-မြန်မာစစ်တပ်ဖမ်းဆီးသတ်ဖြတ်နေတဲ့မွတ်ဆလင်တချို့ကို ၂၀၁၇ ခုနှစ်၊သြဂုတ်လက မောင်တောမြို့နယ်မှာတွေ့ရပုံ/BNA)