”ပြည်သူတွေ အားလုံးရှေ့မှာ အာရက္ခတပ်တော်က အမိန့်ချပေးပါ”

By

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်း ချုပ်ထားထားတဲ့ မောင်တောမြို့နယ်၊ လေးမိုင်၊ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ရင်းရှေ့နားမှာ စက်တင်ဘာလ ၂၈ ရ က်နေ့က ကလေးငယ်တဦးပျောက်ဆုံးသွားခဲ့ပါတယ်။

အဲဒီမောင်တောမြို့နယ်၊လေးမိုင်နေအ သက်ငါးဆယ်နှစ်အရွယ်ဦးအောင်စိုးလွင်နဲ့အသက်သုံးဆယ်ခုနှစ်နှစ်အရွယ် ဒေါ်စန္ဒာဝင်းရဲ့သားအသက်ဆယ်နှစ်အ ရွယ်သုံးတန်းကျောင်းသားမောင်ဘုန်းမြတ်အောင်ကို စက်တင်ဘာလ ၂၉ ရက်၊ နေ့လည် ၁ နာရီ ၂၂ မိနစ်အချိန်မှာ အလောင်းကိုသာပြန်တွေ့ခဲ့ပါတယ်။

အဲဒီအလောင်းဟာ သူတို့နေအိမ်နဲ့ငါးအိမ်ခန့်အကွာရှိ မွတ်ဆလင်တဦးနေ အိမ်ထဲမှာ အသတ်ခံထားရတဲ့ဒဏ်ရာတွေနဲ့ဘောင်းဘီမပါဘဲတွေ့ရှိရတာလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

အဲဒီလိုကျူးလွန်သူကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စုံစမ်းဖော်ထု တ်အရေးယူပေးကြဖို့ မိဘအပါအဝင် မိသားစုဝင်တွေ၊ကျေးရွာသားတွေ၊မော င်တောဒေသခံတွေ၊အာရက္ခပြည်သူတွေ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီကလေးငယ်ကို သတ်ဖြတ်ခဲ့သူဟာအာရက္ခတပ်တော်ရဲ့တပ်ဖွဲ့ဝင်မိုင်းဆရာတဦးဖြစ်တယ်လို့ မိသားစုဝင်တွေကဓာတ်ပုံ၊မိဘနာမေ၊ မိဘနေရပ်လိပ်စာတွေနဲ့အတူ Border News Agency ကိုပေးပို့ထားပါတယ်။

အဲဒါကြောင့် လူသတ်မှုကျူးလွန်ထားသူကို အာရက္ခပြည်သူ့တော်လှန်ရေးအ စိုးရက အများပြည်သူတွေရှေ့မှာအ ရေးယူပေးဖို့ မိသားစုဝင်တွေက တော င်းဆိုနေကြပါတယ်။

အဲဒီလိုသတ်ဖြစ်ခံခဲ့ရတာတွေအပါအဝင် အမှု၊ ဒေသ၊ မြေပြင်အခြေအနေတွေကို မိခင်ဖြစ်သူကို Border News Agency က တွေ့ဆုံမေးမြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here