မောင်တောမှာစစ်ကောင်စီတပ်လေ ကြောင်းတိုက် ခိုက်လို့ ငါးဆယ်ကျော်သေဆုံး(ရုပ်သံ)
Border News Agency
မောင်တော၊စက်တင်ဘာ ၁၀။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ထိ န်းချုပ်ထားတဲ့မောင်တောမြို့နယ်၊လေးမိုင်ရှိ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ကို စက်တင်ဘာလ ၉ ရက်
နေ့၊ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန်ခန့်မှာစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ငါးဆယ်ကျော်သေဆုံးသွားခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီသေဆုံးသူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ၊စစ်သင်တန်းဆင်းမွတ်ဆလင်တွေအပါအဝင်
တခြားဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီမောင်တောမြို့နယ်၊လေးမိုင်ရှိ အမှတ် ၂ နယ် ခြားစောင့်ရဲတပ်ကို ဇူလိုင် လ ၆ ရက်နေ့မှာ အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။