မောင်တောမှာစစ်ကောင်စီတပ် လေကြောင်းတိုက် ခိုက်လို့ ဒဏ်ရာရသွားသူတွေကို ဆေးကုသပေး(ရုပ်သံ)

By

မောင်တောမှာစစ်ကောင်စီတပ် လေကြောင်းတိုက် ခိုက်လို့ ဒဏ်ရာရသွားသူတွေကို ဆေးကုသပေး(ရုပ်သံ)

သတိပေးချက်။  ။ ဤ Video တွင် ကြမ်းတမ်းသော ပုံရိပ်များပါဝင်သည်။ ၁၈နှစ်အောက် မကြည့်ရှုသင့်။

Border News Agency
မောင်တော၊စက်တင်ဘာ ၁၁။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ထိ န်းချုပ်ထားတဲ့မောင်တောမြို့နယ်၊လေးမိုင်ရှိ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ကို စက်တင်ဘာလ ၉ ရက်
နေ့၊ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန်ခန့်မှာစစ်ကောင်စီတပ်က လေကြောင်းတိုက် ခိုက်လို့ ငါးဆယ်ကျော်သေဆုံးသွားခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြပါတ ယ်။
အဲဒီသူတွေကို အာရက္ခတပ်တော်က ဆေးကုသပေးနေတဲ့ရုပ်သံကို စက်တင်ဘာလ ၁၁ ရက်၊ဒီနေ့ထုတ်ပြန်လာပါတယ်။
အဲဒီသေဆုံးသူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ၊စစ်သင်တန်းဆင်းမွတ်ဆလင်တွေအပါအဝင်တခြားဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီမောင်တောမြို့နယ်၊လေးမိုင်ရှိ အမှတ် ၂ နယ် ခြားစောင့်ရဲတပ်ကို ဇူလိုင် လ ၆ ရက်နေ့မှာ အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here