ဘန်ကောက်၊ ဧပြီ ၅ ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာရှစ်သိန်းထဲက တစ်သိန်းရှစ်သောင်းကို မြန်မာကပြန်လည်လက်ခံရေးအတွက် အတည်ပြုထားပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအကြောင်းကြားထားပါတယ်။
အဲဒီစာရင်းဟာ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ကာလတွေမှာ မြန်မာနိုင်ငံကို အကြောင်းကြားစီစစ်စေခဲ့တာဖြစ်ပါတယ်။
နောက်ထပ်ခုနှစ်သောင်းအတွက် နောက်ဆုံးအတည်ပြုချက်ကို စစ်ဆေးမှုတွေပြုလုပ်ပြီးမှသာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အဲဒီအချက်တွေကို ထိုင်းနိုင်ငံ၊ဘန် ကောက်မြို့မှာ ကျင်းပနေတဲ့ ၆ ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော်စီးပွား ရေးနဲ့နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်း (ဘင်းမ်စတက်)ထိပ်သီးအစည်းအ ဝေးမှာ နှစ်နိုင်ငံတာဝန်ရှိသူတွေထုတ် ဖော်ပြောကြတာဖြစ်ပါတယ်။
အဲဒီအတည်ပြုချက်ဟာ ရိုဟင်ဂျာပြ ဿကိုဖြေရှင်းဖို့ အဓိကခြေလှမ်းလို့ဆိုကြပါတယ်။
နောက်ထပ်ကျန်ရှိနေသေးတဲ့ငါးသိန်းငါးသောင်းကိုလည်းမြန်မာနိုင်ငံဘက်မှအမြန်ဆုံးစီစစ်အတည်ပြုသွားမယ်လို့ဆိုပါတယ်။
မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်၊ သြrဂုတ်လ ၂၅ ရက်နေ့မှ ၂၀၁၈ခုနှစ်၊ မတ် လထိ ရိုဟင်ဂျာကျေးရွားပေါင်း ၃၆၂ ရွာမီးရှုံ့ခံခဲရပြီး လူပေါင်း ၆၈၀၀၀၀ ကျော်အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရကြောင့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Right Watch – HRW) က ၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာမှာတရားစွဲဆိုထားပြီး ဖမ်းဆီးအရေးယူပေးကြဖို့ တောင်းဆိုနေကြပါတယ်။
အဲဒီမောင်တောဒေသအပါအဝင် အာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။