မြန်မာနှစ်ဆန်းတရက်၊ ဧပြီလ၁၇ ရက်၊ ဒီနေ့မှာနိုင်ငံတဝှမ်းလုံးရှိအကျဉ်းထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၄၈ ၉၃ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်တာမို့ စစ်တွေထောင်ကလည်း အကျဥ်းသားတချို့လွတ်လာကြပါတယ်။
ဒါပေမယ့်နိုင်ငံရေးအကျဥ်းသားတွေမပါလာကြသလို စစ်တွေမြို့နယ်ကမတ ရားဖမ်းဆီးထောင်ချခံထားရသူတွေလ ည်းမပါလာဘူးလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။
“စစ်တွေကမတရားအဖမ်းခံထားရသူတွေမပါပါဘူး။ဗျိုင်းဖြူရွာကလူတွေလည်းမပါလာပါဘူး။စစ်တပ်ကသူတို့လွတ်ချင်သူတွေကိုလွတ်လိုက်တာပါ။” လို့ စစ်တွေမြို့၊ဗျိုင်းဖြူရွာမှလင်ယောကျ်ားဖမ်းဆီးထောင်ချခံထားရသူအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့၊ ဗျိုင်းဖြူရွာမှအရပ်သားပြည်သူရာနဲ့ချီပြီး မတရားဖမ်းဆီးထောင်ချထားသ လို စစ်တွေမြို့နယ်မှအရပ်သားပြည်သူတထောင်နီးပါးထိမတရားဖမ်းဆီးထောင်ချခံထားကြရတယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။
မြန်မာသစ်နှစ်ကူးနေ့အတွက် အာဏာ သိမ်းစစ်တပ်ရဲ့လွတ်ငြိမ်းသက်သာခွင့်တွေထဲမှာ နိုင်ငံခြားသားအကျဉ်းသား၊အကျဉ်းသူတဆယ့်သုံးဦးလည်း ပါဝင်ပါတယ်။
အဲဒီသူတွေကို နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်ဖို့ ခုလိုလွှတ်ပေးတာဖြစ်ပြီး နောက်တကြိမ် ပြစ်မှုကျူးလွန်ခဲ့ရင် ကျန်ရှိနေတဲ့ပြစ်မှုတွေအတွက်လည်းတပါတည်းထပ်မံကျခံရမယ်လို့လည်း ဆိုပါတယ်။
နောက်ပြီးကျန်အကျဥ်သားတချို့ကို ပြစ်ဒဏ်ရဲ့ခြောက်ပုံတပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလုပ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျောက်ဖြူအကျဥ်ထောင်က အကျဥ်းသူ၊ အကျဥ်းသားဘယ်လောက်လွတ်မြောက်လာတယ်ဆိုတာမသိရသေးပေမယ့် အာရက္ခတပ်တော်(AA)နဲဆက်စပ်တယ်ဆိုပြီး မတရားဖမ်းဆီးထောင်ချခံထားရသူတွေမပါဝင်ဘူးလို့ဆိုကြပါတယ်။
ဘူးသီးတောင်နဲ့သံတွဲက အကျဥ်းထော င်တွေကိုတော့ အာရက္ခအဆုံးအဖြတ်စ စ်ပွဲမှာ အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။