ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုးကျိုးကို အာရက္ခဒေသခံနိုင်ရည်ရှိစေဖို့အာရက္ခဒေသတခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီး စီမံအုပ်ချုပ်မယ့် အာရက္ခတပ်တော်(AA) မှာကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ကြိုတင်ကာကွယ်မယ့်အစီအမံတွေရေးဆွဲရှိနေမှ အာရက္ခဒေသခံနိုင်ရည်ရှိမယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေက သုံးသပ်ပြောဆိုကြပါတယ်။