အရပ်သားပြည်သူတွေကို မြို့တွင်းထဲ အတင်းအဓမ္မသွင်းပြီး ပိတ်လှောင်ထားတဲ့ စစ်ကောင်စီထိန်းချုပ်ရာ စစ်တွေမြို့မှာ လူဦးရေသောင်းချီရှိနေပါသေးတယ်။
အဲဒီစစ်တွေမြို့ကပြည်သူတွေဟာ ကုန်စျေးနှုန်းကြီးမြင့်တာ၊အလုပ်မကိုင်မရှိတာ၊အကူအညီမရတော့တာမို့ အငတ် ဘေးနဲ့ ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ ဒေသကွက်ကဲမှုစစ် ဌာနချုပ်(ဒစက)အထိုင်ချထားပြီး အ စိုးရအဖွဲ့ဝင်တွေနေထိုင်တဲ့ စစ်တွေမြို့ကို အဝင်အထွက်ပိတ်ထားပါတယ်။
စစ်တွေကနေ ရန်ကုန်သို့ လေယာဉ်နဲ့သွားလာနိုင်တဲ့ လမ်းကြောင်းသာ ဖွင့်ထားပြီးကုန်းလမ်း၊ရေလမ်းအားလုံးကို တင်းကြပ်ပိတ်ပင်ထားခဲ့တာဖြစ်ပါတ ယ်။
အဲဒီစစ်တွေမြို့မှာစစ်ဘေးရှောင်တွေအပါအဝင်အရပ်သားပြည်သူတွေဟာ အငတ်ဘေးနဲ့ရင်ဆိုင်နေကြရတယ်လို့ဆိုကြပါတယ်။
အဲဒီအကြောင်းတွေအပါအဝင် စစ်တွေမြို့အခြေအနေကို စစ်ဘေးရှောင်အ မျိုးသမီးတွေက Border News Agency ကို ပြောပြထားပါတယ်။
စစ်တွေမြို့မှာ ဘယ်လိုအခြေအနေတွေရှိနေပါသလဲ။ ဘာတွေဖြစ်ပျက်နေပါသ လဲ။စစ်ဘေးရှောင်အမျိုးသမီးက သူမတို့တွေ့မြင်ခံစားနေကြရတာတွေကို ပြောပြထားပါတယ်။