အင်တာဗျူး
Border News Agency
မဲဆောက်၊ မေ ၁၁။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတ ပ်တော်(ULA/AA) ရဲ့ဗီတာ ၁ စစ်ဒေသ၊ နိုင်ငံရေးမှူးဖြစ်သူဦးဦးလှစောဟာ လည်ချောင်းကင်ဆာနဲ့ ပြီးခဲ့တဲ့မေလ ၅ ရ က်နေ့ည ၁၁ နာရီ ၂၀ မိနစ်အချိန် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီအာရက္ခနိုင်ငံရေးသမားကြီးဦးဦးလှစောကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ဝမ်းနည်းကြောင့်သဝဏ်လွှာတွေလည်းပို့ပေးခဲ့ကြပါတယ်။
သူဟာ ရခိုင်အမျိုးသားပါတီ(ANP) ရဲ့ မြောက်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သလိုစစ်အာဏာသိမ်းပြီးနောက်ရက္ခိုင်အ မျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)ရဲ့နိုင်ငံရေးမှူးတာဝန်ကို ထ မ်းဆောင်နေတာဖြစ်ပါတယ်။
သူဟာ အာရက္ခနိုင်ငံရေးမှူးတာဝန်ကို ထမ်းဆောင်နေချိန် အသက် ၇၂ နှစ်အရွယ်မှာကွယ်လွန်သွားတာဖြစ်ပြီး က ဗျာဆရာ၊စာရေးဆရာလည်းဖြစ်သလိုမောင်ခိုင်အောင်ကလောင်အမည်ဟာ လူသိများထင်ရှားပါတယ်။
သူဟာ တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုတွေမှာဦးဆောင်ပါဝင်ခဲ့တာမို့ ဖမ်းဆီးထောင်ချခံခဲ့ရပြီး ဒီမိုကရေစီရွေးကောက်ခံအစိုးရသက်တမ်းတွေမှာအတိုက်အခံကိုယ်စားလှယ်အဖြစ်ထင်ရှားခဲ့သူလည်းဖြစ်ပါတယ်။
အာရက္ခနိုင်ငံရေးသမားကြီးဦးဦးလှ စောအောက်မေ့ဖွယ်အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မေလ ၁၁ ရက်၊ ဒီနေ့ကျင်းပခဲ့ကြပါတယ်။
အဲဒီအောက်မေ့ဖွယ်အခမ်းအနားပြု လုပ်ရတဲ့ရည်ရွယ်ချက်အပါအဝင် အာရက္ခနိုင်ငံရေးသမားကြီးဦးဦးလှစောအပေါ်ပမြင်သဘောထားတွေကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အထွေထွေ အတွင်းရေးမှူးဖြစ်သူဦးမျိုးကျော်က ပြောပြထားပါတယ်။