အင်တာဗျူး
Border News Agency
ကော့ဘဇား၊ဇွန် ၄။
“ကျွန်မနာမည် ဟာလာဘနိုဖြစ်ပါတယ်။ ကျွန်မက ကမာလ်မဇီဘလောက်မှာ နေထိုင်ပါတယ်။ ကျွန်မ နေမကောင်းဖြစ်နေလို့ပါ။ ကျွန်မဆီမှာ မြေးတယောက်ရှိပါတယ်။ သူ့မှာ အဖေလည်းမရှိ၊ အမေလည်းမရှိပါဘူး။ ကျွန်မက သူ့ကိုပြုစုစောင့်ရှောက်နေရပါတယ်။
ဘယ်မှာငါးရှိသလဲ၊ ဘယ်မှာဆန်ရှိသလဲ။ ဆန်တမျိုးတည်းစားလို့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်မ ဆေးလည်းလုံးဝမသောက်နိုင်တော့ပါဘူး။ ကျွန်မမှာ ရောဂါလေးမျိုးရှိနေတယ်။ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါနဲ့ ပန်းနာရင်ကြပ်ဖြစ်နေတယ်။ ဆိုလိုတာက ကျွန်မ ဘယ်ကိုမှလှုပ်လှုပ်ရှားရှားသွားလာနိုင်တဲ့ အခြေအနေမဟုတ်ဘူး။ ကျွန်မက မြေးဖြစ်သူကို ဆရာမနဲ့ စာသင်နေရတယ်။
ငါးလည်း သူမစားနိုင်ဘူး။ သင်တို့က ပဲနဲ့ဆန်ပဲ ပေးနေကြတယ်။ ကျွန်မတို့က အဘွားအိုတွေပါ။ ဒီလိုနဲ့ ကောင်းကောင်းမွန်မွန် အသက်ရှင်သန်ဖို့ မဖြစ်နိုင်တော့ဘူး။ ကျွန်မမှာဝင်ငွေရလမ်းလည်းမရှိ။ ကျွန်မတို့ကို ကူညီဖို့ယုံကြည်စိတ်ချရတဲ့ ယောက်ျားလေးတယောက်မှမရှိ။ ဈေးဝယ်ဖို့သွားမယ့်သူလည်းမရှိ။ ကျွန်မကိုယ်တိုင် ဈေးသွားဝယ်ပြီးမှ ကျွန်မတို့ စားနိုင်တယ်။
အိမ်မိုးပေါ်က ကြိုးတွေချည်ဖို့တောင် ဘယ်သူမှမရှိဘူး။ ကျွန်မတို့ အဘွားနဲ့မြေး ဒီအတိုင်း ဘယ်လိုနေကြမလဲ။ ကျွန်မ အရမ်းနေမကောင်းဖြစ်နေပြီး ဘယ်ကိုမှ သွားလာနိုင်တဲ့အခြေအနေမဟုတ်ဘူး။ ကျွန်မတို့အတွက် ကမ္ဘာပေါ်မှာ ဘယ်သူမှမရှိတော့ဘူး။ကျွန်မနဲ့ မြေးလေးပဲ ကျန်ရစ်ခဲ့တာ။ ကျွန်မ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။”