မောင်တောခရိုင်ကို နယ်မြေရှင်းလင်း
ရေးပြုလုပ်ပေးဖို့ အာရက္ခပြည်သူတွေ
တောင်းဆို
မောင်တော၊သြဂုတ် ၁။
မောင်တောခရိုင်ရှိ တော၊တောင်တွေ၊လူနေရပ်ကွက်တွေ၊ဗလီတွေ၊အရပ် သားလူထုတွေကြားမှာ ပုံစံအမျိုးမျိုးနဲ့
ဝင်ရောက်လှုပ်ရှားနေကြတဲ့အကြမ်းဖ က်သမားတွေ၊လက်နက်တွေကို ရှာဖွေ
ရှင်းလင်းရေးပြုလုပ်ပေးဖို့ အာရက္ခတပ်တော်(AA)ကို အာရက္ခပြည်သူတွေ
တောင်းဆိုနေကြပါတယ်။
အဲဒီမောင်တောခရိုင်မှာ စစ်ကောင်စီတ ပ်ကစစ်သင်တန်းပေးလက်နက်တပ်ဆ င်ပေးထားတဲ့အစ္စလာမ်မစ်အစွန်းရော က်တွေ၊ရိုဟင်ဂျာအမည်ခံအကြမ်းဖက်
သမားတွေအပါအဝင် အာရက္ခတပ်တော်(AA)နဲ့အာရက္ခပြည်သူတွေကို အ ကြမ်းဖက်တိုက်ခိုက်နေကြတဲ့လက်နက်
ကိုင်ထောင်နဲ့ချီရှိနေကြတယ်လို့ အာရက္ခပြည်သူတွေ ဆိုကြပါတယ်။
အဲဒီအစ္စလာမ်မစ်အစွန်းရောက်တွေ၊ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေဟာ ငါးရှာဟင်းခူးအရပ်သားပြည်သူတွေ၊ခရီးသွားပြည်သူတွေကို မကြာ
ခဏဖမ်းဆီးသတ်ဖြတ်နေကြတာမို့ အ ရပ်သားပြည်သူလူထုဘေးကင်းလုံခြုံ
စွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်
သမားတွေ၊လက်နက်တွေကို မဖြစ်မနေ
ရှာဖွေရှင်းလင်းရေးပြုလုပ်ပေးဖို့ အာရက္ခပြည်သူတွေ တောင်းဆိုနေကြပါတယ်။
”ဘူးသီးတောင်က အေအေမသိမ်းခင်ကတည်းက အရပ်သားတွေကိုဖမ်းဆီး
သတ်ဖြတ်နေကြတာပါ။သေနတ်တွေကိုလည်း ဗလီတွေ၊ရပ်ကွက်တွေ၊နေအိ မ်တွေ၊တောတောင်တွေထဲမှာ မြေမြုပ်
ဝှက်ထားကြပါတယ်။အခွင့်အရေးရရင်
ရသလိုအဲဒီလက်နက်တွေနဲ့အရပ်သား
တွေကိုသတ်ဖြတ်နေကြတာပါ။အေအေကသေနတ်တွေ၊အကြမ်းဖက်သ မားတွေကိုရှာဖွေရှင်းလင်းပေးစေချင်ပါတယ်။”လို့ မောင်တောမြို့နေအမျိုး သမီးတစ်ဦးက Border News Agency
သို့ပြောပါတယ်။
အဲဒီဘူးသီးတောင်မြို့ကို အာရက္ခတပ်
တော်(AA)က အပြီးသတ်တိုက်ခိုက်ပြီး
မသိမ်းပိုက်မီက ခရစ်ယာန်ဓမ္မဆရာတွေအပါအဝင်အရပ်သားပြည်သူအန ည်းဆုံး ၁၅ ဦးခန့်ကို အစ္စလာမ်မစ်အ စွန်းရောက်တွေ၊ရိုဟင်ဂျာအမည်ခံအ ကြမ်းဖက်သမားတွေက ဖမ်းဆီးသတ်
ဖြတ်ခဲ့ကြပြီး အများစုဟာ အလောင်း
တောင်ပြန်မရကြဘူးလို့ ဘူးသီးတောင်
မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်(AA)က အပြီးသတ်တိုက်
ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက်
ပြီးခဲ့တဲ့ဇူလိုင်လ ၁၈ ရက်နေ့က ဘူးသီးတောင်မြို့နေ ခမီလူမျိုးခုနှစ်ဦးကို ရိုဟ င်ဂျာအမည်ခံ အာဆာအကြမ်းဖက်အဖွဲ့
က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတယ်လို့အာ ရက္ခတပ်တော် ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင်မောင်တောမြို့နယ်မှာလ ည်း ဇူလိုင်လအတွင်းအရပ်သားပြည်သူအနည်းဆုံး ၁၅ ဦးခန့်ကို အစ္စလာမ်မစ်အစွန်းရောက်တွေ၊ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားလက်နက်ကိုင်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီလိုအစ္စလာမ်မစ်အစွန်းရောက်တွေ၊ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားလက်နက်ကိုင်တွေက အရပ်သာပြည်သူတွေရဲ့ဘေးကင်းလုံခြုံရေးကို လက်
နက်ကိုင်ခြိမ်းခြောက်နေတာမို့ အာရက္ခ
တပ်တော်(AA)က မဖြစ်မနေနယ်မြေရှ င်းလင်းဖို့လိုအပ်နေပြီလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
”မောင်တောခရိုင်မှာကအရင်ကတည်း က လက်နက်ကိုင်အကြမ်းဖက်သမားတွေရှိနေကြပါတယ်။စစ်တပ်ကစစ်သ င်ပေး၊လက်နက်တွေပေးလိုက်တဲ့နော က်ပိုင်းပိုဆိုးလာပါတယ်။အေအေကထိထိရောက်ရောက်နေရာအားလုံးကို နယ်
မြေရှင်းလင်းရေးလုပ်ပေးရပါမယ်။မဟုတ်ရင်တော့ အရပ်သားပြည်သူတွေ မကြာခဏသတ်ဖြတ်ခံနေရမှာပါပဲ။”လို့ မောင်တောမြို့မှရပ်မိရပ်ဖတစ်
ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီမောင်တောမြို့နယ်၊မင်းကြီးကျေး
ရွာသားနှစ်ဦးနဲ့တရိန်းကျေးရွာသားတစ်
ဦးတို့ကို ဇူလိုင်လ ၂၀ ရက်နေ့က တရိန်းကျေးရွာအနီးမှာ ရိုဟင်ဂျာအမည်ခံ
အာဆာအကြမ်းဖက်အဖွဲ့က ပစ်ခတ်သ
တ်ဖြတ်သွားခဲ့ကြတယ်လို့ မိသားစုဝင်
တွေက ဆိုကြပါတယ်။
အဲဒီအပြင် မောင်တောမြို့နယ်၊ပြားသားကျေးရွာသားနှစ်ဦးကိုလည်း ဇူလို င်လ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က
ရိုဟင်ဂျာအမည်ခံအာဆာအကြမ်းဖက်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်အလောင်း
ဖျောက်လိုက်ကြတယ်လို့ မောင်တော
ဒေသခံတွေက ဆိုကြပါတယ်။
နောက်ပြီးမောင်တောမြို့နယ်၊ရွှေတော င်ကျေးရွာအနီးမှာလည်း ဇူလိုင်လ ၃၁
ရက်နေ့က ခရီးသွားပြည်သူခုနှစ်ဦးကို
ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမား
လက်နက်ကိုင်တွေက သေနတ်နဲ့ပစ်ခ တ်သွားလို့ အမျိုးသမီးတစ်ဦးအပါအဝ င်ငါးဦးသေဆုံးပြီးနှစ်ဦးမှာပြင်းထန်ဒ ဏ်ရာတွေရရှိသွားခဲ့ကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောခရိုင်မှာ စစ်ကောင်စီတ ပ်ကစစ်သင်တန်းပေးလက်နက်တပ်ဆ င်ပေးထားတဲ့အစ္စလာမ်မစ်အစွန်းရော က်တွေ၊ရိုဟင်ဂျာအမည်ခံအကြမ်းဖက်
သမားတွေ၊အာအက်စ်အို၊အာဆာ၊အေအာအေအပါအဝင် အကြမ်းဖက်လက်
နက်ကိုင်ထောင်နဲ့ချီရှိနေတာမို့ အာရက္ခ
တပ်တော်(AA)က အင်းအားအများအ ပြားနဲ့သတိထားနယ်မြေရှင်းလင်းပေး
သင့်တယ်လို့ အာရက္ခပြည်သူတွေက
ဆိုကြပါတယ်။
(ဓာတ်ပုံ-စစ်ကောင်စီတပ်စစ်သင်တန်း
ပေးလက်နက်တပ်ဆင်ပေးထားတဲ့မွတ်
ဆလင်လက်နက်ကိုင်တွေ/ လူမှုကွန်ရက်)