မောင်တောမြို့ပေါ်မှရခိုင်လူမျိုးသုံးဦးကို မွတ်ဆလ င်လက်နက်ကိုင်တွေ ဖမ်းဆီးသွား
မောင်တော၊သြဂုတ် ၄။
မောင်တောမြို့ပေါ်မှာပိတ်မိကျန်နေကြတဲ့ ရခိုင်လူ မျိုးသုံးဦးကို သြဂုတ်လ ၃ ရက်နေ့၊နေ့လည် ၁၁ နာရီအချိန်ခန့်က မွတ်ဆလင်လက်နက်ကိုင်တွေ ဒါတ်ရွာ
ရှိနေအိမ်သို့အတင်းဝင်ရောက်ဖမ်းဆီးသွားကြတယ်လို့ မောင်တောမြို့ခံတွေက အတည်ပြုပြောကြပါတယ်။
အဲဒီသုံးဦးမှာ မောင်တောမြို့၊ဗိုလ်မှူးရွာမှတစ်ဦး၊စံ ပြရွာမှနှစ်ဦးဖြစ်ကြပြီး သူတို့သုံးဦးစလုံးဟာ သူတို့ရပ်ကွက်တွေမှာနေရတာစိတ်မချတာမို့ ဒါက်ရွာသို့
တိမ်ရှောင်နေထိုင်နေချိန်မှာအဖမ်းခံကြရတာဖြစ်ပါတယ်။
အဲဒီအထဲမှာ စံပြရွာမှအသက် ၁၇ နှစ်အရွယ်ချိုင်သီးချေ၊အသက် ၃၀ အရွယ်သန်းဝင်းစိုးနဲ့ဗိုလ်မှူးရွာမှလူရွယ်တစ်ဦးတို့ဖြစ်တယ်လို့ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်မှာ ရိုဟင်ဂျာအမည်ခံမွတ်ဆ လင်လက်နက်ကိုင်အကြ မ်းဖက်သမားတွေဟာ ဟိ န္ဒူ၊ရခိုင်လူ မျိုးရပ်ကွက်တွေထဲသို့နေ့စဥ်ရက်ဆက်
ဝင်ရောက်ပြီး နေအိမ်တွေကိုအတင်းဖြိုဖျက်ကာ တွေ့တဲ့လူကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြတာလို့ ပိတ်မိကျန်နေသူတွေက ဆိုကြပါတယ်။
”ကုလားလက်နက်ကိုင်တွေရပ်ကွက်ထဲကိုနေ့တိုင်းဝင်ပါတယ်။တွေ့ရင်အတင်းဖမ်းခေါ်သွားပါတယ်။နေ့တိုင်းပြေးနေကြရပါတယ်။ညဖက်တွေဆိုရင်လ ည်းညတိုင်းမအိပ်ကြရပါဘူး။ထွက်ပြေးဖို့လည်းထွ က်ပေါက်အားလုံးကို သူတို့ကပိတ်ထားကြပါတယ်။နောက်ပြီးမိုင်းတွေထောင်းထားလို့လည်းကြောက်နေကြပါတယ်။”လို့ မောင်တောမြို့ပေါ်မှာပိတ်မိကျန်နေသူတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီမောင်တောမြို့ပေါ်မှာပိတ်မိကျန်နေခဲ့ကြတဲ့ဟိ န္ဒူတွေ၊ရခိုင်လူမျိုးတွေကို ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်သမားတွေ နေ့စဥ်
ရက်ဆက်ဖမ်းဆီးသတ်ဖြတ်အလောင်းဖျောက်တာတွေပြုလုပ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် ဟိန္ဒူအမျိုးသမီးတွေကိုလည်းအတင်း အဓမ္မပြုကျင့်ပြီးသတ်ဖြတ်တာတွေပြုလုပ်နေကြသလိုု ရခိုင်အမျိုးသမီးတွေကိုလည်း လိင်ပိုင်းဆိုင် ရာထိပါးစော်ကားတာတွေပြုလုပ်နေကြတယ်လို့ ကာယကံရှင်တွေက အတည်ပြုပြောကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်အ ကြမ်းဖက်သမားတွေကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတဲ့ရခိုင်လူမျိုးနှစ်ရာနီးပါးထိရှိနေပြီးအဲ ဒီအထဲကငါးဆယ်ခန့်ကို သတ်ဖြတ်အလောင်းဖျော က်လိုက်ကြပြီလို့ ဆိုကြပါတယ်။
”ရပ်ကွက်တိုင်းကိုနေ့တိုင်းဝင်ပါတယ်။တွေ့တဲ့လူတို င်းကိုဖမ်းပါတယ်။နှစ်ပတ်အတွင်းမှာဖမ်းသွားတာငါးဆယ်ကျော်ပါပြီ။ကျနော့်သူငယ်ချင်းတွေ၊အသိတွေ၊ရပ်ကွက်ကလူတွေအများကြီးအဖမ်းခံလိုက်ရပါတယ်။တချို့ကိုတော့သတ်လိုက်ပြီလို့ကြားပါတ ယ်။ကလေးတွေကအစဖမ်းတာပါ။”လို့ မောင်တော
မြို့ပေါ်မှာ ပိတ်မိကျန်နေသူနောက်တစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်အ ကြမ်းဖက်သမားတွေအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားသူတွေကို မောင်တောမြို့ပေါ်ရှိအထက် တန်းကျောင်းနှစ်ကျောင်း၊ဗလီကြီးမှာထားပြီး သတ် ဖြတ်လိုက်သူတွေကိုတေဘာကားတွေနဲ့တင်ပြီးနတ်မြစ်အနီးမှာ အလောင်းဖျောက်လိုက်ကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် မောင်တောခရိုင်မီးသတ်တပ်ဖွဲ့ရုံးမှာလ ည်း ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်အ ကြမ်းဖက်သမားတွေ စခန်းချတပ်စွဲနေထိုင်နေကြသလို မြို့ပေါ်နေရာအနှံ့မှာ စခန်းချနေထိုင်တာတွေ၊ကင်းပုန်းဝပ်တာတွေပြုလုပ်နေကြပြီးလမ်းပေါ်တွေ့တဲ့ဟိန္ဒူ၊ရခိုင်လူမျိုးတိုင်းကို ပစ်သတ်တာတွေ၊ဖမ်း ဆီးခေါ်ဆောင်သွားတာတွေပြုလုပ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်မှာ ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်သမားငါးထောင်ခန့်ထိ စစ်ကောင်စီတပ်ဘက်မှပူးပေါင်းပါဝင်ကူညီတိုက်ပေးနေကြသလို မောင်တောမြို့နယ်ရှိအရပ် သားပြည်သူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေ၊ပစ်ခတ်သတ်ဖြတ်တာတွေကျူးလွန်နေကြတ ယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကို င်အကြမ်းဖက်သမားတွေဖမ်းဆီးသတ်ဖြတ်လိုက်ကြတဲ့မောင်တောမြို့ခံရခိုင်လူမျိုးတစ်ဦး/လူမှုကွန်
ရက်)