မောင်တောမြို့သိမ်းတိုက်ပွဲကို ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေ နှောက်ယှက်ဖျက်ဆီးနေ

By

မောင်တောမြို့သိမ်းတိုက်ပွဲကို ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေ နှောက်ယှက်ဖျက်ဆီးနေ

မောင်တော၊သြဂုတ် ၄။

မောင်တောမြို့သိမ်းတိုက်ပွဲကို ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေနှောက်ယှက်ဖျက်ဆီးနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံအကြမ်းဖက်သ မားတွေဟာ မောင်တောမြို့ပေါ်နေရာ
အားလုံးအပါအဝင်မြို့အနီးမှကျေးရွာ
တွေရှိဗလီတွေ၊စာသင်ကျောင်းတွေ၊ဆေးပေးခန်းတွေအပါအဝင် နေအိမ်တွေ၊တိုက်တွေကို အကာအကွယ်ယူပြီး
စစ်ကောင်စီတပ်နဲ့အတူ ပူးပေါင်းပါဝင်
တိုက်ပေးနေကြတယ်လို့ ဆိုကြပါတယ်။

အဲဲဒီအပြင် အာရက္ခတပ်တော်(AA)ရဲ့စ စ်ရေးလှုပ်ရှားမှုတွေကိုလည်း လူမှုကွန်
ရက်တွေမှာရေးသားဖော်ပြနေကြသလို
မြို့ပေါ်နေမွတ်ဆလင်လူငယ်တွေကို အ
တင်းအဓမ္မဖမ်းဆီးပြီး အတင်းအဓမ္မစ စ်မှုထမ်းခိုင်းနေကြတယ်လို့ ဆိုကြပါတယ်။

”ရွာတွေထဲမှာနေပြီး ခံတိုက်နေကြတာပါ။နောက်ပြီးရွာထဲကလူငယ်တွေကိုလ ည်းအတင်းဖမ်းခေါ်ပြီးစစ်တိုက်ခိုင်းနေကြပါတယ်။ခုတော့ရွာထဲမှာလက်န က်ကြီးတွေကျလို့ထွက်ပြေးနေကြရတ ယ်။မောင်တောမြို့ကို အာဆာတွေဖျက်
ဆီးနေကြတာပါ။”လို့ မောင်တောမြို့၊မြို့မကညင်တန်းနေ စျေးဆိုင်ပိုင်ရှင်
မွတ်ဆလင်တစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီမောင်တောမြို့၊မြို့မကညင်တန်းရှိ
ဗလီအားလုံးအပါအဝင် အမှတ် ၁ အ ခြေခံပညာအထက်တန်းကျောင်း၊မော င်တောခရိုင်မီးသတ်တပ်ဖွဲ့ရုံးနေရာတွေ
မှာ ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သ မားထောင်နဲ့ချီပြီး စခန်းချတပ်စွဲနေထို င်ကာ ခုခံတိုက်ခိုက်နေကြတာလို့ ဆိုကြပါတယ်။

အဲဒီအပြင်မောင်တောခရိုင်လူဝင်မှုကြီး
ကြပ်ရေးရုံးရှေ့ရှိ ရွှေအိုးတည်ခိုရိပ်သာ
အထပ်မြှင့်နေရာတွေမှာ စစ်ကောင်စီတ ပ်ရဲ့လက်ဖြောင့်သေနတ်သမား(စနိုက်ပါ)တွေနဲ့အတူ ရိုဟင်ဂျာအမည်ခံအကြ မ်းဖက်သမားတွေ ဝင်ရောက်တပ်စွဲစခ န်းချနေရာယူခုခံနေကြတယ်လို့ မွတ်ဆ
လင်တွေက ဆိုကြပါတယ်။

နောက်ပြီး မောင်နီရွာရှိ စာသင်ကျော င်း၊ဗလီတွေ၊တိုက်တွေမှာလည်း ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေ ဝ င်ရောက်တပ်စွဲစခန်းချနေရာယူခုခံတို က်ခိုက်နေကြသလို အမှတ် ၂ အခြေခံ
ပညာအထက်တန်းကျောင်း၊မြို့မဗလီ
ကြီး၊မြို့တော်ခန်းမ၊မြို့မအားကစားကွ င်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရိုဟင်ဂျာအမည်ခံအကြမ်းဖက် သမားတွေ ဝင်ရောက်တပ်စွဲစခန်းချနေ ရာယူခုခံနေကြတယ်လို့ မွတ်ဆလင် တွေက ဆိုကြပါတယ်။

”မြို့ပေါ်ကလူတွေ၊အေးဆေးနေသူတွေ
လည်းထွက်ပြေးဖို့မရအောင်ပိတ်ထားကြပါတယ်။ကျနော်တို့က တပ်တော်က
အမြန်သိမ်းပြီးအေးအေးဆေးဆေးနေ
ချင်တာပါ။ကျနော်တို့အဖိုးတွေလက် ထက်ကတည်းကရခိုင်တွေနဲ့အေးဆေး
နေပြီးဆိုင်ရောင်းစားနေတာပါ။ခုကစစ်
တပ်နဲ့ပေါင်းပြီးမွတ်ဆလင်လက်နက် ကိုင်တွေက မြို့ကိုဖျက်ဆီးနေကြတာပါ။”လို့ မောင်တောမြို့၊အမှတ် ၁ ရပ်ကွ က်နေ မွတ်ဆလင်စျေးဆိုင်ပိုင်ရှင်တစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီမောင်တောမြို့ပေါ်က စစ်တွေ၊ရန်ကုန်စတဲ့မြို့တွေဆီ စစ်ဘေးရှောင်သွား
ကြတဲ့မွတ်ဆလင်နေအိမ်တွေအပါအဝ င်အိမ်စောင့်မရှိတဲ့တိုက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေ ဝင်ရောက်တပ်စွဲစခန်းချနေရာယူခုခံတိုက်
ထိုင်နေကြတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင်မြို့အဝင်အထွက်နေရာအား
လုံးနဲ့မြို့ပေါ်နေရာအများအပြားမှာ မြေမြုပ်မိုင်းတွေထောင်ထားကြသလို
တံတားတွေကို မိုင်းခွဲဖျက်ဆီးတာတွေ
ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူရိုဟင်ဂျာအမည်ခံလက်နက်ကိုင်
အကြမ်းဖက်သမားတွေပြုလုပ်ခဲ့ကြတ ယ်လို့ ဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အ ကြမ်းဖက်သမားတွေ စစ်ကောင်စီတပ်
ကို ပူးပေါင်းပါဝင်ကူညီတိုက်ပေးနေကြ
တာမို့ မောင်တောမြို့သိမ်းတိုက်ပွဲရှည်
ကြာနေတာဖြစ်သလို အရပ်သားပြည်သူတွေလည်း နေ့စဉ်သေဆုံးဒဏ်ရာရ
နေကြရတယ်လို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အ ကြမ်းဖက်သမားတွေ စစ်ကောင်စီတပ်
ဘက်ကပူးပေါင်းပါဝင်ကူညီတိုက်ပေး
တာတွေမပြုလုပ်ခဲ့ရင် စစ်ကောင်စီတပ်
ဖွဲ့ဝင်တွေသေဆုံးဒဏ်ရာရသူတွေများ
ပြီး ဆုတ်ခွာထွက်ပြေးကြကာ အာရက္ခ
တပ်တော်(AA)က မောင်တောမြို့ကိုအ
ပြီးသတ်သိမ်းပြီးနေလောက်ပြီလို့ ဆို
ကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ မူးယစ်ဆေးဝါးလုပ်ငန်းတွေ၊လူကုန်ကူးတာ
တွေ၊တရားမဝင်ကုန်းကူးတာတွေမှာ
စစ်ကောင်စီတပ်နဲ့အကျိုးတူဆောင်ရွ က်ခဲ့ကြသူတွေမို့ စစ်ကောင်စီတပ်ဘက်က ပူးပေါင်းပါဝင်ကူညီတိုက်ပေးနေကြ
တာလို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ မောင်တောမြို့ကိုကာကွယ်နေကြသူတွေမဟု တ်သလို မောင်တောမြို့နယ်ရှိမွတ်ဆ လင်အရပ်သားတွေကို စောင့်ရှောက်ဖို့
သေနတ်ကိုင်တိုက်ခိုက်နေကြသူတွေမ ဟုတ်ကြဘဲ မောင်တောမြို့သိမ်းတိုက်
ပွဲကို လက်နက်ကိုင်ပြီးနှောက်ယှက်ဖျ က်ဆီးနေကြသူတွေကို မွတ်ဆလင်တွေက ဆိုကြပါတယ်။

အဲဒီမောင်တောမြို့မှာ အာဆာ(ARSA)၊
အာအက်စ်အို(RSO)၊အေအာအေ(ARA)
အပါအဝင် စစ်ကောင်စီတပ်ကစစ်သင်
တန်းပေးလက်နက်တပ်ဆင်ပေးထားတဲ့
ဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်း ဖက်သမားငါးထောင်ခန့်ထိရှိနေကြတ ယ်လို့ မွတ်ဆလင်တွေက ဆိုကြပါတ ယ်။

(ဓာတ်ပုံ-မောင်တောမြို့နယ်မှာလှုပ်ရှား
နေကြတဲ့အေအာအေ(ARA)/ပေးပို့)

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here