ဘူးသီးတောင်မြို့ပေါ်က ပြည်သူတွေအရေးပေါ် အ ကူအညီတွေ လိုအပ်နေ
ဘူးသီးတောင်၊သြဂုတ် ၅။
အာရက္ခတပ်တော်(AA)တိုက်ခိုက်သိမ်းပိုက်ထိန်းချု ပ်ထားတဲ့ ဘူးသီးတောင်မြို့ပေါ်မှာ နေထိုင်နေကြတဲ့ပြည်သူတွေ အရေးပေါ်အကူအညီတွေ လိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီဘူးသီးတောင်မြို့ပေါ်မှာ မွတ်ဆလ င်အများစုရှိနေပြီး အမှတ် ၅ ရပ်ကွက်နေမွတ်ဆလင်တွေဟာ စားနပ်ရိက္ခာတွေ၊ဆေးဝါးတွေ၊နေစရာတွေအကူအ ညီတွေလိုအပ်နေကြတာလို့ ဆိုကြပါတယ်။
”ခုက ဆန်လုံးဝမရှိတော့ပါဘူး။ဒီအတိုင်းဆိုရင်ငတ်ပြီးသေသွားနိုင်ပါတယ်။နောက်ပြီးဆေးတွေလုံးဝမရှိပါဘူး။နေရာကလည်းမိုးလုံလေလုံမဟုတ်ပါဘူး။
အကူအညီတွေအများကြီးလိုအပ်နေပါတယ်။”လို့ ဘူးသီးတောင်မြို့၊အမှတ် ၅ ရပ်ကွက်နေမွတ်ဆလင်တစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီဘူးသီးတောင်မြို့နယ်တခုလုံးကိုအာရက္ခတပ် တော်(AA)က မေလ ၁၈ ရက်နေ့က အပြီးသတ်တို က်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။
အဲဒီဘူးသီးတောင်မြို့နယ်က မွတ်ဆလင်တွေအပါ အဝင် ပြည်သူသောင်းနဲ့ချီပြီး အာရက္ခပြည်သူ့အစိုး ရက ကယ်ဆယ်ကူညီပေးထားပြီးနိုင်ငံတကာလူ
သားချင်းစာနာထောက်ထားမှုအကူအညီတွေပေးကြဖို့ အာရက္ခပြည်သူ့အစိုးရမှတောင်းဆိုထားပါတ ယ်။
အဲဒီဘူးသီးတောင်မြို့ပေါ်မှာ ဆေးရုံ၊ဆေးခန်းတွေအပါအဝင် ဆရာဝန်တွေ၊ကျန်းမာရေးဝန်ထမ်းတွေလည်းမရှိတော့သလို ဆေးဆိုင်တွေလည်းမရှိတော့တာမို့ ဆေးဝါးကုသမှုခံယူဖို့၊ဆေးဝါးဝယ်ယူလို့မရတာတွေလည်းဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။
”ပိုက်ဆံရှိရင်တောင်ဆန်ဝယ်လို့မရပါဘူး။နေမကောင်းဖြစ်ရင်လည်းဆေးမရှိပါဘူး။နိုင်ငံတကာကအမြန်ဆုံးလာရောက်ကူညီပေးကြဖို့တောင်းဆိုပါတ ယ်။”လို့ ဘူးသီးတောင်မြို့ပေါ်နေမွတ်ဆလင်အမျိုး သမီးတစ်ဦးက Border News agency သို့ပြောပါတယ်။
အဲဒီဘူးသီးတောင်မြို့နယ်မှာမွတ်ဆလင်လူဦးရေသိန်းနဲ့ချီရှိနေသလိုဟိန္ဒူ၊မြို၊သက်၊ခမီ၊ရခိုင်စတဲ့လူ မျိုးတွေလည်း စစ်ဘေးရှောင်နေကြရသလို စားဝတ် နေရေး၊ကျန်းမာရေး၊နေစရာအဆောက်အအုံတွေအ ကူအညီတွေလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်အပါအဝင်နိုင်ငံတကာလူ သားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအ ဖွဲ့တွေအနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင့် နိုင်ငံ တ ကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့အရေးပေါ်လိုအပ်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် ကလေသူငယ်တွေ၊အမျိုးသမီးတွေကိုလည်း အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ကာကွယ်ဆေးထိုးပေးမှုတွေပြုလုပ်ပေးဖို့လိုအပ်နေသလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဆေးဝါးအကူအညီတွေအရေးပေါ်ပေးဖို့လိုအပ်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-ဘူးသီးတောင်မြို့အဝင်တနေရာ/BNA)