·
မောင်တော၊သြဂုတ် ၇။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောမြို့သိမ်းတို က်ပွဲပြင်းထန်နေပြီး မောင်နီကျေးရွာမှာ သြဂုတ်လ ၇ ရ က်၊ဒီနေ့ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ မွတ်ဆလင်တွေ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့၊မောင်နီကျေးရွာအနီး၊နတ်မြစ် ကမ်းရှိ မောင်နီရွာချောင်းဝကင်းစခန်းကို အာရက္ခတပ်တော်(AA) က သြဂုတ်လ ၆ ရက်နေ့က အပြီး သတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မောင်နီရွာထဲသို့ဆုတ်ခွာပြီး ခုခံတိုက်ခိုက်နေကြတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရိုဟင်ဂျာအမ ည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေလည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေကြပြီး ကျေးရွာသားတွေကို ကျေးရွာထဲကနေထွက်းခွာမသွားကြဖို့ ဖိ အားပေးခြိမ်းခြောက်နေကြတာမို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရသူတွေရှိနေကြတယ်လို့ ဆိုကြပါတယ်။
”ရွာကထွက်ပြေးသွားကြသူတွေကိုလည်း ဗမာစစ် တပ်ကပစ်သတ်လို့သေဆုံးသွားခဲ့ကြပါတယ်။ကျန်တဲ့ရွာသားတွေအားလုံးကို ရွာကမထွက်သွားရဘူးလို့ခြိမ်းခြောက်ထားပါတယ်။ထွက်ပြေးရင်ပစ်သတ်မယ်လို့ပြောပါတယ်။စစ်သားတွေကရွာထဲကပစ်နေကြတာပါ။”လို့ မောင်တောမြို့နယ်၊မောင်နီကျေးရွာ
သားတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့်မွတ်ဆလင်အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရတာတွေရှိနေသလို လက်န က်ကြီးကျပြီး ရခိုင်လူမျိုးတွေလည်းသေဆုံးဒဏ်
ရာရတာတွေရှိနေကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်နေရာအားလုံး အပါအဝင်မြို့အနီးမှကျေးရွာတွေရှိ ဗလီတွေ၊စာသင်ကျောင်းတွေ
၊ဆေးပေးခန်းတွေအပါအဝင် နေအိမ်တွေ၊တိုက်တွေကို အကာအကွယ်ယူပြီးစစ် ကောင်စီတပ်နဲ့အတူ ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေ ပူးပေါင်းပါဝင်တိုက်ပေးနေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့၊မြို့မကညင်တန်းရှိဗလီအားလုံးအပါအဝင် အမှတ် ၁ အခြေခံပညာအထက်တန်း ကျောင်း၊မောင်တောခရိုင်မီးသတ်တပ်ဖွဲ့ရုံးမှာ ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားထောင်နဲ့ချီပြီး စခန်း ချတပ်စွဲနေထိုင်ကာ ခုခံတိုက်ခိုက်နေကြတာလို့ ဆိုကြပါတယ်။
အဲဒီအပြင်မောင်တောခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးရှေ့ရှိ ရွှေအိုးတည်ခိုရိပ်သာအထပ်မြှင့်နေရာတွေမှာ စစ်ကောင်စီတပ်ရဲ့လက်ဖြောင့်သေနတ်သမား(စနိုက်ပါ)တွေနဲ့အတူ ရိုဟင်ဂျာအမည်ခံအကြမ်းဖက် သမားတွေ ဝင်ရောက်တပ်စွဲစခန်းချနေရာယူခုခံနေကြတယ်လို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။
နောက်ပြီး မောင်နီရွာရှိ စာသင်ကျောင်း၊ဗလီတွေ၊တို က်တွေမှာလည်း ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သ မားတွေ ဝင်ရောက်တပ်စွဲစခန်းချနေရာယူခုခံတို က်ခိုက်နေကြသလို အမှတ် ၂ အခြေခံပညာအထက်တ န်းကျောင်း၊မြို့မဗလီကြီး၊မြို့တော်ခန်းမ၊မြို့မအား ကစားကွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေ ဝင်ရောက်တပ်စွဲစခန်းချနေ ရာယူခုခံနေကြတယ်လို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။
”ဗမာစစ်သားတွေ၊အာဆာတွေက ရွာထဲကနေရာပေါ င်းစုံမှာပါ။ရွာသားတွေကိုသူတို့အနားမှာနေခိုင်းပါတယ်။အေအေကပစ်လို့သေသူသေ၊ဒဏ်ရာရသူရဖြစ်နေကြပါတယ်။ရွာသားတွေကို ဓားစာခံလုပ်ထားတာပါ။ရွာမှာဘယ်နှစ်ယောက်သေပြီးလဲအတိအကျမသိရပါဘူး။”လို့နောက်ထပ်မောင်နီရွာသားတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီမောင်တောမြို့ပေါ်နေ မွတ်ဆလင်တွေဟာ စစ်တွေ၊ရန်ကုန်စတဲ့မြို့တွေဆီ စစ်ဘေးရှောင်သွားကြလို့ အဲဒီနေအိမ်တွေအပါအဝင်အိမ်စောင့်မရှိတဲ့တိုက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေ ဝင်ရောက်တပ်စွဲစခန်းချနေရာယူခုခံတိုက်ခိုက်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင်မြို့အဝင်အထွက်နေရာအားလုံးနဲ့မြို့ပေါ်နေရာအများအပြားမှာ မြေမြုပ်မိုင်းတွေထောင်ထားကြသလို တံတားတွေကို မိုင်းခွဲဖျက်ဆီးတာတွေကို လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူရိုဟင်ဂျာအ မည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေပြုလုပ်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက် သမားတွေ စစ်ကောင်စီတပ်ကို ပူးပေါင်းပါဝင်ကူညီတိုက်ပေးနေကြတာမို့ မောင်တောမြို့သိမ်းတိုက်ပွဲရှည်ကြာနေတာဖြစ်သလို အရပ်သားပြည်သူတွေလ ည်း နေ့စဉ်သေဆုံးဒဏ်ရာရနေကြရတယ်လို့ မွတ်ဆ လင်တွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်က မွတ်ဆလင်စစ်ဘေးရှော င်တွေဟာ စားဝတ်နေရေး၊ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေကြသလို နိုင်ငံတကာလူ
သားချင်းစာနာထောက်ထားမှုအကူအညီတွေရယူဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရရဲ့အကူအညီတွေလည်း လိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက် သမားတွေ စစ်ကောင်စီတပ်ဘက်ကပူးပေါင်းပါဝင်ကူညီတိုက်ပေးတာတွေမပြုလုပ်ခဲ့ရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးဒဏ်ရာရသူတွေများပြီး ဆုတ် ခွာထွက်ပြေးကြကာ အာရက္ခတပ်တော်(AA)က မောင်တောမြို့ကိုအပြီးသတ်သိမ်းပြီးနေလောက်ပြီလို့ ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက် သမားတွေဟာ မူးယစ်ဆေးဝါးလုပ်ငန်းတွေ၊လူကုန်ကူးတာတွေ၊တရားမဝင်ကုန်းကူးတာတွေမှာ စစ် ကောင်စီတပ်နဲ့အကျိုးတူဆောင်ရွက်ခဲ့ကြသူတွေမို့ စစ်ကောင်စီတပ်ဘက်ကပူးပေါင်းပါဝင်ကူညီတိုက်ပေးနေကြတာလို့ မွတ်ဆလင်တွေက ဆိုကြပါတ ယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက် သမားတွေဟာ မောင်တောမြို့ကိုကာကွယ်နေကြသူတွေမဟုတ်သလို မောင်တောမြို့နယ်ရှိမွတ်ဆ လင်အရပ်သားတွေကို စောင့်ရှောက်ဖို့လက်နက်ကိုင်တို က်ခိုက်နေကြသူတွေမဟုတ်ကြဘဲ မောင်တောမြို့သိမ်းတိုက်ပွဲကို လက်နက်ကိုင်ပြီးနှောက်ယှက်ဖျ က်ဆီးနေကြသူတွေလို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့မှာ အာဆာ(ARSA)၊အာအက်စ် အို(RSO)၊အေအာအေ(ARA)အပါအဝင် စစ်ကောင်စီတပ်ကစစ်သင်တန်းပေးလက်နက်တပ်ဆင်ပေးထားတဲ့ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သ မားငါးထောင်ခန့်ထိရှိနေကြတယ်လို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-မောင်တောမြို့နယ်၊မောင်နီရွာကို အကာအ ကွယ်ယူတိုက်ခိုက်နေကြတာကို သြဂုတ်လ ၇ ရက်နေ့၊ညနေက ရိုက်ကူးထားစဥ်/ လူမှုကွန်ရက်)