မောင်တောမြို့ထဲမှာ ပစ်ခတ်သံတွေ စတင်ကြားနေကြရ
Border News Agency
မောင်တော၊သြဂုတ် ၇။
မောင်တောမြို့ထဲ နာရီစင်၊သီရိမင်္ဂလာခန်းမ၊မြို့သ စ်(ရွာသစ်)အနီးတဝိုက်မှာ သြဂုတ်လ ၇ ရက်၊ဒီနေည ၉ နာရီအချိန်ခန့်ကစတင်ပြီး လက်နက်ငယ်ပစ်ခတ်သံတွေကို စတင်ကြားနေကြရတယ်လို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီအပြင်မြို့သူကြီးအခြေစိုက်အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကလည်း လက်နက်ကြီးတွေပစ်ခ တ်နေပြီး နှစ်ဘက်ထိတွေ့တိုက်ပွဲလား တဘက်သတ်ပစ်ခတ်နေကြတာဆိုတာကို သေချာမပြောနိုင်သေးဘူးလို့ ဆိုကြပါတယ်။
အဲဒီလိုပစ်ခတ်သံတွေဟာ မောင်တောမြို့ပေါ်မှာဆူ ညံနေပြီး မြို့ပေါ်ပိတ်မိကျန်နေသူတွေကတော့ စိုးရိ မ်နေကြရတယ်လို့ ဆိုကြပါတယ်။
”ခန်းမဖက်ကသေနတ်ပစ်သံတွေတအားကြားနေရပါတယ်။မြို့သူကြီးကလက်နက်ကြီးပစ်သံတွေကို မကြာမကြာကြားနေရပါတယ်။ဘယ်နေရာမှာတိုက်ပွဲဖြစ်နေလဲသေချာမသိပါဘူး။ဒါပေမယ့် သေနတ်ပစ်သံတွေကတော့ ဆူညံနေပါတယ်။”လို့ မောင်တောမြို့ပေါ်မှာပိတ်မိကျန်နေခဲ့သူတစ်ဦးက Border
News Agency သို့ ပြောပါတယ်။
အဲဒီမောင်တောမြို့၊မောင်နီကျေးရွာမှာသြဂုတ်လ ၇ ရက်၊ဒီနေ့နေလည်းကလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မောင်နီရွာချောင်းဝကင်းစခန်းကို စစ်ကော င်စီတပ်က လေကြောင်းကနှစ်ကြိမ်ထိလာရောက်ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။
အဲဒီလိုပစ်ခတ်သံတွေကြားနေကြရတဲ့ မောင်တောမြို့ပေါ်နာရီစင်အနီး၊မြို့နယ်ခန်းမ၊မြို့မအားကစားကွင်းတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ရိုဟင်ဂျာအ
မည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ အင် အားရာချီပြီး စခန်းချတပ်စွဲနေကြတယ်လို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် ဗလီတွေ၊စာသင်ကျောင်းတွေ၊ဘုန်းတော်ကြီးကျောင်းတွေ၊ဌာနဆိုင်ရာအဆောက်အအုံတွေ၊တိုက်အိမ်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ အင်အားရာချီပြီး စခန်းချတပ်စွဲနေကြတယ်လို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။
”စစ်သားတွေရော့၊ကုလားလက်နက်ကိုင်တွေပါနေ ရာတိုင်းမှာရှိနေပါတယ်။ပစ်ခတ်သံတွေကြားနေရပေမယ့် ဘာနေရာမှာဘာဖြစ်နေသလဲဆိုတာပြောဆိုခက်ပါတယ်။တပ်တော်ကမြို့ထဲဝင်တို က်နေတာလည်းဖြစ်နိုင်ပါတယ်။”လို့မောင်တောမြို့ပေါ်မှာပိတ်မိကျန်နေခဲ့သူနောက်တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၃ ရက်နေ့ကမောင်တော-အငူမော်ကားလမ်းရှ် စစ်ကောင်စီရဲ့ဒုံးပိုက်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဲဒီနေ့ကစတင်ကာ အာရက္ခဒေသမှာနှစ်ဘက်ထိတွေ့တိုက်ပွဲတွေ၊စစ်ရေးတင်းမာမှုတွေဖြစ်နေကြပါတယ်။
အာရက္ခဒေသမှာ စစ်ကောင်စီတပ်ကင်းစင်ဖို့ စစ်ကောင်စီတပ်စခန်း၊တပ်ရင်းအားလုံးကို အာရက္ခတ ပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့အ များစုကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
အဲဒီအာရက္ခဒေသရှိ မောင်တော၊သံတွဲမြို့တွေကို အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေသ လို အမ်း၊တောင်ကုတ်၊ဂွ၊ကျောက်ဖြူမြို့တွေမှာလ ည်း တိုက်ပွဲတွေဖြစ်နေသလိုစစ်ရေးတင်းမာမှုတွေလည်း မြှင်တက်နေတယ်လို့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-မောင်တောမြို့၊မြို့နယ်ခန်းမခြံဝင်ထဲမှာတွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ/BNA)