မောင်တောမှာ ပိတ်မိကျန်နေတဲ့အရပ်သားတွေလို က်နာရမယ့်အချက်ငါးချက်ကို ULA/AA ထုတ်ပြန်

By

မောင်တောမှာ ပိတ်မိကျန်နေတဲ့အရပ်သားတွေလို က်နာရမယ့်အချက်ငါးချက်ကို ULA/AA ထုတ်ပြန်
မောင်တော၊သြဂုတ် ၇။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောမြို့ထဲမှာ ပိ တ်မိကျန်နေတဲ့ အရပ်သားပြည်သူတွေ လိုက်နာရမယ့် အချက်ငါးချက်ကို သြဂုတ်လ ၇ ရက်၊ဒီနေ့ ရက္ခို င်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA
)က ထုတ်ပြန်ပါတယ်။
အဲဒီ”သာမာန်အရပ်သားပြည်သူတွေအားလုံး မောင်တောမြို့တွင်းကနေ ထွက်ခွာရာမှာ အန္တရာယ်ရှိတဲ့နေရာတွေကို စွန့်ခွာထွက်ပြေးတာတွေထက် လုံခြုံမှုပေးနိုင်တဲ့ အာရက္ခတပ်တော်ရှိတဲ့နေရာတွေကို ဦးတည်ထွက်ခွာပေးဖို့ကြဖို့”အသိပေးထားပါတယ်။
နောက်ပြီး ”မြို့တွင်းက ထွက်ခွာရန်အခွင့်မသာဘဲ ပိတ်မိနေကြတဲ့ပြည်သူတွေအနေနဲ့မိမိနေထိုင်ရာပ တ်ဝန်းကျင်မှာ ကျည်လွတ်မြေတွေကိုအကာအကွ ယ်ယူပြီး​တော့နေထိုင်တာတွေ၊အလံဖြူအမှတ်အ သားတွေပြုလုပ်ထားပေးတာတွေ၊တိုက်ခိုက်ရေးသ မားတွေနဲ့ဝေးတဲ့နေရာ​တွေကို အတက်နိုင်ဆုံးရွှေးချယ်ပြီးနေကြဖို့” လည်း သတိပေးထားပါတ ယ်။
အဲဒီအပြင် ”စစ်ကောင်စီရဲ့အိမ်၊အဆောက်အအုံကြီးတွေအတွင်းက ခုခံစစ်ပြင်ထားတဲ့နေရာတွေ တိုက် တာအဆောက်အအုံ​တွေပေါ်ရှိ စနိုက်ပါပစ်ဖို့ပြုလုပ်ထားတဲ့နေရာတွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာနေရာတွေမှာ အတူပူးတွဲနေထိုင်တာမျိုးတွေမလုပ်ကြဖို့”ဖော်ပြထားပါတယ်။
အဲဒီ”အကြမ်းဖက်စစ်ကောင်စီနဲ့ ARSA၊ RSO၊ARA၊အဖွဲ့ဝင်တွေဟာအရပ်သားတွေကို လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေမခံရစေဖို့ အတက်နိုင်ဆုံး သူတို့နဲ့ဝေးရာနေရာနေရာတွေမှာ နေထိုင်ကြဖို့” သ တိပေးထားပါတယ်။
​နောက်ပြီး’တိုက်ပွဲတွေမှ ရှုံးနိမ့်ထွက်ပြေးလာတဲ့ အ ကြမ်းဖက်သမားတွေဟာသာမာန်အရပ်သားပြည်သူတွေကြားမှာရောနှောလိုက်ပါလာတာတွေကိုတွေ့ပါက နီးစပ်ရာULA/AAတပ်ဖွဲ့ဝင်တွေဆီ အမြန်ဆုံးဆ က်သွယ်အကြော င်းကြားပေးကြဖို့”လည်း တောင်းဆိုထားပါတယ်။
အဲဒါကြောင့် မောင်တောမြို့ထဲကအပြစ်မဲ့အရပ် သားပြည်သူတွေအနေနဲ့လည်း အသက်အန္တရာယ်ထိခိုက်မှုမရှိစေဖို့ လုံခြုံဘေးကင်းဖို့​အတွက် ထုတ်ပြန်ချ က်၊အကြံပြုတိုက်တွန်းချက်တွေကို တိကျစွာလိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
အဲဒီမောင်တောမြို့နယ်က မွတ်ဆလင်စစ်ဘေးရှော င်တွေဟာ စားဝတ်နေရေး၊ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေကြသလို နိုင်ငံတကာလူ သားချင်းစာနာထောက်ထားမှုအကူအညီတွေရယူဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရရဲ့အကူအညီတွေလည်း လိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက် သမားတွေဟာ မောင်တောမြို့ကိုကာကွယ်နေကြသူတွေမဟုတ်သလို မောင်တောမြို့နယ်ရှိမွတ်ဆ လင်အရပ်သားတွေကို စောင့်ရှောက်ဖို့လက်နက်ကိုင်တို က်ခိုက်နေကြသူတွေမဟုတ်ကြဘဲ မောင်တောမြို့သိမ်းတိုက်ပွဲကို လက်နက်ကိုင်နှောက်ယှက်ဖျက် ဆီးနေကြသူတွေလို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့မှာ အာဆာ(ARSA)၊အာအက် စ် အို(RSO)၊အေအာအေ(ARA)အပါအဝင် စစ်ကောင်စီတပ်ကစစ်သင်တန်းပေးလက်နက်တပ်ဆင်ပေးထားတဲ့ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သ မားငါးထောင်ခန့်ထိရှိနေကြတယ်လို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-မောင်တောမြို့တွင်းတနေရာ/BNA)

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here