မောင်တောမှာ မွတ်ဆလင်အများအပြား လက်နက် ကြီးထိမှန်သေဆုံး

By

မောင်တောမှာ မွတ်ဆလင်အများအပြား လက်နက် ကြီးထိမှန်သေဆုံး
မောင်တော၊သြဂုတ် ၇။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောမှ မွတ်ဆလ င်တွေဟာ သြဂု တ်လ ၅ ရက်နေ့ညနေက လက်နက် ကြီးထိမှန်ပြီးအများအပြားသေဆုံးသွားခဲ့ကြတယ်လို့ မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။
အဲဒီမွတ်ဆလင်အများစုဟာ မောင်တောမြို့နယ်၊မောင်နီကျေးရွာမှဖြစ်ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးဖို့ရောက်နေကြချိန် နတ်မြစ်ကမ်းအနီးနဲ့ခြံစည်ရိုးအနီးအနားတွေမှာသေဆုံးနေကြတာလို့ ဆိုကြပါတယ်။
အဲဒီနေ့က မောင်တောမြို့နယ်၊မောင်နီကျေးရွာအနီး နတ်မြစ်ကမ်းနံဘေးမှာတည်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့မောင်နီချောင်းဝကင်းစခန်းကို အာရက္ခတပ်တော် (AA)က ဝင်ရောက်တိုက်ခိုက်နေချိန်ဖြစ်တယ်လို့ မွ တ်ဆလင်တွေက ဆိုကြပါတယ်။
”ဘင်္ဂလာဖက်သို့ကူးလို့ကမ်းခြေသို့လာချိန်မှာလက် နက်ကြီးကျပြီးသေသွားကြတာပါ။ဘယ်ဖက်ကပစ် လိုက်တာလဲဘယ်သူမှသေချာမပြောနိုင်ကြပါဘူး။
အနီးအနားမှာက စစ်သားတွေ၊မွတ်ဆလင်လက်နက် ကိုင်တွေလည်းရှိနေပါတယ်။သေတာကတော့အရွ ယ်စုံပါ။”လို့ မောင်တောမြို့၊အမှတ် ၁ ရပ်ကွက်နေ
မွတ်ဆလင်တစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီလိုသေဆုံးသွားသူအရေအတွက်ဟာတစ်ရာကျော်ထိရှိနိုင်တယ်ဆိုပေမယ့်အရေအတွက်အတိအ ကျကို မပြောနိုင်ကြသေးဘူးလို့ ဆိုကြသလိုအာရက္ခတပ်တော်(AA)က ပစ်ခတ်တာလို့ ရိုဟင်ဂျာအသို င်းအဝိုင်းက စွပ်စွဲပြောဆိုနေကြသလို စစ်ကောင်စီတပ်ကပစ်ခတ်တာလို့လည်း ပြောဆိုနေကြပါတယ်။
အဲဒီနေရာဟာ မောင်နီကျေးရွာနဲ့အမှတ် ၁ ဝင်/ထွက်စခန်းကြား နယ်စပ်ခြံစည်ရိုးဝဲယာနေရာတွေဖြစ်ကြပြီး မောင်တောရခိုင်သုဿန်အနီးအနားဖြစ်သလို
အမှတ် ၁ ဝင်/ထွက်စခန်းနဲ့ပိုနီးတယ်လို့ ဆိုကြပါတ ယ်။
အဲဒီလိုပစ်ခတ်ခံရပြီးနောက် အဲဒီအနီးရှိ မောင်တောရခိုင်သုဿန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကိုတွေ့ရတယ်လို့လည်း ကိုယ်တိုင်မြင်တွေ့လိုက်သူတွေက အတည်ပြုပြောကြပါတယ်။
”အများစုကတော့ လက်နက်ကြောင့်သေကြတာပါ။နောက်ပြီးထွက်ပြေးကြချိန်မှာလှေနစ်သေကြတာတွေလည်းရှိကြပါတယ်။အလောင်းတွေကနေရာအ နှံ့မှာပါ။ဘင်္ဂလာဖက်ကမ်းမှာလာတင်နေကြတဲ့အ လောင်းတွေလည်းတွေ့ရပါတယ်။သေတာကတော့ကလေးတွေ၊အမျိုးသမီးတွေများပါတယ်။”လို့ မော င်တောမြို့၊အမှတ် ၂ ရပ်ကွက်နေမွတ်ဆလင်တစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီမောင်တောမြို့သိမ်းတိုက်ပွဲစတင်ကတည်းက စ စ်ကောင်စီတပ်ရဲ့ရေတပ်စစ်သင်္ဘောကြီးတွေမှာနတ်မြစ်ထဲကနေပြီးလက်နက်ကြီးတွေ ပစ်ကူပေးနေကြ သလို မြို့သူကြီးအခြေစိုက်အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကလည်း နေ့စဥ်ရက်ဆက်လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေပစ်ခတ်နေတယ်လို့ မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်မှာ မွတ်ဆလင်တွေအပါအဝ င် အရပ်သားပြည်သူတွေပိတ်မိကျန်နေကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ရိုဟင်ဂျာအမည်ခံလက်နက် ကိုင်အကြမ်းဖက်သမားတွေက လူသားဒိုင်းကာအ ဖြစ်ဓားစာခံပြုလုပ်ထားကြတယ်လို့ ပိတ်မိကျန်နေသူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မောင်တောမြို့ပေါ်အမှတ် ၂ အခြေခံပညာအထက် တန်းကျောင်းမှနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ ခုခံတိုက်ခိုက်နေကြတာလို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီတိုက်ပွဲအနီးရှိနာရီစင်အနီးတဝိုင်းမှာ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေ၊ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အ ကြမ်းဖက်သမားတွေ အင်အားအများအပြားတပ်ဖြန့်နေရာယူထားကြသလို မြို့သူကြီးအခြေစိုက်အမှ တ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကလည်း လက်နက် ကြီးတွေပစ်ကူပေးနေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်မှာ ရိုဟင်ဂျာအမည်ခံလက် နက်ကိုင်အကြမ်းဖက်သမားအင်အားငါးထောင်ခန့်ထိ စစ်ကောင်စီတပ်ဘက်မှပူးပေါင်းပါဝင်တိုက်ခို က်ပေးနေကြတာလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက် သမားတွေဟာ မြို့ပေါ်နေရာအများစုမှာနေရာယူခုခံနေကြသလို လူနေအိမ်တွေ၊စာသင်ကျောင်းတွေ၊ဗ လီတွေ၊ဘုန်းကြီးကျောင်းတွေ၊ဌာနဆိုင်ရာရုံးတွေကို အကာအကွယ်ယူပြီး ခုခံပစ်ခတ်နေကြတာလို့ မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-မောင်တောမြို့နယ်မှစစ်ဘေးရှောင်ထွက် ပြေးနေကြတဲ့မွတ်ဆလင်အမျိုးသမီးတချို့/ လူမှုကွန်ရက်)

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here