မောင်တောမြို့ပေါ်မှ မွတ်ဆလင်တွေ အာရက္ခတပ်တော်ထိန်းချုပ်မြေသို့ခိုလှုံလာ

By

မောင်တောမြို့ပေါ်မှ မွတ်ဆလင်တွေ အာရက္ခတပ်တော်ထိန်းချုပ်မြေသို့ခိုလှုံလာ(ဓာတ်ပုံသတင်း)
မောင်တော၊ဩဂုတ် ၉။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မောင်တောမြို့ပေါ်မှမွတ်ဆလင်တွေဟာ အာရက္ခတပ်တော်(AA)ထိန်းချုပ်န ယ်မြေသို့ခိုလှုံလာနေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအထဲမှာမောင်တောမြို့ ရပ်ကွက် ၁ ရှိမွတ်ဆလ င်အရပ်သားတွေပါဝင်သလို အဲဒီရပ်ကွက်ထဲသို့တ ခြားနေရာတွေက စစ်ဘေးရှောင်လာကြသူတွေလ ည်းပါဝင်တယ်လို့ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်နေ အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ရိုဟင်ဂျာအမည်ခံလ က်နက်ကိုင်အကြမ်းဖက်သမားတွေက လူသားဒိုင်းကာအဖြစ်ဓားစာခံပြုလုပ်ထားကြတာကို အာရက္ခတပ်တော်(AA)မှ ကယ်ထုတ်နေပါတယ်။
အဲဒီသတင်းကိုကြားသိရတာမို့ မွတ်ဆလင်တွေဟာ မိမိအစီအစဥ်နဲ့ထွက်ခွာသွားနေကြတာဖြစ်ပြီးသြဂုတ်လ ၉ ရ က်၊ဒီနေ့ညနေက ထွက်ခွာသွားကြတာ
ဖြစ်ကာ နောက်ထပ်ထွက်ခွာမယ့်သူတွေလည်းရှိနေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်မှာမွတ်ဆလင်လူမျိုးသောင်းနဲ့ချီပိတ်မိနေကြပြီးကယ်ထုတ်ကူညီပေးဖို့အတွက် အာရက္ခတပ်တော်ကို တောင်းဆိုနေကြပါတယ်။
(ဓာတ်ပုံ-မောင်တောမြို့၊အမှတ် ၁ ရပ်ကွက်မှစစ်ဘေးရှောင်နေကြတဲ့မွတ်ဆလင်တွေကို သြဂုတ်လ ၉ ရက်နေ့တွေ့ရပုံ/CJ)

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here