မောင်တောမြို့က ထွက်ခွာသူတိုင်းကို စစ်ကောင်စီတပ်က ပစ်မိန့်ပေးထား

By

မောင်တောမြို့က ထွက်ခွာသူတိုင်းကို စစ်ကောင်စီတပ်က ပစ်မိန့်ပေးထား
မောင်တော၊သြဂုတ် ၁၀။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောမြို့ထဲမှာအ ရပ်သားပြည်သူသောင်းနဲ့ချီရှိပြီး လူသားဒိုင်းကာအဖြစ် ဓားစာခံပြုလုပ်ခံနေကြရပါပြီး အဲဒီလူတွေမြို့ပေါ်က ထွက်ခွာနေကြရင်တွေ့တဲ့နေရာမှာအသေပစ်သတ်ဖို့ စစ်ကောင်စီတပ်ကပစ်မိန့်ပေးထားတယ်လို့ စစ်ကောင်စီနယ်ခြားစောင့်တွေနဲ့မြို့ပေါ်မှထွက် ပြေးလွတ်မြောက်လာသူတွေက အတည်ပြုပြောကြပါတယ်။
အဲဒီအမိန့် မောင်တောမြို့အဝင်၊မြို့သူကြီးရှိ မောင်တောဒေသနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုယာယီဌာ နချုပ်အဖြစ်သတ်မှတ်ထားတဲ့အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲရေးမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းက ထုတ်ပြန်အမိန့်ပေးထားတာလို့ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့သိမ်းတိုက်ပွဲမှာ သူဟာ စစ်ကော င်စီလက်နက်ကိုင်တွေ၊ရိုဟင်ဂျာအမည်ခံလက်နက် ကိုင်အကြမ်းဖက်သမားတွေ၊စစ်သင်တန်းဆင်းမွတ်
ဆလင်လက်နက်ကိုင်အားလုံးကို နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူးအဖြစ်တာဝန်ယူဦးဆောင်ကွပ်ကွဲခုခံတိုက်ခိုက်နေတာဖြစ်သလို သူနဲ့အတူ ဘူးသီးတောင်မြို့ကထွက်ပြေးလာတဲ့အမှတ် ၁၅ စစ်ဆင် ရေးကွပ်ကွဲရေးမှူးလည်း ရှိနေတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
”မောင်တောမြို့ကိုပတ်ပတ်လည်ဝိုင်းတိုက်ခံရကတ ည်းကထွက်ပြေးသူတိုင်းကိုပစ်မိန့်ပေးထားတာပါ။လက်နက်ကိုင်ဖြစ်ဖြစ်၊အရပ်သားဖြစ်ဖြစ်ပါ။ဘင်္ဂလာသို့ထွက်ပြေးကြတဲ့မွတ်ဆလင်တွေခြံစည်ရိုးနားမှာပစ်သတ်ခံလိုက်ရတာအဲဒီအမိန့်ကြောင့်ပါ။စစ် တပ်ကပစ်သတ်လိုက်ကြတာပါ။”လို့ မောင်တောမြို့
ပေါ်မှနယ်ခြားစောင့်အရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီဗိုလ်မှူးချုပ်သူရိန်ထွန်းရဲ့အယုံကြည်ရဆုံးစစ်သ င်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်ခေါင်းဆောင်ဒီလ်မာမတ်ဦးဆောင်စီစဥ်မှုနဲ့မောင်တောမြို့ပေါ်မှ
မွတ်ဆလင်လူမျိုးရာနဲ့ချီပြီးသြဂုတ်လ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ခိုးထွက်ဖို့ခြံစည်ရိုးအနီးသို့သွားခဲ့ကြပါတယ်။
အဲဒီလိုခိုးထွက်ဖို့သွားလာနေသူတွေကိုမောင်တောမြို့အဝင်၊မြို့သူကြီးရှိ မောင်တောဒေသနယ်မြေခံ စစ်ဆင်ရေးကွပ်ကွဲမှုယာယီဌာနချုပ်အဖြစ်သတ်မှ တ်ထားတဲ့အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှလက် နက်ကြီးတွေပစ်ခတ်သတ်ဖြစ်ခဲ့သလို အနီးအနားရှိ ရခိုင်သုဿန်မှာ စခန်းချနေကြတဲ့စစ်ကောင်စီတပ်လက်နက်ကိုင်တွေကလည်း ပစ်ခတ်သတ်ဖြတ်လို က်ကြတာလို့ မောင်တောမြို့ပေါ်မှလွတ်မြောက်လာကြတဲ့မွတ်ဆလင်တွေက ဆိုကြပါတယ်။
အဲဒီလိုပစ်သတ်ခံရသူတွေဟာ စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်ခေါင်းဆောင်ဒီလ်မာမတ်က ငွေကြေးယူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ဖို့
ခေါ်ဆောင်သွားတာကို ဗိုလ်မှူးချုပ်သူရိန်ထွန်းကသိ ရှိသွားကာလက်နက်ကြီးပစ်ခတ်ခဲ့သလို အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်လိုက်ကြတာလို့မွ တ်ဆလင်တွေက ဆိုကြပါတယ်။
”မောင်တောကလူတွေကို စစ်တွေ၊ရန်ကုန်၊ဘင်္ဂလာသို့ပို့နေတာဟာဒီလ်မာမတ်နဲ့ဗိုလ်မှူးချုပ်သူရိန်ထွန်းတို့ပူးပေါင်းလုပ်နေ့ကြတာပါ။မောင်တောကပြည်သူတွေကိုဖမ်းတာ၊သတ်တာ၊စစ်မှုထမ်းခိုင်းတာကအစ သူတို့လုပ်နေကြတာပါ။မောင်တောကသေသွားတဲ့သူတွေဟာဒီလ်မာမတ်ကြောင့်ပါ။”လို့ မောင်တော
မြို့ပေါ်မှမွတ်ဆလင်တစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီမွတ်ဆလင်တွေဟာ မောင်တောဝင်/ထွက်စခန်းနဲ့မောင်နီကျေးရွာကြား ခြံစည်းရိုးနဲ့နတ်မြစ်ကမ်းခြေမှာ ပစ်သတ်ခံလိုက်ကြရတာဖြစ်ပြီးတချို့ကတော့
နတ်မြစ်ထဲမှာလှေနစ်သေဆုံးကြရတာဖြစ်ပါတယ်။
အဲဒီအပြင်မောင်တောမြို့ပေါ်ကထွက်ပြေးနေသူတွေကိုလည်း တွေ့တဲ့နေရာမှာ ပစ်ခတ်မှုတွေပြုလုပ်နေကြပြီး အဲဒီလိုလူသားဒိုင်းကာအဖြစ်ဓားစာခံပြုလုပ်ခံထားရသူတွေကို အာရက္ခတပ်တော်(AA)က ကယ်ထုတ်လာချိန်မှာ စစ်ကောင်စီလက်နက်ကိုင်တွေက လိုက်လံပစ်ခတ်လို့ မြို့သစ်ရပ်ကွက်မှအသ က် ၂၂ နှ စ်အရွယ်ဟိန္ဒူအမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ထိစပ်နယ် နိမိတ် ၁၆၈.၅၇ မိုင်မှာဘင်္ဂလားပင်လယ်အော်နတ်မြစ်ဝမှ မြောက်ဘက်မြစ်ဖျားထိ ၃၉.၈၂ မိုင်၊အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင် ဘီပီ ၃၁မှအာရက္ခ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ သုံးနိုင်ငံနယ်စပ်မှတ်တိုင် ဘီပီ ၃ ထိ ၁၂ ၈. ၇၅ မိုင်ရှိပါတယ်။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော -အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်န ယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA) မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အာရက္ခစစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော် (AA)က မြို့အများစုကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်သလို သံတွဲ၊မောင်တော မြို့တွေကို အပြီးသတ်သိမ်းပိုက်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်း၊ကျော က်ဖြူ၊တောင်ကုတ်၊ဂွ၊မြို့တွေမှာလည်း တိုက်ပွဲတွေဖြစ်နေသလို စစ်ရေးတင်းမာမှုတွေလည်း မြင့်တက်
နေပါတယ်။
(ဓာတ်ပုံ-မောင်တောမြို့ထဲမှအာရက္ခတပ်တော်ကယ်ထုတ်လာသူတွေ/AA)

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here