မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က တိုက်လေယာဥ်နဲ့ဗုံးကြဲလို့အရပ်သားခြောက်ဦးသေပြီးခုနှစ်ဦးဒ ဏ်ရာရ

By

မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က တိုက်လေယာဥ်နဲ့ဗုံးကြဲလို့အရပ်သားခြောက်ဦးသေပြီးခုနှစ်ဦးဒ ဏ်ရာရ

Border News Agency
မြောက်ဦး၊သြဂုတ် ၁၀ ။

အာရက္ခတပ်တော်(AA)မှ အပြီးသတ်တိုက်ခိုက်သိမ်း ပိုက်ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၀ ရက်၊ဒီနေ့ နေ့လည် ၁၂ နာရီကျော်အချိန်ခန့်မှာ တိုက်လေယာဥ်နဲ့ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခဲ့တာကြာင့် အရပ်သားပြည်သူခြောက်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီလို စစ်ကောင်စီတပ်တိုက်လေယာဥ်ဟာ ရှေး ဟောင်းသမိုင်းဝင်သျှစ်သောင်းပုထိုးတော်အနီးလ မ်းဆုံကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲပစ်ခတ်ခဲ့တာမို့ မြောက်ဦးဟိုတယ်ရှေ့ကားလမ်းပေါ်မှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြောက်ဦးမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီကားလမ်းပေါ်သွားလာနေတဲ့ ကားနဲ့သုံးဘီးတွေမှာ ထိမှန်ခဲ့တာမို့ စီးနင်းလိုက်ပါလာသူတွေ၊အနီးအ နားမှာရှိနေသူတွေ သေဆုံးဒဏ်ရာရခဲ့ကြတာလို့ ဆိုကြပါတယ်။

“မြောက်ဦးဟိုတယ်ရှေ့ကားလမ်းပေါ်မှာ ကျတာပါ။လမ်းပေါ်သွားနေကြတဲ့သုံးဘီထက်မှာ လူလေးယော က်လိုက်ပါလာတာပါ။အဲဒီလေးယောက်စလုံး သေသွားပါတယ်။နောက်ထပ်ကားတွေကိုလည်းထိသွားပါတယ်။ဒဏ်ရာရသူတွေထဲကထပ်သေကြပါတ ယ်။”လို့ မြောက်ဦးဒေသခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီမြောက်ဦးမြို့နယ်တခုလုံးကို အာရက္ခတပ်တော် (AA)မှ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၉ ရက်နေ့က အပြီးသ တ်သိမ်ပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်ကလေကြောင်းပစ်ခတ်မှုတွေ၊ဒရုန်းနဲ့ဗုံးကြဲတာတွေ၊လက်နက်ကြီးပစ်ခတ်တာတွေ မ ကြာခဏပြုလုပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီလိုပြုလုပ်နေတာဟာ အာရက္ခတပ်တော်(AA)က အုပ်ချုပ်ရေးယန္တယားမတည်ဆောက်နိုင်အောင်၊အ ရပ်သားပြည်သူတွေ စိုးရိမ်ကြောက်လန့်ပြီး စွန့်ခွာထွက်ပြေးသွားကြအောင် လူမျိုးရေးအငြိုးတရားတွေနဲ့ရည်ရွယ်ချက်ရှိရှိပြုလုပ်နေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် အရပ်သားပြည်သူတွေကိုပစ်မှတ်ထာပြီး မြို့၊ကျေးရွာ၊စာသင်ကျောင်း၊ဆေးရုံ၊ဘာသာရေးအ ဆောက်အအုံတွေကို လေယာဉ်၊ဒရုန်းတွေနဲ့ဗုံးကြဲ တာတွေ၊လက်နက်ကြီးပစ်ခတ်တာတွေကို မကြာခ ဏပြုလုပ်ကာ စစ်ရာဇဝတ်မှုတွေကိုနေ့စဉ်ကျူးလွန်နေတယ်လို့ အာရက္ခတပ်တော်(AA)က ဆိုထားပါတ ယ်။

”ပြီးခဲ့တဲ့ရက်ပိုင်းရေကြီးကတည်းက မြောက်ဦးမှာဖုန်းလိုင်း၊အင်တာနက်လိုင်းတွေပြန်ရနေပါတယ်။ရေကျသွားပြီးနောက်လူတွေသွားလာလှုပ်ရှားမှုတ ချို့ရှိနေပါတယ်။အဲဒါကိုသတင်းပေးတ ချို့ရှိပုံရပါတယ်။လူတွေသွားလာနေကြတာကို ရည်ရွယ်ချက်ရှိရှိလာပစ်ခတ်သွားတာပါ။”လို့ မြောက်ဦးမြို့မှလူမှု
ကယ်ဆယ်ရေးလှုပ်ရှားနေသူတစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီသေဆုံးဒဏ်ရာရသူတွေကို အာရက္ခတပ်တော် (AA)ယူဆောင်ဆေးကုသပေးနေပြီး သေဆုံးဒဏ်ရာရသူတွေရဲ့အသေးစိတ်အချက်အလက်တွေကို Border News Agency က ဆက်လက်စုံစမ်းနေပါတယ်။

အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”’၁၀၂၇ စစ်ဆင်ရေး”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော -အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပို က်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော် (AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အာရက္ခစစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(A A)က မြို့အများစုကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်သလို သံတွဲ၊မောင်တော မြို့တွေကို အပြီးသတ်သိ မ်းပိုက်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်း၊ကျောက် ဖြူ၊တောင်ကုတ်၊ဂွ၊မြို့တွေမှာလည်း တိုက်ပွဲတွေဖြ စ်နေသလို စစ်တွေ၊မာန်အောင်မြို့တွေမှာလည်းစစ် ရေးတင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။

အာရက္ခဒေသရှိ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီး အာရက္ခဒေ သတခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ်ထိန်းချုပ်သွားမယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ-မြောက်ဦးမြို့တနေရာကို တွေ့ရပုံ/BNA)

See less

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here