မောင်တောမြို့နယ် ထိန်းချုပ်ရေးစစ်ပွဲ အချိန်ဆယ်လနီးပါးကြာ

By

မောင်တောမြို့နယ် ထိန်းချုပ်ရေးစစ်ပွဲ အချိန်ဆယ်လနီးပါးကြာ

Border News Agency

မောင်တော၊စက်တင်ဘာ ၄။

အာရက္ခ-ဘင်္ဂလာဒေ့ရှ်နယ်စပ်၊မောင်တောမြို့နယ်တခုလုံးကို အပြီးသတ်သိမ်း ပိုက်ထိန်းချုပ်ရေးစစ်ပွဲဟာ အချိန်ဆယ်လနီးပါးထိကြာနေတာကို အာရက္ခတပ်တော်(AA)ထုတ်ပြန်ချက်တွေကို လေ့လာဆန်းစစ်ချက်တွေအရ တွေ့ရပါတယ်။

အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့” ၁၀၂၇စစ်ဆင်ရေး ”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော – အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး စစ်တွေမြို့နယ်ရှိ ဒေသကွပ်ကဲမှုစစ် ဌာနချုပ်လက်အောက်ခံ၊စစ်တွေအခြေစိုက်အမှတ် ၂၃၂ ခြေလျင်တပ်ရင်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အာရက္ခတပ်တော်(AA)တို့ကြား မောင်တော မြို့နယ်၊သင်္ဘောလှရွာအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှဒု-စစ်ကြောင်းမှူးကျော်သက်နိုင်အပါအဝင် ၁၄ ဦးခန့်သေဆုံးကာ စစ်သုံ့ပန်းတစ်ဦး၊လက်နက်ခဲယမ်း၊စစ်အသုံးအဆောင်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့သလို ဒဏ်ရာရသူတချို့လည်းရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး မောင်တောမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို ၂၀၂၄ ခုနှစ်သြဂုတ်လ ၄ ရက်၊ဒီနေ့ထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာမို့ အချိန် ဆယ်လနီးပါးရှိလာခဲ့ပြီဖြစ်ပါတယ်။

အဲဒီလိုအချိန်ကြာနေပြီးအလုံးစုံထိန်း ချုပ်နိုင်ရေးအတွက်အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေရတာဟာ မောင် တောမြို့နယ်မှာတပ်စခန်းအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီရှိသလို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားထောင်နဲ့ချီဝင်ရောက်တိုက်ခိုက်ပေးနေတာတွေ၊နိုင်ငံတကာအသိုင်းအဝိုင်းရဲ့တဖက်သတ်ဖိအားတွေလည်းပါဝင်တယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

”ULA/AA အတွက်က မောင်တောကိုအပြီးသတ်ရရင်လွတ်လပ်ရေးရသလိုပါပဲ။တပ်စခန်းတွေလည်းသိပ်များပါတယ်။စစ်သည်လက်နက်အင်အားတွေလ ည်းများပါတယ်။ရိုဟင်ဂျာလက်နက်ကိုင်တွေလည်းအများကြီးဝင်တိုက်ပေးနေကြပါတယ်။နိုင်ငံတကာဖိအားတွေလည်းရှိနေပါတယ်။နယ်မြေကလည်းကြီး မားကျယ်ပြန့်တော့ အထူးသတိထားတိုက်နေရတော့ အချိန်ကြာနေတာပေါ့ ။”လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီမောင်တောဒေသမှာ အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ရဲ့ကွပ်ကဲမှုအောက်မှာဒေသ ၄ ခု၊နယ်မြေ ၁၁ ခု သတ်မှတ်ထားပြီး နယ်မြေရုံး ၁၁ ရုံး၊နယ်မြေရဲစခန်း ၁၂ ခု၊ကင်းစခန်း ၉၅ ခု၊ချောင်း၀ကင်းစခန်း ၂၇ ခု၊နယ်စပ်ခြံ စည်းရိုးကင်းစခန်း ၁၂ ခု၊စုစုပေါင်း ၁၅၇ နေရာကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၁၀ ခုဟာ အင်အားခုနှစ်ထောင်ကျော်ခန့်နဲ့ခုခံတိုက်ခိုက်နေခဲ့တာကို Border News Agency က လက်ခံရရှိထားတဲ့အထောက်အထားတွေမှာတွေ့ရပါတယ်။

အဲဒီတပ်စခန်းတွေဟာ အာရက္ခ-ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ထိစပ်နယ်နိမိတ် ၁၆၈.၅၇ မိုင်မှာ ဘင်္ဂလားပင်လယ်အော်နတ်မြစ်ဝမှ မြောက်ဘက်မြစ်ဖျားထိ ၃၉.၈၂ မိုင်ရှိပြီး အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင်ဘီပီ-၃၁ မှ အာရက္ခ- ဘင်္ဂလားဒေ့ရှ် – အိန္ဒိယသုံးနိုင်ငံဆုံရာနယ်စပ်မှတ်တိုင်ဘီပီ၇၃ ထိ ၁၂၈. ၇၅ မိုင်ကြားဖြစ်ပါတယ်။

အဲဒီမောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူအာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)၊ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)စတဲ့ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အ ကြမ်းဖက်သမားတွေ၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက် သမားတွေငါးထောင်ခန့်ထိပူးပေါင်းခုခံတိုက်ခိုက်နေကြတာဖြစ်ပါတယ်။

အဲဒီအပြင်မောင်တောမြို့သိမ်းတိုက်ပွဲအတွက် မြို့ထဲရှိအရပ်သားပြည်သူတွေ ဘေးလွှတ်ရာသို့ ထွက်ခွာကြဖို့လ ည်း ဇွန်လ ၁၆ ရက်နေ့က အာရက္ခတပ်တော် (AA)က အသိပေးထုတ်ပြန်ခဲ့ရသလို အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အရပ်သားပြည်သူသောင်းနဲ့ချီပြီးအများစုကယ်ထုတ်ခဲ့ရတာမို့ အချိန်ကြာနေတာလို့ ဆိုကြပါတယ်။

နောက်ပြီးလူ့အခွင့်အရေးအမည်ခံအဖွဲ့တွေအပါအဝင်နိုင်ငံတကာအသိုင်းအ ဝိုင်းကလည်း အာရက္ခပြည်လွတ်မြောက်ရေးနဲ့အာရက္ခတပ်တော်(AA)တခုလုံးကို ကမ္ဘာ့လူဆိုးလူမိုက်စာရင်းသွင်းနိုင်ဖို့ထောင်ချောက်ဆင်ထားတာတွေ၊ရိုဟင်ဂျာအကြမ်းဖက်သမားတွေရဲ့အဖျက်အမှောက်လုပ်ရပ်တွေကြောင့် အချိန်ပိုကြာနေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

”မောင်တောတိုက်ပွဲက သေနတ်နဲ့စစ်တိုက်ရုံသက်သက်မဟုတ်ပါဘူး။ စစ်တပ်ရဲ့ကြေးရေလေပူးပေါင်းတိုက်ခိုက်မှုတွေနဲ့အတူ လူ့အခွင်အရေးအမည်ခံလုပ် စားနေသူတွေရဲ့ဝါဒဖြန့်ထိုးနှက်မှုတွေ၊ နာမေလိုချင်နေကြတဲ့ နိုင်ငံတကာအသို င်းအဝိုင်းတွေကိုလည်း သံတမန်ရေးထိုးစစ်တွေလုပ်နေရပါတယ်။ပြီးတော့နယ်မြေလုခိုဝင်းကုလားတွေရဲ့အဖျက်အမှောက်တွေကို သတိထားတိုက်ဖျက်နေတော့ အချိန်ကြာနေတာပါ။”လို့ အာရက္ခပြည်သူတစ်ဦး က Border News Agency သို့ပြောပါတယ်။

အဲဒီနိုဝင်ဘာလ ၁၃ ရက်နေ့တိုက်ပွဲစတ င်ပြီးနောက်နယ်ခြားစောင့်တပ်စခန်း ၄ ၀ နီးပါးလည်း စခန်းစွန့်ထွက်ပြေးသွားခဲ့ကြပြီး မောင်တောမြို့နယ်၊ကံပြင်သာစည်ရွာအရှေ့မြောက် ၃.၃ ကီလိုမီတာအကွာမှာ နိုဝင်ဘာလ ၁၅ ရက်နေ့၊နံနက် ၅ နာ ရီ ၃၆ မိနစ်အချိန်ခန့်မှာ စစ်ကောင်စီတပ်နဲ့အာရက္ခတပ်တော်(AA) တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ ဒဏ်ရာရသူတချိုရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA) ထုတ်ပြန်ပါ တယ်။

အဲဒီမောင်တောမြို့နယ်၊ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို နိုဝင်ဘာလ ၁၆ ရ က်၊နံနက် ၁၀ နာရီခန့်မှာ အာရက္ခတပ်တော်စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင် ဘာလ ၁၇ ရက်၊နေ့လယ် ၁ နာရီအ ချိန် ၂၇ နာရီခန့်အကြာမှာ အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ပါတယ်။

အဲဒီဒုံးညိုနယ်ခြားစောင့်တပ်စခန်းဟာ အာရက္ခစစ်ပွဲအဆုံးအဖြတ်မှာ မောင်တောမြို့နယ်က ပထမဆုံးသိမ်းပိုက်ရရှိခဲ့တဲ့စခန်းဖြစ်ပြီး အာရက္ခစစ်ပွဲအဆုံး အဖြတ်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ မောင်တောမြို့နယ်က စစ်ကောင်စီနယ်ခြားစောင့်တပ်စခန်း ၆၂ ခုထိ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြပါတယ်။

အဲဒီမောင်တောမြို့နယ်၊တောင်ပြိုလက်ဝဲမြို့ကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ စစ်ကောင်စီတပ်ဘက်မှ ပထမဆုံးပူးပေါင်းပါဝင်ပြီးအပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ကြတာလို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်ခဲ့ပါ တယ်။

အဲဒီမောင်တောမြို့နယ်တခုလုံးကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ဖို့အတွက်မြို့ပေါ်နေရာတချို့မှာ စခန်းချတပ်စွဲခုခံနေကြတဲ့စစ်ကောင်စီလက်နက်ကိုင်တွေ၊ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကို အာရက္ခတပ်တော်( AA)က လိုက်လံချေမှုန်းနေသလို မောင်တောမြို့အဝင်၊မြို့သူကြီးကျေးရွာဟောင်းမှာတည်ရှိတဲ့အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကိုလည်းဝိုင်း ရံပိတ်ဆို့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ကဓာတုအဆိပ်ဓာတ်ငွေ့ဗုံးအသုံးပြုတိုက် ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA)က သြဂုတ်လ၂၉ ရက်နေ့က ထုတ်ပြန်ပြီး တိုက်လေယာဥ်တွေအပါအဝင်လေယာဥ်အမျိုးအစားအစုံ အသုံးပြုဗုံးကြဲပစ်ကူပေးခုခံနေသလို စစ်ကောင်စီတပ်က ကြေးရေလေပူးပေါင်းခုခံနေပေမယ့် အာရက္ခတပ်တော်(AA )က အပြီးသတ်တိုက်ပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

Photo-AA

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here