မောင်တောမြို့ပေါ်မှ လူနေအိမ်တွေ၊ဆိုင်ခန်းတွေ ဖောက်ထွင်းခိုးယူခံနေရ

By

မောင်တောမြို့ပေါ်မှ လူနေအိမ်တွေ၊ဆိုင်ခန်းတွေ ဖောက်ထွင်းခိုးယူခံနေရ
Border News Agency
မောင်တော၊စက်တင်ဘာ ၈။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောမြို့ပေါ်မှ လူနေအိမ်တွေ၊ဆိုင်ခန်းတွေ ဖောက်ထွင်းခိုးယူခံနေကြရတယ်လို့ မောင်တောမြို့ခံတွေက အတည်ပြုပြောကြပါတယ်။
အဲဒီလိုဖောက်ထွင်းခိုးယူခံနေကြရတာမှာလူစီးကားတွေ၊ဆိုင်ကယ်တွေလည်းပါဝင်နေသလို မောင်တောမြို့ပေါ်မှ ဖောက်ထွင်းခိုးယူသွားကြတဲ့ဆိုင်ကယ်တွေကို ကျောက်တော်မြို့နယ်ထိသွားရောက်ချနေတာကိုလည်းတွေ့ရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့၊ဖောက်ထွ င်းခိုးယူနေသူတွေကို ဖမ်းဆီးအရေးယူပေးပြီး အရပ်သားပြည်သူတွေရဲ့ ပိုင် ဆိုင်မှုတွေ၊အများပြည်သူပိုင်ဆိုင်မှုတွေကို လက်တွေ့ကျကျကာကွယ်စောင့်ရှောက်ပေးသင့်တယ်လို့ မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။
”မောင်တောမြို့ထဲကနေအိမ်တွေ၊ဆိုင်ခန်းတွေအများစုဖောက်ထွင်းခိုးယူခံရပါတယ်။ကားတွေကိုတောင်ယူမောင်းပြီးပျက်တဲ့နေရာမှာထာခဲ့ကြတာပါ။ဆိုင်ကယ်တွေဆိုရင်လည်း ကျောက်တော်ထိသွားရောင်းနေကြပါတယ်။လာဝယ်ကြတာလည်းရှိပါတယ်။တာဝန်ရှိသူတွေစစ်ဆေးအရေးယူပေးစေချင်ပါတယ်။ ”လို့ မောင်တောမြို့ခံတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီမောင်တောမြို့ပေါ်နေရာတချို့မှာ စခန်းချတပ်စွဲခုခံနေကြတဲ့စစ်ကောင်စီလက်နက်ကိုင်တွေကို အာရက္ခတပ်တော်(AA)က လိုက်လံချေမှုန်းနေသလို မောင်တောမြို့အဝင်၊မြို့သူကြီးကျေး ရွာဟောင်းမှာတည်ရှိတဲ့အမှတ် ၅နယ်ခြား စောင့်ရဲတပ်ရင်းကို ဝိုင်းရံပိတ်ဆို့ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲဒီမောင်တောမြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)၊ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက် ကိုင်အကြမ်းဖက်သမားတွေပူးပေါင်းပြီး မြို့ပေါ်လူနေအိမ်တွေ၊စာသင်ကျောင်းတွေ၊ဗလီတွေ၊ဘုန်းကြီးကျောင်းတွေ၊ဌာနဆိုင်ရာရုံးတွေကို အကာအကွယ်ယူပြီး ခုခံနေကြတာလို့ မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ထဲမှာ စစ်ကောင်စီတပ်လက်နက်ကိုင်တွေကျန်ရှိနေသေးသ လားဆိုတာကို Border News Agency က အတိအကျမသိပေမယ့် မြို့ပေါ်နေရာအများစုကိုတော့ အာရက္ခတပ်တော်(AA)က နေရာယူထိန်း ချုပ်ထားပြီး မြို့ထဲမှာကျန်နေခဲ့ကြတဲ့အရပ်သားတချို့က ဖောက်ထွင်းခိုးယူနေကြတာလို့ မောင်တောမြို့ထဲရှိ လက်နက်ကိုင်တချို့ကပြောကြသလို လက်နက်ကိုင်တွေနဲ့ရင်းနှီးနီးစပ်သူတွေသာဝင်ရောက်ဖောက်ထွင်းခိုးယူနေကြတာလို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီလိုမျိုးဖောက်ထွင်းခိုးယူခံနေကြရတာဟာ ပြည်သူလူထုရဲ့အားကိုးယုံကြည်မှုတွေ ကျဆင်းလာစေပြီး အထက်လူကြီးတွေ၊တာဝန်ရှိသူတွေ ဖြေရှင်းရခက်ခဲလာစေမှာဖြစ်သလို အပြီးသတ်သိမ်းပိုက်ဖို့အတွက် မလိုအပ်ဘဲအချိန်ကြာခက် ခဲသွားစေနိုင်တယ်လို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။
”အထက်ကလူကြီးတွေခေါင်းခံရှင်းရမယ်လို့မြင်ပါတယ်။ပေါင်းစားလုပ်စားနေကြတာပါ။ဘယ်သူတွေဖောက်ထွင်းခိုးယူနေကြတာလဲလူတိုင်းသိနေမြင်နေကြပါတယ်။အချိန်မီ တားဆီးအရေးမယူရင်တော့ နောက်ပိုင်း ဖြေရှင်းရမှာမလွယ်ပါဘူး။ခုကကြောက်လို့မပြောရဲကြရင်နောက်ပိုင်းပြည်သူတွေယုံကြည်မှုပျက်သွားနိုင်ပါတယ်။”လို့ နောက်ထပ်မောင်တောမြို့ခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီမောင်တောမြို့ပေါ်မှလူနေအိမ်တွေ၊ဆိုင်ခန်းတွေ အရေအတွက်ဘယ် လောက်ထိ ဖောက်ထွင်းခိုးယူခံနေကြရ သလို Border News Agency က စာရင်းအတိအကျမသိရသေးပေမယ့် မြို့ပေါ်နေအိမ်အများစု၊မြို့မစျေးကြီးအနီး ရှိ ဆိုင်းခန်းအများစုဖောက်ထွင်းခိုးယူခံထာရပြီလို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအင် အားငါးထောင်ခန့်ထိစစ်ကောင်စီတပ် ဘက်မှ ပူးပေါင်းပါဝင်တိုက်ခိုက်ပေးနေကြသလို စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီအသုံးပြုခုခံနေကြသလို အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေလည်း အင်အားထောင်နဲ့ချီပြီးထိုးစစ်ဆင်တိုက်ခိုက်နေကြတာဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုလက်နက်ကိုင်အင်အားစုတွေ၊တပ်ဖွဲ့ဝင်တွေများပြားနေတာမို့ ဘယ်သူတွေက ဘယ်အချိန်ကတည်းက ဖောက်ထွင်းခိုးယူနေကြသလဲဆိုတာကိုတော့ Border News Agency က အတည်မပြုနိုင်သေးပေမယ့် အရပ်သားပြည်သူတွေကတော့ သူတို့နေအိမ်တွေ၊စျေးဆိုင်တွေ၊ပိုင်ဆိုင်မှုတွေ ဖောက်ထွင်းခိုးယူခံနေကြရသလို ဖောက်ထွင်းဝင်ရောက်ဖျက်ဆီးခံနေကြရတာတွေလည်းရှိနေကြတယ်လို့ ဒေသခံပြည်သူတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-မောင်တောမြို့၊မြို့သစ်ရပ်ကွက်မှ ဖောက်ထွင်းဖျက်ဆီးခံထားရတဲ့နေအိမ်/ပေးပို့)
No photo description available.
All reactions:

16

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here