အမ်းမြို့နယ်မှာ ရေကြီးလို့ လူတွေ ဘေးလွှတ်ရာသို့ ရွေ့ပြောင်းနေကြရ
Border News Agency
အမ်း၊စက်တင်ဘာ ၁၂။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာအမ်းမြို့ နယ်၊ရူးကျေးရွာအုပ်စုမှာ စက်တင်ဘာလ ၁၂ ရက်၊ဒီနေ့ မိုးကြီးရေလျှံနေသလို တောင်ကျရေတွေကြောင့် ကျေးရွာတွေမှာရေကြီးလာလို့ လူတွေဘေးလွှတ်ရာသို့ ရွေ့ပြောင်းနေကြရတယ်လို့ ကျေးရွာသားတွေက တိုကြပါတယ်။
အဲဲဒီအမ်းမြို့နယ်၊ရူးကျေးရွာအုပ်စုကနေအိမ်လေးဆယ်ခန့်က လူဦးရေတစ်ရာခန့် ဘေးလွှတ်ရာသို့ ရွေ့ပြောင်းနေကြရတယ်လို့ ကျေးရွာသားတွေက ဆိုကြပါတယ်။
”အနိမ့်ပိုင်းကနေအိမ်တွေကနေတွေကတော့ ဘေးလွှတ်ရာသို့ပြောင်းသွားကြပါတယ်။ရေကတက်နေတုန်းပါပဲ။နောက်ဘယ်လိုဖြစ်လာမလဲမသိသေးပါဘူး။”လို့ အမ်းမြို့နယ်၊ရူးဒေသခံတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီအမ်းမြို့နယ်အပြင် တောင်ကုတ်မြို့နယ်မှာလ ည်း ရေကြီးရေလျှံတာတွေဖြစ်နေပြီး ဒေသခံပြည်သူတွေ အကူအညီတွေ လိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီတောင်ကုတ်မြို့နယ်မှာတော့ မြို့မစျေးကြီးအ ပြင် မြို့ပေါ်ရပ်ကွက်တချို့လည်း ရေနစ်နေပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာမို့ နောက်ထပ်နစ်မြုပ်တာတွေလည်းဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ရခိုင်အပါအဝင် မြန်မာပြည်အနှံ့မှာ ရေကြီးရေလျှံနစ်မြုပ်တာတွေ၊လူသေဆုံးတာတွေဖြစ်နေပေမယ့် အာဏာသိမ်းစစ်တပ်က ကူညီကယ်ဆယ်ရေးတွေမပြုလုပ်သေးဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်ရဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဘာမှမလုပ်ဘဲရုံးမှာထိုင်နေကြတယ်လို့ လူကယ်ပြန်ဝန်ထမ်းတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-အမ်းမြို့နယ်၊ရူးကျေးရွာအုပ်စုမှဘေးလွှတ်ရာသို့ရွေ့ပြောင်းနေကြသူတွေ/CJ)