ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာနကို တပ်ဖွဲ့ဝင်အသစ်တွေနဲ့ဖွဲ့စည်းမယ်
မြောက်ဦး၊စက်တင်ဘာ ၁၄။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန“Department of Law Enforcement and Public Security (DLEPS)”ကို တပ်ဖွဲ့ဝင်အသစ်တွေခေါ်ယူပြီး တိုးချဲ့ဖွဲစည်းသွားမယ်လို့ စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီအပြင် ပြည်သူလူထုနဲ့ပူးပေါင်းပြီး ပိုမိုလုံခြုံစိတ်ချရတဲ့အနေအထားမျိုးရရှိလာစေရန်အတွက် ဒီထက်ပိုမိုအားစိုက်ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်(A A)ဟာ အာရက္ခဒေသက မြို့အများစုကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်တဲ့မြို့တွေကိုလ ည်းထိုးစစ်ဆင်တိုက်ခိုက်နေသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်း တပြိုင်တည်းလုပ်ဆောင်နေပါတယ်။
အဲဒီအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အုပ်ချုပ်ရေး၊တရားစီရင်းရေးအ ပြင်ကျန်းမာရေးကဏ္ဍတွေကိုလည်းအကောင်အထည်ဖော်ဆောင်ရွက်နေပြီး ”ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန”ကို တပ်ဖွဲ့ဝင်အသစ်တွေနဲ့တိုးချဲ့ဖွဲ့စည်းကာ အာရက္ခပြည်သူတွေရဲ့ဘေးကင်းလုံခြုံရေး၊တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာနမှာ အာရက္ခဒေသနေ စုံလင်ကွဲပြားတဲ့အာရက္ခပြည်သားအားလုံးဝင်ရောက်တာဝန်ထမ်းဆောင်ပြီး အာရက္ခပြည်သူတွေ ဘေးကင်းလုံခြုံရေး၊တရားဥပဒေမိုးမိုးရေးအတွက် အာရက္ခပြည်သူတွေလည်း ပူးပေါင်းပါဝင်သင့်တယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့ လာသူတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းကဆိုကြပါတယ်။
”ရခိုင်လူမျိုးတွေအပြင် မြို၊သက်၊ခမီ၊ဒိုင်းနက်၊မာရမာကြီး၊ကမန်၊ဟိန္ဒူ၊မွတ်ဆ လင်တွေလည်း ဝင်ရောက်တာဝန်ထမ်းဆောင်သင့်ပါတယ်။အာရက္ခဒေသမှာ ပြည်သူတွေ ဘေးကင်းလုံခြုံရေး၊တရားဥပဒေမိုးမိုးရေးအတွက် လူတိုင်းမှာတာဝန်ရှိပါတယ်။ပြည် သူလူထုလည်းပူးပေါင်းပါဝင်ကြဖို့လိုအပ်ပါတယ်။
”လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အာရက္ခစစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(A A)က ပေါက်တော၊မင်းပြား၊မြောက်ဦး၊ကျောက်တော်၊မြေပုံ၊ပုဏ္ဏားကျွန်း၊ရမ်းဗြဲ၊ရသေ့တောင်၊ဘူးသီးတောင်၊သံတွဲမြို့တွေအပြင် ပလက်ဝဒေသကိုအပြီးသတ်သိမ်းပိုက်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့အုပ်ချုပ်ရေး၊တရားစီရင်းရေးအပြင်ကျန်းမာရေးကဏ္ဍတွေကိုလည်းအကော င်အထည်ဖော်ဆောင်ရွက်နေပေမယ့် အာရက္ခပြည် သူလူထုဘေးကင်းလုံခြုံရေး၊တရားဥပဒေစိုးမိုးရေးတွေမှာ လို အပ်ချက်တွေရှိနေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုအာရက္ခပြည်သူလူထုဘေးကင်းလုံခြုံရေး၊တရားဥပဒေစိုးမိုးရေးတွေမှာ အာရက္ခဒေသနေပြ ည်သူလူထုလည်း စည်းကမ်းလိုက်နာသင့်သလို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပြီး ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာနဟာ အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာပြီး နိုင်ငံတကားစံနှုန်းတွေအတိုင်းလိုက်နာအကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ပံ့ပို့ကူညီပေးသင့်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် တော်လှန်ရေးဆင်နွဲ့နေချိန်ဖြစ်တာမို့ အာနည်းချက်တွေ၊လိုအပ်ချက်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက နားလည်လက်ခံပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာပြီးနိုင်ငံတကားစံနှုန်းတွေအတိုင်းလိုက်နာအကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံအသိုင်းအဝိုင်းကလ ည်း အကြံဥာဏ်တွေ၊နည်းပညာတွေ၊လိုအပ်တာတွေကို ပံ့ပို့ကူညီထောက်ပံ့ပေးသင့်တယ်လို့ ဆိုကြပါတယ်။
”ULA/AA ကို လည်း နိုင်ငံတကာအသိုင်းအဝိုင်းက ထိတွေ့ဆက်ဆံကြရပါမယ် ။ပြစ်တင်ဝေဖန်နေတာတွေထက် အကြံပေးရပါမယ်။ကူညီထောက်ပံ့ပေးရပါမယ်။ULA/AA မှာလိုအပ်ချက်တွေအများကြီးရှိနေပေမယ့် ကြိုးစားတည် ဆောက်နေတာ၊အရေးယူပြုပြင်နေတာတွေကိုလည်း အသိအမှတ်ပြုရပါမယ် ။”လို့ နိုင်ငံတကာအသိုင်းအဝိုင်းမှအရာရှိကြီးတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အာရက္ခတပ်တော်ဟာ မောင်တောမြို့အပါအဝင် တောင်ကုတ်၊ကျိန္တလီ၊ဂွ၊အမ်း၊စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်မြို့တွေကိုလည်း တမြို့မကျန် အလုံးစုံသိမ်း ပိုက်ရရှိရေးအတွက် ထိုးစစ်ဆင်နေပြီး အာရက္ခဒေသတခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးရင် တပြည်ထောင်စနစ်နဲ့အုပ်ချုပ်သွားမယ်လို့ သတင်းမီဒီယာကို တရားဝင်ပြောဆိုထားပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုအသိအမှ တ်ပြုဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားဖြတ်အစိုးရတာဝန်ရှိသူတွေ၊အိန္ဒိ ယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်လည်းပြော ဆိုထားသလို အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာနမှတွဲဖက်အတွင်းရေးမှူးကလည်း ပလက်ဝဒေသကနေစစ်တွေ မြို့ထိလျှပ်စစ်ဓာတ်အားပေးဖို့ဆန္ဒရှိနေတယ်လို့ စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ဖော်ပြော ဆိုထားပါတယ်။
အာရက္ခဒေသမှာ တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံရဲ့ရင်းနှီးမြုပ်နှံ့မှုတွေရှိနေသလို သ ဘာဝသယံဇာတတွေ၊အ ရင်းအမြစ်တွေအများအများရှိနေသလို ဖြေရှင်းရမယ့် ပဋိပက္ခတွေလည်းရှိနေသေးတာမို့ နိုင်ငံတကာအသိုင်းအဝိုင်းက အပြုသဘောဆောင်တဲ့ပူးပေါင်းပါဝင်ထောက်ပံ့ကူညီမှုတွေ၊အကြံပေးချက်တွေမဖြစ် မနေလိုအပ်နေတယ်လို့လည်း ရခိုင်အရေးစောင့်ကြည့်လေ့လာသူတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-အာရက္ခပြည်သူ့အစိုးရရဲ့ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတခု/BNA)