စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်လို့ လေးရက်မှာ အရပ်သားလေဦးသေဆုံး
Border News Agency
တောင်ကုတ်၊စက်တင်ဘာ ၁၉။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်တိုက် ခိုက်နေတဲ့အာရက္ခဒေသမှာစက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့ထိ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် ထိခိုက်ဒဏ်ရာရရှိသွားသူလည်း အနည်းဆုံးဆယ်ဦးခန့်ရှိခဲ့ပြီး စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေ၊အများပြည်သူနေရာတွေကို ရည်ရွ ယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်တာတွေ ပိုမိုပြုလုပ်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုသေဆုံးဒဏ်ရာရခဲ့သူတွေဖြစ် ပွားခဲ့ကြတဲ့ ဂွ၊ပုဏ္ဏားကျွန်း၊တောင်ကုတ် မြို့တွေအပြင် တခြားမြို့တွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
”လေယာဥ်ကတော့ နေ့တိုင်းလာနေတာပါပဲ။ကျနော်တို့ကလေယာဥ်လာသံကိုပဲသတိထားနေရတာပါ။လေယာဥ်နဲ့လာပစ်မှာကိုပဲစိုးရိမ်နေရတာပါ။စစ်တပ်ကဘယ်မြို့၊ဘယ်နေရာဖြစ်ဖြစ်လေယာဥ်နဲ့လာပစ်နေတာပါပဲ။”လို့ အာရက္ခပြည်သူတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်က စက်တင်ဘာလ ၁၆ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်လို့ ဂွမြို့နယ်၊ပေါက်တူးကျေးရွာမှ အသက် ၈၂ နှစ်အရွယ်ဒေါ်သန်းကြွယ်၊အသ က် ၃၂ နှစ်အရွယ်ကိုအောင်ဆန်းဦးသေဆုံးခဲ့ပြီး အသက် ၁၃ နှစ်အရွယ်မောင် မင်းခန့်ဇော်၊အသက် ၁၃ နှစ်အရွယ်မဆောင်းသဇင်ဦး၊အသက် ၁၅နှစ်အရွယ်မစုမွန်ကျော်၊အသက် ၁၇ နှစ်အရွယ်မောင်ဖြိုးမင်းအောင်၊အသက် ၆၅ နှစ်အရွယ်ဒေါ်ရွှေနှင်းဆီ၊အသက် ၉၂ နှစ်အရွယ်ဒေါ်အေးပုံဒဏ်ရာရရှိခဲ့ကြတယ်လို့ ဂွဒေ သခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့ပေါ်ကို စက်တင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်မှလေကြောင်းတိုက်ခိုက်လို့ အရပ်သားတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားခဲ့သလို တောင်ကုတ်မြို့နယ်ရှိ နေပူတောင်ကို စက်တင်ဘာလ ၁ ၉ ရက် နေ့က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ပိန္နဲစမ်းကျေးရွာမှ အသ က် ၄၅ နှစ်အရွယ်ဒေါ်တင်တင်လှ သေဆုံးသွားခဲ့တယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
အာရက္ခဒေသရှိလက်ကျန်မြို့အားလုံးကို အာရက္ခတပ်တော်က ဝိုင်းရံပိတ်ဆို့ထားပြီးမို့ စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကို ပိုမိုပြုလုပ်နေပြီး အရပ်သားပြည်သူတွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်တာတွေပြုလုပ်နေတာဟာ လူမျိုးရေးအငြိုးတရာတွေကြောင့်ဖြစ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတ ယ်။
”တိုက်ပွဲဖြစ်နေလို့ တိုက်ပွဲဖြစ်နေတာကိုလာပစ်တာမဟုတ်ပါဘူး။အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာတွေပြုလုပ်နေတာပါ။ရခိုင်တွေသေရင်သေပါစေဆိုပြီးလူမျိုးရေးမကျေနပ်ချက်တွေနဲ့လာပစ်သတ်နေတာပါ။ဒါကိုနိုင်ငံတကာအသိုင်းအဝိုင်းကအရေးယူပေးကြစေချင်ပါတယ်။”လို့အာရက္ခပြည်သူတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်တိုက် ခိုက် အာရက္ခပြည်သူရာနဲ့ချီပြီး သေဆုံးဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေ၊စာသင် ကျောင်းတွေ၊ဘာသာရေးဆိုင်ရာအဆောက်အအုံတွေ၊ဆေးရုံ၊ဆေးပေးခန်းတွေ၊ရှေးဟောင်းအမွေအနှစ်တွေ၊ရှေးဟောင်းဘုရားပုထိုးတွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော်အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်း ချုပ်ထားတဲ့မြို့တွေ၊အာရက္ခတပ် တော်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မြို့တွေသာမကဘဲ တိုက်ပွဲဖြစ်ပွားတာမရှိသေးတဲ့နေ ရာတွေ၊မြို့တွေကိုလည်း ရည်ရွယ် ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ဖျက်စီးတာတွေ ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါ တယ်။
အဲဒီစစ်ကောင်စီတပ်ဟာ ပြည်သူလူထုရဲ့လူနေအိမ်၊ဆေးရုံ၊စာသင်ကျောင်း၊ဘုရားကျောင်းကန်၊တန်ဆောင်း၊သာသနိကအဆောက်အအုံတွေအပြင် အရင်အစိုးရလက်ထက် အသုံးပြုခဲ့ကြတဲ့ဌာနဆိုင်အဆောက်အအုံတွေကိုလည်းလက်နက်ကြီးပစ်ခတ်တာတွေ၊လေကြောင်းတိုက်ခိုက်တာတွေ၊ရေတပ်စစ် သင်္ဘောကြီးတွေက ပစ်ခတ်တာတွေ ပြုလုပ်နေတုန်းပဲလို့ အာရက္ခတပ်တော်ကထုတ်ပြန်ထားပါတယ်။
(ဓာတ်ပုံ-စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ပျက်စီးနေတဲ့မောင်တောမြို့ပေါ်မှဘုန်းကြီးကျောင်းကို စက်တင်ဘာလ ၁၉ ရက်နေ့တွေ့ရပုံ/BNA)

All reactions:
4747