သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ သုံးဦးသေပြီးသုံးဦးဒဏ်ရာပြင်းထန်
Border News Agency
သံတွဲ၊စက်တင်ဘာ ၂၃။
အာရက္ခတပ်တော်(AA)က အပြီးသတ်တိုက်ခိုက်သိ မ်းပိုက်ထိန်းချုပ်ထားတဲ့သံတွဲမြို့နယ်၊ပေါက်တူးကျေးရွာကို စက်တင်ဘာလ ၂၂ ရက်နေ့၊နံနက် ၁၀ နာရီ ၄၅ မိနစ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ သုံးဦးသေဆုံးပြီးသုံးဦးဒဏ်ရာပြင်း ထန်စွာရရှိသွားခဲ့တယ်လို့ သံတွဲဒေသခံတွေက အ တည်ပြုပြောကြပါတယ်။
အဲဒီသံတွဲမြို့နယ်၊ပေါက်တူးကျေးရွာကို စစ်ကောင် စီတပ်က ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်လို့ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး အသက် ၃ ၉ နှစ်အရွယ်ဦးဇော်မင်းထွန်း၊အသက် ၃၅ နှစ်အရွ ယ်ဒေါ်ခင်သူဇာနိုင်၊အသက် ၉နှစ်အရွယ်မောင်ရာဇာမင်းတို့ သေဆုံးသွားခဲ့ကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် အသက် ၁၅ နှစ်အရွယ်မောင်ရာဇာထွ န်း၊အသက် ၃၉နှစ်အရွယ်ငွေဇင်ကျော်၊အသက် ၅၅ နှစ်အရွယ် ဒေါ်ညိုအေးတို့လည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြတယ်လို့ ဆိုကြပါတယ်။
အဲဒီပေါက်တူးကျေးရွာဟာ သံတွဲ-ဂွကားလမ်းပေါ်မှာတည်ရှိတာမို့ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်ခဲ့တာလို့ ရွာသားတွေက ဆိုကြပါတယ်။
”ရွာထဲကိုတမင်တကာလာပစ်သွားတာပါ။ပြည်သူတွေသေအောင်လာပစ်တာပါ။ပြည်သူတွေကရွာမှာနေတာတောင်လေယာဥ်က ဗုံးလာကြဲမှာကိုကြောက်နေကြရပါတယ်။မိသားစုဝင်တွေပါသေသွားတာက။ဒဏ်ရာရသူတွေလည်းစိုးရိမ်ရပါတယ်။”လို့ ပေါက် တူးရွာသားတစ်ဦးက Border News Agency သို့
ပြောပါတယ်။
အဲဒီသံတွဲမြို့နယ်တခုလုံးကို အာရက္ခတပ်တော်(AA) မှ စက်တင်ဘာလ ၅ ရက်နေ့က အပြီးသတ်သိမ်းပို က်ထိန်းချုပ်ထားပြီးနောက် အဲဒီသံတွဲမြို့နယ်၊ပေါ က်တူးကျေးရွာကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ စ စ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်လို့ အရပ် သားပြည်သူနှစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့
တယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့” ၁၀၂၇စစ်ဆင်ရေး”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော – အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ် ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်ကအရပ်သား ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လေကြာင်းပစ်ခ တ်တိုက်ခိုက်သတ်ဖြတ်မှုတွေကျူးလွန်နေပြီး ခုနော က်ပိုင်းမှာ အရပ်သားပြည်သူတွေကို လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ ပိုမိုကျူးလွန်လာနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
”ရခိုင်မှာ ခုနောက်ပိုင်းက လေယာဥ်တွေနဲ့နေ့တိုင်လာပစ်နေတာပါ။နေ့ရော့ညပါလာပစ်နေတာပါ။လေယာဥ်သံကိုဂရုစိုက်နားထောင်ပြီးနေရတာပါ။နိုင်ငံတ ကာကအရေးယူပေးစေချင်ပါတယ်။ ”လို့ အာရက္ခပြည်သူတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်(A A)က အာရက္ခဒေသရှိမြို့အများစုကို အပြီးသတ်တို က်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးလက်ကျန်မြို့တွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသလို လက်ကျန်မြို့အားလုံးကို အပြီးသတ်တိုက်ခို က်သိမ်းပိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)က
ထုတ်ပြန်ထားပါတယ်။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ စစ်ကောင်စီတပ်ဟာ သံတွဲမြို့နယ်အပြင် အမ်း၊တောင်ကုတ်၊ဂွ၊ပုဏ္ဏားကျွ န်း၊ပေါက်တော၊စစ်တွေ၊မောင်တောမြို့တွေကိုလ ည်း လေကြောင်းတိုက်ခိုက်မှုတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေပြီး အရပ်သားပြည်သူတွေ၊အများပြည်သူနေရာတွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီစစ်ကောင်စီတပ်ဟာ ပြည်သူလူထုရဲ့လူနေအိမ်၊ဆေးရုံ၊စာသင်ကျောင်း၊ဘုရားကျောင်းကန်၊တန် ဆောင်း၊သာသနိကအဆောက်အအုံတွေအပြင် အရင်အစိုးရလက်ထက် အသုံးပြုခဲ့ကြတဲ့ဌာနဆိုင်အ ဆောက်အအုံတွေကိုလည်း လက်နက်ကြီးပစ်ခတ်တာတွေ၊လေကြောင်းတိုက်ခိုက်တာတွေ၊ရေတပ်စစ်
သင်္ဘောကြီးတွေက ပစ်ခတ်တာတွေပြုလုပ်နေတုန်းပဲလို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
(ဓာတ်ပုံ-စစ်ကောင်စီတပ်အသုံးပြုနေတဲ့လေယာဥ်/တပ်မတော်(လေ)

All reactions:
9191