အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ
Border News Agency
အမ်း၊အောက်တိုဘာ ၁၉။
အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်ဆင်တိုက်ခိုက်တွေကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေ အများအပြားပြုလုပ်ခုခံနေတာမို့ တိုက်ပွဲတွေပြင်းထန်နေဆဲလို့ အမ်းဒေသခံ တွေက ဆိုကြပါတယ်။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့အမ်းမြို့နယ်၊အမ်းမြောက်အုပ်စုမှာတည်ရှိတဲ့အမှတ် ၃၇၃ ခြေမြန်တပ်ရင်းကို အာရက္ခတပ်တော်(AA)က အောက်တိုဘာ လ ၁၀ ရက်နေ့ကစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ တိုက်ပွဲတွေ ပြင်းထ န်နေတာလို့ အမ်းဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအမှတ် ၃၇၃ ခြေမြန်တပ်ရင်းဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ထဲသို့ ဝင်ရောက်မယ့်နေရာ မြို့အစွန်မှာတည်ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့လေကြောင်းပစ်ကူတွေ အသုံးပြုခုခံနေပေမယ့် အာရက္ခတပ်တော်ရဲ့မြေပြင်ထိုးစစ်ကို မခုခံမကာကွယ်နိုင်တာမို့ မကြာခင်တပ်ရင်းကျသွားနိုင်တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုမှာ စစ်မတိုင်ချင်ကြတော့သလို အာရက္ခတပ်တော်(AA)က လာရောက်ထိုးစစ်ဆင်တိုက်ခိုက်မှာကို စောင့်နေကြတာမို့ လက်နက်ချအညံ့ခံတာတွေ၊အလံဖြူထော င်တာတွေထိဖြစ်လာနိုင်တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
”စစ်သားတွေထွက်ပြေးနေကြတယ်။တချို့ကိုတော့ပြန်ဖမ်းမိတယ်။တိုက်ပွဲတွေပြင်းထန်နေတာ့ အဲဒီကြားထဲက ထွက်ပြေးနေကြတာ။ဝန်ထမ်းတွေရော့စစ် သားတွေကိုပါထွက်မပြေးရဘူးလို့စည်းကမ်းထုတ်ထားပေမယ့်ရတဲ့နေရာကထွက်ပြေးနေကြတယ်။”လို့လို့ အမ်းမြို့နယ်၊အမ်းတောင်အုပ်စုရှိ အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ(လျှပ်စစ်)မှ စစ်ကောင်စီတပ်အရာရှိတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအမ်းမြို့ပေါ်မှစစ်ကောင်စီဝန်ထမ်းဌာနဆိုင်ရာတွေအပါအဝင်စစ်ကောင်စီတပ်လက်နက်ကိုင်တွေဟာ မအီ-လုံးတော်ပေါက်ရေလမ်းက ထွက်ပြေးနေကြသလို တောလမ်းအတိုင်းရိုးမကို ဖြတ်ကျော်ထွက်ပြေးနေကြတာတွေလည်းရှိနေကြတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအမ်းမြို့နယ်၊အမ်းမြောက်အုပ်စုမှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊အမှတ် ၃၇၁ ခြေမြန်တပ်ရင်း၊အမှတ် ၃၇ ၃ ခြေမြန်တပ်ရင်း၊အမှတ် ၃၇၄ ခြေမြန်တပ်ရင်း၊အမှတ်၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊အမှတ် ၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊အမှတ် ၃၄၅ စက်လက်နက်ပစွည်းတပ်ခွဲ၊စစ်ဖက်ရေး ရာလုံခြုံရေးတပ်ဖွဲ့ (နပခ)တို့တည်ရှိပါတယ်။
အမ်းမြို့နယ်၊လုံကောက်အုပ်စုမှာ အမှတ် ၃၇ ၂ခြေမြန်တပ်ရင်း၊အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊အမှ တ် ၉၂၆ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ခွဲတို့ တည်ရှိနေပါတယ်။
အဲဒီအပြင် အမ်းမြို့၊စျေးရပ်ကွက်မှာ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ် ရင်း၊အမ်းတောင်အုပ်စုမှာအမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ(လျှပ်စစ်)၊လေယာဥ်ကွ င်းရပ်ကွက်မှာအမှတ် ၁၀ တပ်ထိန်းတပ်ခွဲတို့တည်ရှိပါတယ်။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာအမ်းမြို့မှာ စစ်ကောင်စီတပ်ရင်းအများအပြားရှိပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်မှုထမ်းဟောင်းတွေ၊စစ်ကောင်စီဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေက ထွက်ပြေးကြဖို့ တိုက်တွန်း ပြောဆိုနေကြတာမို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးနေကြတာလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
”အသိတပ်ထွက်တွေက အမ်းမှာ သူ့တို့သူငယ်ချင်းတွေကို ပြေးခိုင်းထားတယ်။တိုင်းကလူတွေကိုပါ ထွက်ပြေးခိုင်းနေကြတာ။မိသားစုတွေကလည်း ကြုံသလိုထွက်ပြေးလာကြဖို့ပြောနေကြတာ။ရေလမ်းကရော့၊တောလမ်းက ပါပြေးနေကြတာပဲ။”လို့ အမ်းမြို့ရှိတပ်ရင်းမှရန်ကုန်မြို့သို့ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်မိသားစုဝင် တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ရဲ့အဓိကဝင်ပေါက်ခံစစ်မဲတောင်ဗျူဟာကို အာရက္ခတပ်တော်က အောက်တိုဘာလ ၇ ရက်၊ညနေ ၃ နာ ရီ ၅၀ မိနစ်အချိန်မှာ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးလို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
အဲဒီမဲတောင်ဗျုဟာကုန်ဟာ အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အဖြောင့်တိုင်း ၁၄ ကီလိုမီတာခန့်အကွာမှာ တည်ရှိတာဖြစ်ပြီး အဲဒီမဲတောင်ဗျူ ဟာကို အာရက္ခတပ်တော်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အနော က်ပိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲဒီမဲတောင်ဗျူဟာကုန်းဟာ စစ်ကိုင်းတိုင်း၊ကလေး၊မော်လိုက်၊ဟုမ္မလင်းအ ခြေစိုက်၊အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်လက်အောက်ခံ အမှတ် ၃၆၂ ခြေမြန်တပ်ရင်း၊အမှတ် ၃၆၅ ခြေမြန်တပ်ရင်း၊အမှတ် ၃၆၉ ခြေမြန်တပ်ရင်းတွေ ခုခံတိုက်ခိုက်နေခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီအပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းတချို့အပါ အဝင် အမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်လက်အောက်ခံ၊အမှတ် ၃၄၆ ခြေမြန်တပ်ရင်း၊အမှတ် ၃၇၂ခြေမြန်တပ်ရင်း၊အမှတ် ၃၇၃ ခြေမြန်တပ်ရင်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့မြေပြင်စစ်ကူလာနိုင်မယ့်ကုန်းလမ်းဝင်ရောက်အားလုံးကို အာရက္ခတပ်တော်က ပိတ်ဆို့ထားသလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတပ်ရင်းတွေကိုလည်း အာရက္ခတပ်တော်က လက်နက်ကြီးပစ်ခ တ်ပြီး မြေပြင်ထိုးစစ်တွေအနီးကပ်ဝ င်ရောက်တိုက်ခိုက်နေတာမို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရများနေကြပြီး ထွက်ပြေးသူတွေလည်းများနေကြတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
(ဓာတ်ပုံ-အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်/BNA)