အာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တော် အပြည့်အဝထိန်းချုပ်နိုင်ဖို့ လိုအပ်နေ

By

အာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တော် အပြည့်အဝထိန်းချုပ်နိုင်ဖို့ လိုအပ်နေ

Border News Agency
မောင်တော၊နိုဝင်ဘာ ၅။

အာရက္ခ-ဘင်္ဂလာနယ်စပ်တလျှောက်လုံးကို အာရက္ခတပ်တော်(AA)မှအပြည့်အဝထိန်းချုပ်ပြီး အကြမ်းဖက်သမားတွေရဲ့အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်ဖို့လိုအပ်နေတယ်လို့ မောင်တောဒေသခံတွေနဲ့ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်တလျှောက်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြဖမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအခြေပြုနေထိုင်ပြီး နယ် စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတယ်လို့ ဒေသခံပြည်သူတွေနဲ့ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြဖမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး မောင်တောခရိုင်မှာ အခြေချလှုပ်ရှားအကြမ်းဖက်မှုတွေကျူးလွန်ဖို့ ကြိုးစားနေကြတယ်လို့လည်း မောင်တောဒေသခံတွေနဲ့ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။

အဲဒီအပြင် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြဖမ်းဖက်သမားတွေဟာ မော င်တောခရိုင်က တောတောင်တွေ၊မွတ်ဆလင်ကျေးရွာတွေ၊မွတ်ဆလင်လူထုကြားထဲမှာရောနှောနေထိုင်နေကြပြီး မောင်တောခရိုင်မှာ လက်နက်ကိုင်အကြ မ်းဖက်မှုတွေ ကျူးလွန်နေကြတယ်လို့လည်း မောင်တောဒေသခံတွေနဲ့ရခိုင်အ ရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူလူထုဘေးကင်းလုံခြုံပြီး အာရက္ခဒေသတည်ငြိမ်အေးချမ်းရေးအတွက် အာရက္ခ -ဘင်္ဂလာနယ်စပ်တလျှောက်လုံးကို အာရက္ခတပ်တော်(AA)မှအပြည့်အဝထိန်းချုပ်ပြီး အကြမ်းဖက်သမားတွေရဲ့အကြမ်းဖ က်မှုတွေကို ကာကွယ်နိုင်ဖို့အရေးတကြီးလိုအပ်နေတယ်လို့ မောင်တောဒေသခံတွေနဲ့ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။

”တပ်တော်ကိုတောင် ပစ်ခတ်တာတွေလုပ်နေကြတာပါ။သာမန်အရပ်သားတွေဘယ်လိုလုံခြုံမှာလဲ။ပြည်သူတွေက ငါးရှာဟင်းခူးတာကအစသွားနေကြတာပါ ။အကြမ်းဖက်သမားတွေကို တပ်တော်ကသေချာရှင်းလင်းဖို့လိုပါတယ်။တပ်တော်က မောင်တောနယ်စပ်ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့အရေးတကြီးလိုအပ်နေပါတယ်။”လို့ မောင်တောဒေသခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာ နယ်စပ်မှတ်တိုင် ဘီပီ-၃၁ မှ အာရက္ခ- ဘင်္ဂလားဒေ့ရှ်- အိန္ဒိယ သုံးနိုင်ငံဆုံရာ နယ်စပ်မှတ်တိုင် ဘီပီ-၇၃ ထိ ၁၂၈. ၇၅ မိုင်ရှိပြီး ဘင်္ဂလားပင်လယ်အော်နတ်မြစ်ဝမှမြောက်ဘက် နတ်မြစ်ဖျားထိ ၃၉ .၈၂ မိုင်ရှိကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ထိစပ်နယ်နိမိတ် ၁၆၈.၅၇ မိုင်ရှည်ပါတယ်။

အဲဒီဘင်္ဂလားပင်လယ်အော်နတ်မြစ်ဝမှမြောက်ဘက်နတ်မြစ်ဖျားကြား ရေ ကြောင်းဝင်ပေါက်တွေကနေပြီး ရိုဟ င်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက် သမားတွေဟာ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေ ကျူးလွန်နေကြသလို တရားမဝင်ကုန်ကူးနေကြတာတွေ၊မူးယစ်ဆေးဝါးသယ်ယူနေကြတာတွေ၊လူကုန်ကူးမှုတွေပြုလုပ်နေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအပြင် ရေပိုင်နက်ကျူးကျော်ငါးခိုးဖမ်းကြတာတွေ၊ရေပိုင်နက်ကို အသုံးပြုပြီး ဆန်၊အရက်၊သစ်၊မူးယစ်ဆေးဝါးစတာတွေကို စက်လှေတွေ၊ဘုတ်ကြီးတွေ၊ကုန်တင်သင်္ဘောကြီူတွေနဲ့တရားမဝင်ကုန်ကူးနေကြတာတွေလ ည်းရှိနေကြသလို အာရက္ခတပ်တော်ကို ချောင်းမြောင်းပစ်ခတ်တာတွေပြုလုပ်နေကြတာမို့ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာတွေလည်းရှိနေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အာရက္ခ-ဘင်္ဂလာနယ်စပ် နတ်မြစ်ထဲမှာ လုံခြုံရေးဆောင်ရွက်နေတဲ့အာရက္ခတပ်တော(AA)တပ်ဖွဲ့ဝင်တွေကို ဇူလိုင်လ ၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဂျာလီယာကျွန်းမှနေပြီး ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)က ချောင်း မြောင်းပစ်ခတ်လို့ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီးခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်မှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မ တော်(ARSA)၊ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖ က်သမားတွေဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ပြန်ပေးဆွဲတာတွေအပါအဝင် လက်နက်ကိုင်အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတယ်လို့ ဒေသခံပြည်သူတွေနဲ့ရခိုင်အရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

”မောင်တောခရိုင်မှာစကစကင်းစင်သွားပြီးရင်တောင်လက်နက်ကိုင်အကြဖမ်းဖက်သမားတွေရဲ့အကြမ်းဖက်မှုတွေဆက်ရှိနေဦးမှာပါ။အေအေအနေနဲ့အကြ မ်းဖက်သမားတွေကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာ အရေးကြီးပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင်နိုင်ငံတကာသံတမန်ဆက်ဆံရေးအရပူးပေါင်းတိုက်ဖျက်ဖို့လဲလိုအပ်ပါတယ်။အကြမ်းဖက်သမားတွေကဘင်္ဂလားဒေ့ရှ်နိုင်မှာခြေကုတ်ယူကျူးလွန်နေကြတော့ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ဆွေးနွေးရှင်းလင်းရပါမယ်။”လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာသူတစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်မှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)နဲ့ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အခြေပြုလှုပ်ရှားနေကြတာဖြစ်သလို အာရက္ခ-ဘင်္ဂလာနယ်စပ်၊နတ်မြစ်ထဲရှိကျွန်းတွေမှာနေပြီး လက်နက်ကိုင်အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည်တွေ၊ဘင်္ဂလားဒေ့ရှ်နိုင် ငံသားတွေ၊မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာရိုဟင်ဂျာဒုက္ခ သည်စခန်းတွေမှာလည်း ရိုဟင်ဂျာဒုက္ခသည်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ပြန်ပေးဆွဲတာတွေ၊လူကုန်ကူးတာတွေ ကျူးလွန်နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။

အဲဒီအထဲကရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)ကို ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့လက်နက်ကိုင်အရာရှိတချို့က ထောက်ပံ့ကူညီပေးထားကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်နိမိတ်မှာ အခြေချနေထိုင်လှုပ်ရှားကာ အကြမ်းဖက်မှုတွေ ကျူးလွန်ကြဖို့ မသိသလိုခွင့်ပြုပေးထားတာဖြစ်တယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ အကြမ်းဖက်မှုတွေကျူးလွန်နေကြတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး အရပ် သားပြည်သူတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်နေကြသလို အာရက္ခတပ်တော်ကိုလည်း ပူးပေါင်းတိုက်ခိုက်နေကြတာလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်မှာ အာရ ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မ တော်(ARSA)နဲ့ရိုဟင်ဂျာစည်းလုံးညီ ညွတ်ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက် သမားတွေ ထောင်နဲ့ချီပြီး လက်နက်ကိုင်အကြမ်းဖက်မှုတွေ ကျူးလွန်ခံကြတာလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ-မောင်တောခရိုင်မှစစ်ကောင်စီစစ်သင်တန်းဆင်မွတ်ဆလင်လက်နက် ကိုင်တချို့/ လူမှုကွန်ရက်)

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here