အမ်းမြို့ပေါ်မှာ ပိတ်မိကျန်နေကြတဲ့စစ်ဘေးရှောင်တွေကို ဘေးလွှတ်ရာသို့ ထွက်ခွာခွင့်ပေးကြဖို့ တောင်းဆို
Border News Agency
အမ်း၊နိုဝင်ဘာ ၈။
အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အမ်းမြို့ပေါ်မှာ ပိတ်မိကျန်နေကြတဲ့စစ်ဘေးရှောင်တွေကို နှစ်ဘက်အဖွဲ့အစည်းတွေက ဘေးလွှတ်ရာသို့ ထွက်ခွာခွင့်ပေးကြဖို့ စစ်ဘေးရှောင်တွေနဲ့အာရက္ခပြ ည်သူတွေ တောင်းဆိုနေကြပါတယ်။
အဲဒီအမ်းမြို့ထဲမှာ စစ်ဘေးရှောင်တစ်ထောင်ကျော်ခန့် ပိတ်မိကျန်နေကြပြီး အဲ ဒီစစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူသားဒိုင်းကာအဖြစ် ဓားစာခံပြုလုပ်ထားကြတာလို့ စစ်ဘေးရှောင်တွေနဲ့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအမ်းမြို့မှာ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဒရုန်းတွေ၊လက်နက်ကြီးတွေ၊ တိုက်လေယာဥ်တွေနဲ့ပစ်ခတ်တိုက်ခိုက်နေတာမို့ စစ်ဘေးရှောင်တွေထိခိုက်သေဆုံးဒဏ်ရာရတာတွေရှိနေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် နှစ်ဘက်အဖွဲ့အစည်းက ပိတ်မိကျန်နေကြတဲ့စစ်ဘေးရှောင်တွကို ဘေးလွှတ်ရာသို့ထွက်ခွာခွင့်ပေးကြဖို့ တောင်းဆိုနေကြတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“နှစ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေကို ထွက်ခွာခွင့်ပေးကြဖို့ တောင်းဆိုပါတယ်။စစ်ဘေးရှောင်တွေကိုတိုက်ပွဲတွေကြားထဲမှာဓားစာခံမပြုလုပ်ကြဖို့တောင်းပန်ပါတယ်။ထွက်ပေါက်တွေ၊လမ်းတွေဖွင့်ပေးစေချင်ပါတယ်။”လို့ အမ်းမြို့ပေါ်မှာပိတ်မိကျန်နေတဲ့စစ်ဘေးရှောင်တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအမ်းမြို့ပေါ်မှအရပ်သာတွေဟာ ဘေးလွှတ်ရာသို့ ထွက်ခွာချင်ကြပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူသားဒိုင်းကာအဖြစ်ဓားစာခံပြုလုပ်ထားကြပြီး မြို့ပေါ်မှစစ်ဘေးရှောင်တချို့ကတော့ မြို့ပြင်တွေ၊တိုက်ပွဲဧရိယာ လွှတ်ကင်းရာနေရာတွေသို့ ထွက်ပြေးလာခဲ့ကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတ ယ်။
အဲဒီအမ်းမြို့ပေါ်နေရာတချို့မှာတိုက်ပွဲတွေ ပြင်းထန်နေပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်ကျန်နေပြီး စစ်ကောင်စီတပ်ကခုခံပစ်ခတ်နေကြတဲ့နေရာတွေမှာသာ စစ်ဘေးရှောင်ပြည်သူတွေ ပိတ်မိကျန်နေကြတာလို့ အမ်းဒေသခံတွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ တိုက်လေယာဥ်တွေ၊လက်နက်ကြီးတွေပစ်ခတ်မှုတွေကြားမှာ စိုးရိမ်ကြောက်လန့်မှု တွေကြောင့် အသက်လုထွက်ပြေးချင်ကြပေမယ့် နှစ်ဘက်တိုက်ပွဲတွေကြားထဲမှာ ပိတ်မိနေကြတာလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့နေရာတွေကနေပြီးစစ်ဘေးရှောင်တွေကို ကယ်ထုတ်ပေးကြစေချင်တယ်လို့လည်း စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
“စစ်သားတွေက စစ်ရှုံးထွက်ပြေးကြချိ န်မှာပစ်သတ်ခဲ့ကြမှာကိုစိုးရိမ်နေမိပါတယ်။ကိုယ့်တပ်တော်ကပဲလာကယ်ထုတ်ပေးစေချင်ပါတယ်။လက်နက်ကြီးတွေ၊လေယာဥ်တွေပစ်နေလို့ဘယ်ပေါက်ကထွက်ပြေးရမလဲမသိပါဘူး။”လို့ အမ်းမြို့ပေါ်မှာပိတ်မိကျန်နေတဲ့စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအမ်းမြို့ထဲမှာ ပိတ်မိကျန်နေကြတဲ့စစ်ဘေးရှောင်တွေဟာ စားသောက်ရေးတွေခက်ခဲနေကြသလို ဆန်းတအိတ်ကိုသုံးသိန်းထိပေးတာတောင်ဝယ်ယူလို့မရတော့ဘူးလို့လည်း စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် လက်နက်ကြီးတွေ၊လေယာဥ်တွေပစ်ခတ်မှုတွေကြားထဲမှာ စိုးရိမ်ကြောက်လန့်နေကြရသလို အသ က်ရှင်ရေးအတွက် စားစရာဆန်တွေအရေးတ ကြီးလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေနဲ့စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီအပြင် နေစရာအဆောင်တွေ၊အဝတ်အထည်တွေ၊စောင်တွေ၊ဆေးဝါးတွေအပါအဝင် ကလေးသူငယ်တွေ၊အမျိုးသမီးတွေ၊သက်ကြီးရွယ်အိုတွေအတွက်လည်း သီးသန့်လိုအပ်ချက်တွေရှိနေကြတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေနဲ့စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာအမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရ င်းအားလုံးကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း တိုက်လေယာဥ်တွေအသုံးပြုပြီး လေကြောင်းပစ်ခတ်နေတာမို့ စစ်ဘေးရှောင်တွေ၊အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရနေကြတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေနဲ့စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီအမ်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာအရာရှိအားလုံးနီးပါးကိုတော့ စစ်ကောင်စီတပ်က ရဟတ်ယာဥ်တွေသုံးပြီး ဘေးလွှတ်ရာသို့ ကယ်ထု တ်သွားခဲ့ပေမယ့် စစ်ဘေးရှောင်ပြည်သူတွေကိုတော့ လူသားဒိုင်းကာအဖြစ် ဓားစာခံပြုလုပ်ပိတ်လောင်ထားတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအမ်းမြို့နယ်ဟာ တောင်ပေါ်ဒေသဖြစ်တာမို့ ဆောင်းရာသီဟာအရမ်းချမ်း အေးလာနေပြီး အနွေးထည်တွေ၊စောင်တွေ၊ဆေးဝါးတွေ၊အိုးခွက်ပုဂံတွေလည်း လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေး နေကြသူတွေနဲ့စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီအပြင် စစ်ဘေးရှောင်အားလုံးအတွ က် နိုင်ငံတကာအဖွဲ့အစည်းတွေကလ ည်း နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးကြဖို့လည်းစစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေနဲ့စစ်ဘေးရှောင်တွေက တောင်းဆိုကြပါတယ်။
အဲဒီအမ်းမြို့ရှိစစ်ဘေးရှောင်အားလုံးအတွက် စားနပ်ရိက္ခါတွေကို လွတ်လပ်စွာသယ်ယူကူညီခွင့်တွေပေးကြဖို့ တောင်းဆိုနေကြသလို စစ်ဘေးရှောင်တွေ၊အ ရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ မပြုလုပ်ကြဖို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြသူတွေနဲ့စစ်ဘေးရှောင်တွေက တော င်းဆိုကြပါတယ်။
(ဓာတ်ပုံ-အမ်းမြို့တွင်းတနေရာကိုတွေ့ရပုံ/BNA)