အာရက္ခပြည်သူနှစ်သန်းကျော် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေ

By

အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အာရက္ခဒေသရှိ အာရက္ခပြည်သူနှစ်သန်းကျော် နိုင်ငံတကာလူသားချင်းစာနာ
ထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေကြတယ်လို့ အာရက္ခပြည်သူတွေနဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေက ဆိုကြပါတ ယ်။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့” ၁၀၂၇စစ်ဆင်ရေး ”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော -အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်ကအာရက္ခဒေသတခုလုံးရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို တား ဆီးကန့်သတ်ပိတ်ဆို့ထားသလို ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း တားမြစ်ကန့်သတ်ခံထားတာမို့ အာရက္ခပြည်သူလူထုတရပ်လုံးစားဝတ်နေရေး၊ကျန်းမာရေး အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အခြေခံစားသောက်ကုန်တွေအပါအဝင် ဆေးဝါးတွေ၊လူသုံးကုန်တွေလည်း စျေးအမြင့်ဆုံးထိဖြစ်နေပြီး နိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီတွေလည်းမရကြတာမို့ အကြပ်တည်းဆုံးအခြေအနေကို ရင်းဆိုင်နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ် ။
အဲဒီအထဲမှာ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး ၊ကျန်းမာရေးအပါအဝင်အခြေခံလိုအပ်ချက်တွေအားလုံးကို အကြပ်တည်းဆုံးခံစားကြုံတွေ့နေကြရပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အရေးတ ကြီးလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here