အာရက္ခဒေသမှ စစ်ဘေးရှောင်ကလေးသူငယ် ခုနှစ်သောင်းနီးပါး အကူအညီတွေလိုအပ်နေ

By

အာရက္ခဒေသမှ စစ်ဘေးရှောင်ကလေးသူငယ် ခုနှစ်သောင်းနီးပါး အကူအညီတွေလိုအပ်နေ
Border News Agency
ပုဏ္ဏားကျွန်း၊နိုဝင်ဘာ ၂၀။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထိန်းချုပ်မှုအောက်ရှိ စစ်ဘေးရှောင်က လေးသူငယ်ခုနှစ်သောင်းနီးပါး အကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲတစ်နှစ်အတွင်းမှာစစ်ဘေးရှောင်ကလေးသူငယ်ခုနှစ်သောင်းနီးပါးရှိနေကြရတာကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့လူ သားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)မှ နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်တာမှာ တွေ့ရပါတယ်။
အဲဒီစစ်ဘေးရှောင်ကလေးသူငယ်တွေဟာ ငါးနှစ်အောက်ကလေးသုံးထောင်ခြောက်ရာကျော်နဲ့ ဆယ့်ရှစ်နှစ်အောက် ကလေးခြောက်သောက်ခြောက်ထောင်ကျော်ရှိနေကြတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) ထုတ်ပြန်တာမှာ ဖော်ပြထားပါတယ်။
အဲဒီစစ်ဘေးရှောင်ကလေးသူငယ်တွေဟာ ကာကွယ်ဆေးတွေထိုးခွင့်မရကြသလို စားဝတ်နေရေး၊ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ပညာသင်ကြားခွင့်တွေလည်း ဆုံးရှုံးနေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“စားဖို့၊နေဖို့က ပိုက်ဆံမရှိဘူး။ဒီကိုလာတော့ဘာမှမပါလာပါဘူး။အဝတ်အစားတွေလည်းမပါလာဘူး။ကလေးတွေခုချမ်းနေကြပါပြီ။ဝတ်ဖို့ဘာမှမပါလာပါဘူး။”မောင်တောမြို့နယ်မှစစ်ဘေးရှောင်ကလေးမိခင်တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်ကလေးသူငယ်တွေထဲမှာ ဘူးသီးတောင်မြို့နယ်ဟာ ငါးနှစ်အောက်ကလေးသူငယ်တစ်ထောင့်နှစ်ရာကျော်အပါအဝင် အသက်ဆယ့်နှစ်နှစ်အောက်ကလေးနှစ်သောင်းငါးထောင်ကျော်နဲ့အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဂွမြို့နယ်မှာတော့အသက်ငါးနှစ်အောက်စစ်ဘေးရှောင်ကလေးသူငယ်ဆယ့်သုံးဦးသာရှိပြီးတောင်ကုတ်နဲ့အမ်းမှာတော့ အသက်ဆယ့်ရှစ်နှစ်အောက်ကလေး သုံးရာခုနှစ်ဆယ်စီရှိနေကြတယ်လို့ ဖော်ပြထားပါတယ်။
စစ်ဘေးရှောင်တွေကတော့ အဲဒီထက်ပိုများနိုင်သလို နေ့စဥ်ထွက်ပြေးနေလာကြတဲ့ စစ်ဘေးရှောင်တွေလည်းတိုးလာနေကြသလို စစ်ဘေးရှောင်စခန်းသို့မလာရောက်ကြသူတွေလည်းရှိနေကြတာမို့ စစ်ဘေးရှောင်တွေ တစ်သန်းကျောထိရှိနိုင်တယ်လို့ ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်ကလေးသူငယ်တွေအတွက်ကာကွယ်ဆေးတွေ၊ဆေးဝါးတွေ၊စားနပ်ရိက္ခါတွေ၊အဝတ်အထည်တွေ၊ပညာရေးတွေကို နိုင်ငံတကာကကူ ညီပံ့ပို့ပေးကြစေချင်တယ်လို့ စစ်ဘေးရှောင်ကလေးသူငယ်တွေရဲ့ မိသားစုဝင်တွေက ဆိုကြပါတယ်။
“နိုင်ငံတကာကကူညီပေးကြစေချင်ပါတယ်။ကလေးတွေကိုကာကွယ်ဆေးထိုးခွင့်ရချင်ပါတယ်။စာလည်းသင်ခွင့်ရချင်ပါတယ်။ခုကစားဖို့၊ဝတ်ဖို့တောင်မရှိပါဘူး။နိုင်ငံတကာကမကူညီရင်အားလုံးဒုက္ခရောက်ကြပါမယ်။”လို့ ပုဏ္ဏားကျွန်မြို့နယ်မှစစ်ဘေးရှောင်ကလေးမိခင်တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲအပါအဝင် ပလက်ဝဒေသကိုလည်း အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အဲဒီအပြင် မောင်တော၊အမ်း၊ဂွ၊တောင်ကုတ် မြို့တွေကိုလည်း အပြီးသတ်သိ မ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တွေ၊ကျောက်ဖြူ၊မာန်အောင် မြို့တွေမှာလည်း စစ်ရေးတင်းမာမှုတွေ ဖြစ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်က အာရက္ခဒေသကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်သွားမယ်လို့ထုတ်ဖော်ပြောဆိုထားတာမို့ တိုက်ပွဲတွေဆက်လက်ပြင်းထန်းလာမှာဖြစ်ပြီး စစ်ဘေးရှောင်တွေထပ်တိုးလာမှာ သေချာနေတာမို့ အာရက္ခပြည် သူတွေ ကြိုတင်ပြင်ဆင်ထားရမယ်လို့ ဆိုရပါမယ်။
(ဓာတ်ပုံ-အာရက္ခဒေသမှစစ်ဘေးရှောင်ကလေးတစ်ဦး/BNA)

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here