ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား ၂၀ ဦးကို ပြန်လည်လွှဲပြောင်းပေး
Border News Agency
မောင်တော၊နိုဝင်ဘာ ၂၀။
အာရက္ခရေပိုင်နက်အတွင်းသို့ နိုဝင်ဘာလ ၅ ရက်နေ့က ကျူးကျော်ဝင်ရောက်ငါးခိုးဖမ်းခဲ့ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ကို ပြန်လည်လွှဲ ပြောင်းပေးလိုက်ပြီလို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
အဲဒီငါးဖမ်းလှေအစီး ၆၀ ခန့်ကို အာရက္ခတပ်တော်၊ကမ်းခြေစောင့်လုံခြုံရေးတ ပ်ဖွဲ့ဝင်တွေက တွေ့ရှိခေါ်ယူဖမ်းဆီးခဲ့ရာ ငါးဖမ်းလှေ ၁၅ စီး(စက်တပ် ၂ စီး၊စ က်မပါဘဲ ၁၃ စီး)နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား၂၀ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီငါးဖမ်းသမား ၂၀ဦးကို ၂ ရက်ကြာ ထိမ်းသိမ်းထားစစ်ဆေးမေးမြန်းပြီးနော က် နိုဝင်ဘာလ ၇ ရက်နေ့က ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)သို့ ပြန်လ ည်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ငါးဖမ်းလှေ ၁၅ စီး (စက်တပ် ၂ စီး၊စက်မပါဘဲ ၁၃ စီး) ထဲမှ ၇ စီးကိုသာ နိုဝင်ဘာလ ၂၀ ရက်နေ့က ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)သို့ ပြန်လ ည်လွှဲပြောင်းပေးနိုင်ခဲ့ပြီး ကျန်ငါးဖမ်းလှေ ၈ စီးကိုတော့ လုံခြုံရေးအာမခံချက်ရှိချိန်မှ လွှဲပြောင်းပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား ၁၆ ဦးကို အောက်တိုဘာ ၁၄ ရက်နေ့ကလည်း အာရက္ခတပ်တော်က ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)သို့ပြန် လည်လွှဲပြောင်းပေးနိုင်ခဲ့ဖူးပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသ မား ၅ ဦးကို အောက်တိုဘာ ၉ ရက်နေ့ကလည်း အာရက္ခတပ်တော်က ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)သို့ပြန်လ ည်လွှဲပြောင်းပေးခဲ့ဖူးပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားတွေဟာ ဆင်းရဲနွမ်းပါးသူတွေဖြစ်ကြပြီး မိသားစုစားဝတ်နေရေး အကြပ်အတည်းတွေကို ငါးဖမ်းလို့အသက်မွေးဝ မ်းကျောင်းပြုကာ ဖြေရှင်းနေကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားတွေရဲ့မိသားစုစားဝတ်နေရေး အကြပ်အတည်းတွေကို ထောက်ထားငဲ့ညှာမှုနဲ့အတူ သက်ညှာပေးခဲ့တာလို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအပြင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရက္ခတပ်တော်ကြား နှစ်ဖက်နယ်စပ်ရေး ရာကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်ရည်ရွယ်ပြီး ပြစ်ဒဏ်မပေးဘဲချက်ချင်းပြန်လွှတ်ပေးခဲ့သလို ငါးဖမ်းလှေတွေကိုလည်းပြန် လည်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
Photo-AA