အာရက္ခရေပိုင်နက်သို့ ခိုးဝင်ငါးဖမ်းသူတွေကို အာရက္ခတပ်တော် အရေးယူသွားမယ်

By

အာရက္ခရေပိုင်နက်သို့ ခိုးဝင်ငါးဖမ်းသူတွေကို အာရက္ခတပ်တော် အရေးယူသွားမယ်
Border News Agency
မောင်တော၊နိုဝင်ဘာ ၂၁။
အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းသူတွေကိုစစ်ဆေးအပြစ်ပေးအရေးယူတော့မယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ငါးခိုးဖမ်းခဲ့ကြတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား ၂၀ ကို ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)သို့ပြန်လည်လွှဲပြောင်းပေးလိုက်ပြီလို့ နိုဝင်ဘာ လ ၂၀ ရက်နေ့က အာရက္ခတပ်တော်မှ ထုတ်ပြန်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ အာရက္ခရေပိုင်နက်သို့ နောက်ထပ်ကျူးကျော်ဝင်ရောက်ငါးဖမ်းသူတွေကို အပြစ်ပေးအရေးယူတော့မယ်လို့ သတိပေးထားတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှငါးဖမ်းလှေအစီး ၆၀ ခန့်ကို အာရက္ခတပ်တော်၊ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရှိခေါ်ယူဖမ်း ဆီးခဲ့ရာ ငါးဖမ်းလှေ ၁၅ စီး(စက်တပ် ၂ စီး၊ စက်မပါဘဲ ၁၃ စီး)နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား၂၀ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီငါးဖမ်းသမား ၂၀ဦးကို ၂ ရက်ကြာ ထိမ်းသိမ်းထားစစ်ဆေးမေးမြန်းပြီးနောက် နိုဝင်ဘာလ ၇ ရက်နေ့က ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်(BGB) သို့ ပြန်လည်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ငါးဖမ်းလှေ ၁၅ စီး (စက်တပ် ၂ စီး၊စက်မပါဘဲ ၁၃ စီး)ထဲမှ ၇ စီးကိုသာ နိုဝင်ဘာလ ၂၀ ရက်နေ့ ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)သို့ ပြန်လ ည်လွှဲပြောင်းပေးနိုင်ခဲ့ပြီး ကျန်ငါးဖမ်းလှေ ၈ စီးကိုတော့ လုံခြုံရေးအာမခံချက်ရှိချိန်မှ လွှဲပြောင်းပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား ၁၆ ဦးကို အောက်တိုဘာ ၁၄ ရက်နေ့ကလည်း အာရက္ခတပ်တော်က ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)သို့ပြန် လည်လွှဲပြောင်းပေးနိုင်ခဲ့ဖူးပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား ၅ ဦးကို အောက်တိုဘာ ၉ ရက်နေ့ကလည်း အာရက္ခတပ်တော်က ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)သို့ ပြန်လ ည်လွှဲပြောင်းပေးနိုင်ခဲ့ဖူးပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားတွေဟာ ဆင်းရဲနွမ်းပါးသူတွေဖြစ်ကြပြီး မိသားစုစားဝတ်နေရေးအကြပ်အတည်းတွေကို ငါးဖမ်းလို့အသက်မွေးဝမ်း ကျောင်းပြုကာ ဖြေရှင်းနေကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားတွေရဲ့မိသားစုစားဝတ်နေရေး အကြပ်အတည်းတွေကိုထောက်ထားငဲ့ညှာမှုနဲ့အတူ သက်ညှာပေးခဲ့တာလို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအပြင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရက္ခတပ်တော်ကြား နှစ်ဖက်နယ်စပ်ရေး ရာကိစ္စရပ်တွေပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်ရည်ရွယ်ပြီး
ပြစ်ဒဏ်မပေးဘဲချက်ချင်းပြန်လွှတ်ပေးခဲ့သလိုငါးဖမ်းလှေတွေကိုလည်းပြန်လ ည်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
Photo-AA

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here