အမ်းမြို့နယ်၊ကမြင်းကန်(ကံမြင်ကန်)၊ပိန်းရေစမ်း၊ကြက်ရေစမ်းကျေးရွာအနီးတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးပြီး အရှင်ဖမ်းဆီးရမိသူတွေလည်းရှိတယ်လို့ အာရက္ခတပ်တော်(AA)က ဇန်နဝါရီလ ၂၀ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီအပြင် စစ်ကောင်စီတပ်က လက်နက်ခဲယမ်းတွေ၊စစ်အသုံးအဆောင်ပစ္စ ည်းတွေလည်း ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့ထိ တိုက်ပွဲတွေမှာ သိမ်း ဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအမ်းမြို့နယ်၊ကမြင်းကန်(ကံမြင်ကန်)၊ပိန်းရေစမ်း၊ကြက်ရေစမ်းကျေးရွာအနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစိပွားနေတာလို့ ဆိုပါတယ်။
အဲဒီအမ်း-ပဒါန်းကားလမ်းမအနီးမှာ အပြန်အလှန်ထိုးစစ်၊ခံစစ်တွေဟာတပတ်ကျော်ခန့်ကြာမြင့်ခဲ့ပြီလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့တပ်မ ၈၈၊တပ်မ၉၉ လက်အောက်ခံတပ် ရင်းတွေ၊မကွေး၊ကပစမှတပ်ဖွဲ့ဝင်တွေနဲ့ဇန်နဝါရီလ ၁၁ ရက်နေ့ကစတင်ထိတွေ့ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေသို့ အ ကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အထိအခိုက်အကျအဆုံးများပြီး ဆုတ်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
အဲဒီအမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်က အ ပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် အမ်းမြို့နယ်အစွန်ဆုံးအာရက္ခနယ် ခြားထိ အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့တာမို့ စစ်ကောင်စီတပ်ကပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။









