အာရက္ခနယ်ခြားဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

By

အာရက္ခနယ်ခြားဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ
Border News Agency
တောင်ကုတ်၊ဇန်နဝါရီ ၂၀။
အာရက္ခနယ်ခြားဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က ဇန်နဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ပါတယ်။
အဲဒီအာရက္ခ-ပဲခူး၊အာရက္ခ-မကွေး၊အာက္ခ-ဧရာဝတီ နယ်ခြားဒေသတွေမှာ ဇန်နဝါရီလ ၁၁ ရက်နေ့ကစတင်ဖြစ်ပွားနေတာလို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအထဲက အမ်းမြို့နယ်၊ကမြင်းကန်(ကံမြင်ကန်)၊ပိန်းရေစမ်း၊ကြက်ရေစမ်းကျေးရွာအနီးတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးသူများသလို အရှင်ဖမ်းဆီးရမိသူတွေလည်းရှိတယ်လို့ အာရက္ခတပ်တော်(AA)က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။
အဲဒီအပြင် စစ်ကောင်စီတပ်က လက်နက်ခဲယမ်းတွေ၊စစ်အသုံးအဆောင်ပစ္စ ည်းတွေလည်း ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့ထိ တိုက်ပွဲတွေမှာ သိမ်း ဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအမ်းမြို့နယ်၊ကမြင်းကန်(ကံမြင်ကန်)၊ပိန်းရေစမ်း၊ကြက်ရေစမ်းကျေးရွာအနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အမ်း-ပဒါန်းကားလမ်းမအနီးမှာ အပြန်အလှန်ထိုးစစ်၊ခံစစ်တွေဟာ တပတ်ကျော်ခန့်ကြာမြင့်ခဲ့ပြီလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့တပ်မ ၈၈၊တပ်မ ၉၉ လက်အောက်ခံတပ် ရင်းတွေ၊မကွေး၊ကပစမှတပ်ဖွဲ့ဝင်တွေနဲ့ဇန်နဝါရီလ ၁၁ ရက်နေ့ကစတင်ထိတွေ့ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေသို့ အ ကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အထိအခိုက်အကျအဆုံးများပြီး ဆုတ်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
တောင်ကုတ်မြို့နယ်ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ဘရက်နေ့က အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထိန်း ချုပ်ထားပေမယ့် အာရက္ခ-ပဲခူးနယ်ခြားမှာ စစ်ကောင်စီတပ်က စစ်အင်အားဖြည့်ပြီး ထိုးစစ်ဆင်ဖို့ကြိုး စားနေတာလို့ ဆိုပါတယ်။
အဲဒီအမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်က ဒီဇင်ဘာလ ၂၀ ရက်နေ့ကအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် အမ်းမြို့ နယ်အစွန်ဆုံး အာရက္ခနယ်ခြားထိအပြီးသတ်မသိမ်းပိုက်နိုင်ခဲ့တာမို့ စစ်ကောင် စီတပ်က ပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားနေတာလို့ ဆိုပါတယ်။
အာရက္ခ-ဧရာဝတီနယ်ခြား၊ဂွမြို့နယ်ကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ဒီဇင်ဘာ လ ၂၉ ရက်နေ့အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် စစ်ကောင်စီတပ်က စစ်အင်အားဖြည့်ပြီးပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာမို့ တိုက်ပွဲတွေဆက် လက်ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအ ဝင် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင် သုံးမြိုနယ်သာကျန်နေပြီး အဲဒီမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြစ်နေတာမို့ စစ်ကောင်စီတပ်က အရပ်သားပြည်သူနေရာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Photo-AA
May be an image of knife and text
All reactions:

180

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here