Border News Agency
စစ်တွေ၊ဇန်နဝါရီ ၂၁။
စစ်တွေမြို့နယ်၊ဝါဘိုကျေးရွာကို ဇန်နဝါရီလ ၂၀ ရက်၊နေ့လယ် ၁ နာရီကျော်အချိန်ခန့်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်တချို့မီးလောင်ပျက်စီးသွားခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
အဲဒီဝါဘိုကျေးရွာကို စစ်ကောင်စီတပ်ကဒရုန်းနဲ့ဗုံးလေးလုံးထိ ရည်ရွယ်ချက်ရှိရှိကြဲချခဲ့တာမို့ နေအိမ်တွေမီးလောင်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
အာရက္ခတပ်တော်က ပြည်တွင်းရေးကို နိုင်ငံရေးနည်းနဲ့ဆွေးနွေးအဖြေရှာမယ်လို့ ထုတ်ပြန်ထားသ လို စစ်ကောင်စီကလည်း နိုင်ငံရေးအရဆွေးနွေးအဖြေရှာဖို့ အမြဲတမ်းအသင့်ရှိတယ်လို့ ပြောဆိုထားပေမယ့် စစ်ကောင်စီတပ်ဟာ အရပ် သားပြည်သူနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ကအပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးဖို့ထုတ်ပြန်ထားပြီးနောက် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်လို့ အာရက္ခတပ်တော်ဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊တပ်ဖွဲ့တွေရဲ့မိသားစုဝင်တွေလည်း သေဆုံးဒဏ်ရာရခဲ့ကြပါတယ်။
အဲဒီအပြင် အရပ်သားပြည်သူတွေလည်း သေဆုံးဒဏ်ရာရရှိခဲ့ကြပြီး လူနေအိမ်တွေ၊စာသင်ကျောင်းတွေ၊ဘာသာရေးဆိုင်ရာအဆောက်အအုံတွေလည်း ထိခို က်ပျက်စီးသွားခဲ့ကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝ င် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်း ချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင် သုံးမြိုနယ်သာကျန်နေပြီး အဲဒီမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြစ်နေတာမို့ စစ်ကောင်စီတပ်က အရပ်သားပြည်သူနေရာတွေကိုရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအာရက္ခ-ပဲခူး၊အာရက္ခ-မကွေး၊အာက္ခ-ဧရာဝတီနယ်ခြားဒေသတွေမှာ ဇန်နဝါ ရီလ ၁၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဆက်လက်ပြင်း ထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က ဇန်နဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့တပ်မ၈၈၊တ ပ်မ၉၉ လက်အောက်ခံတပ် ရင်းတွေ၊မကွေးကပစမှတပ်ဖွဲ့ဝင်တွေနဲ့ဇန်နဝါရီလ ၁၁ ရက်နေ့ကစတင်ထိတွေ့ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံး၊အရှင်ဖမ်းမိတာတွေ ရှိနေတ ယ်လို့ ဆိုပါတယ်။
အမ်းမြို့နယ်၊ကမြင်းကန်(ကံမြင်ကန်)၊ပိန်းရေ စမ်း၊ကြက်ရေစမ်းကျေးရွာအနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အမ်း-ပဒါန်းကားလမ်းမအနီးမှာ အ ပြန်အလှန်ထိုးစစ်၊ခံစစ်တွေဟာတပတ်ကျော်ခန့်ကြာမြင့်ခဲ့ပြီလို့ ဆိုပါတယ်။
(ဓာတ်ပုံ-အာရက္ခတပ်တော်သိမ်းဆည်းရမိထားတဲ့စ်ကောင်စီတပ်ဒရုန်းတွေ /AA)