မောင်တောမြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ကစစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းနင်းမိလို့ အသက်မပြည့်သေးတဲ့ကလေးတဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်၊ ဇားဂုံးနားကျေးရွာကအီဆုပ်ရဲ့သား၊ အသက်ခုနှစ်နှစ်အရွယ်ကုရ်ရှိတ်အာလာမှာညာဖက်ခြေထောက်တဖက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီ ကုရ်ရှိတ်အာလာဟာ သူနေအိမ်ထက်ကနေအိမ်အောက်သို့ဆင်းတဲ့အခါ အိမ်အောက်မှာစစ်ကောင်စီတပ်ထားခဲ့တဲ့မိုင်းနင်းမိပြီးခုလိုဒဏ်ရာရသွားတာဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း မြောက်ဦးမြို့၊အောင်မင်္ဂလာရပ်ကွက်မှအမျိုးသမီးတဦးတောင်သို့ထင်ခုတ်သွားစဥ် စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မိုင်းနင်းမိလို့ အသက်သုံးဆယ်အရွယ်ဒေါ်ဖြူမချေသေဆုံးသွားခဲ့ပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာစစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေ၊ နေဗီတွေ၊တိုက်လေယာဥ်တွေ၊ဒရုန်းတွေ၊မြေမြုပ်မိုင်းတွေနဲ့အာရက္ခပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်တာတွေနေ့စဥ်ရက်ဆက်ပြု လုပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မိုင်းအသိပညာပေးမှုတွေကို မကြာခဏပြုလုပ်နေသလို မြေမြင်တွေမှာလည်း မြေမြုပ်မိုင်းအန္တရာယ်အတွ က် ဟောပြောပွဲတွေကိုပြည်သူ
လူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာပေးလက်ကမ်းစာစောင်တွေကိုဖြန့်ဝေတာတွေ၊မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊မိုင်းအသိပညာပေးတာတွေကိုပိုမိုဆောင်ရွက်ပေးဖို့လိုအပ်နေသေးတ ယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး အဲဒီမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြစ်နေတယ်လို အာရက္ခပြည်သူတွေက ဆိုကြပါတယ်။