မောင်တောမြို့နယ်မှာ ဖေဖော်ဝါရီလ ၅ ရက်၊ မနက်က စစ်ကောင်စီတပ်ထောင် ထားခဲ့တဲ့မြေမြုပ်မိုင်းတလုံးကိုနင်းမိလို့ အရပ်သားတဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်၊ရွှေဇားဂုံးနားရွာက နိုရ်ရူလောက်ရဲ့သားအသက် ၂၇ နှစ်အရွယ်မာမတ်ဂျူနိုက်မှာ ညာဖက် ခြေထောက်တဖက်ပြတ်ထွက်သွားပါတယ်။
အဲဒီ မာမတ်ဂျူနိုက်ဟာ မနက် ၆ နာရီကျော်အချိန်ခန့် ခြံထဲမှာသွားလာနေစဥ် ရေတွင်းအနားမှာ စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မိုင်းကိုတက်နင်းမိရာမှာ ပေါက်ကွဲမှုဖြစ်သွားတာကြောင်း ခုလိုဒဏ်ရာရသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစစ်ကောင်စီတပ်ရဲ့ စစ်ကျန်လက်နက်ဗုံးကို ဆော့ကစားရာမှာပေါက်ကွဲပြီး အသက် ငါးနှစ်အရွယ်ကလေးငယ်တဦးအပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီမောင်တောမြို့နယ်မှာ အာရက္ခတပ်တော်က ဇန်နဝါရီ လဆန်းက စလို့ မောင်တော နခခ ၅ ရဲ့ ခြံစည်းရိုးအပြင်ဘက်မြို့အဝင်လမ်းတလျှောက်ကို မိုင်းရှင်းလင်းခဲ့ရာမှာ မိုင်းအလုံးရေ ၁၀၀၀ ကျော် ရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မောင်တောမြို့ကို ဝင်ရောက်နိုင်တဲ့ နေရာတွေ၊တံတားတွေ နဲ့ စစ်ကောင်စီတပ်စွဲခဲ့တဲ့ နေရာတွေမှာ မြေမြုပ်မိုင်း၊စွန့်လွတ်မိုင်းတွေကိုထောင်ထားခဲ့ကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာစစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊အတွဲလို က်ဒုံးတွေ၊နေဗီတွေ၊တိုက်လေယာဥ်တွေ၊ဒရုန်းတွေ၊မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်တွေနဲ့အာရက္ခပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်တာတွေနေ့စဥ်ရက်ဆက်ပြု လုပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မိုင်းအသိပညာပေးမှုတွေကို မကြာခဏပြုလုပ်နေသလို မြေမြင်တွေမှာလည်း မြေမြုပ်မိုင်းအန္တရာယ်အတွ က် ဟောပြောပွဲတွေကိုပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်အသိပညာပေးလက်ကမ်းစာစောင်တွေကိုဖြန့်ဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့မိုင်းတွေ၊စစ်ကျန်လက် နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊မိုင်းအသိပညာပေးတာတွေကိုပိုမိုဆောင်ရွက်ပေးဖို့လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။