မောင်တောမြို့နယ်မှာ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ညနေ ၃ ကျော်အချိန်ခန့်က စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားသုံးဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်၊ရွှေဇားဂုံးနားရွာက ဒိလ်မာမတ်ရဲ့သမီးအသက်သုံးဆယ်အရွယ်ုဲရ်ကိုင်လ်ဒါ၊သူမရဲ့မောင်မာမတ်ဆော်လိမ်နဲ့အေနာဇူလ်ဟောက်ရဲ့ သမီးအသက်နှစ်နှစ်အရွယ်ရှာဟဲအာတာမှာ ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီနုရ်ကိုင်လ်ဒါဟာ သူမရဲ့အိမ်နောက်ဖက်သို့ ရေခပ်သွားချိန် စစ်ကောင်စီတပ်က ရွယ်ရည်ချက်ရှိရှိထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ညာဖက်ခြေထော က်ပြတ်ထွက်သွားပြီး အနီးအနားမှာရှိတဲ့ မာမတ်ဆော်လိမ်နဲ့ ရှာဟဲအာတာလည်း ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီအပြင်တောင်ကုတ်မြို့မှာလည်းဖေဖော်ဝါရီလ ၆ ရက်နေ့၊ညနေ ၃ နာရီကျော်အချိန်ခန့်က စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းမိုင်းနင်းမိလို့ အမျိုးသမီးတဦးဒဏ်ရာရသွားခဲ့ပါတယ်။
နောက်ပြီး မောင်တောမြို့နယ်၊ရွှေဇားဂုံးနားကျေးရွာမှာ ဖေဖော်ဝါရီလ ၅ ရက်၊မနက်က စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနင်းမိလို့ အရပ် သားတဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အများပြည်သူနေတဲ့နေရာတွေသာမက လူနေအိမ်ခြံဝင်းတွေထိ မြေမြုပ်မိုင်းပေါက်ကွဲမှုတွေ မကြာခဏဖြစ်လာနေတာကြောင့် အာရက္ခပြည်သူတွေကို ပြန်လှည်နေရာချထားရေး၊နေရပ်ပြန်ရေးမပြုလုပ်ခင် လူနေခြံဝင်းတွေထိ မိုင်းရှင်းလင်းပေးဖို့လိုအပ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာစစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေ၊နေဗီတွေ၊တိုက်လေယာဥ်တွေ၊ဒရုန်းတွေ၊မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်တွေနဲ့အာရက္ခပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်တာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မိုင်းအသိပညာပေးမှုတွေကို မကြာခဏပြုလုပ်နေသလို မြေမြင်တွေမှာလည်း မြေမြုပ်မိုင်းအန္တရာယ်အတွက် ဟောပြောပွဲတွေကိုပြည်သူယလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊မိုင်းအသိပညာပေးတာတွေကိုပိုမိုဆောင်ရွက်ပေးဖို့လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေ ဘေးကင်းလုံခြုံရေးအပါအဝင် ပြန်လည်တည်ဆောက်ရေးကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။