အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မောင်တောဒေသမှာ လူ့အ သိုင်းအဝိုင်းတွေကြား ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့လိုအပ်နေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောဒေသတိုက်ပွဲတွေမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေဟာအရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြန်ပေးဆွဲတာတွေကျူးလွန်ခဲ့ကြတာမို့ ဒေသခံပြည်သူတွေကြားမှာ အချင်းချင်းမယုံကြည်မှုတွေရှိနေ ကြဆဲလို့ မောင်တောဒေသနေပြည်သူတွေက ဆိုကြပါတယ်။
အဲဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကဦးဆောင်ပြီး လူမှုသဟ ဇာတဖြစ်ရေးအတွက် ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့အတွက်က ပြည်သူအားလုံးယုံကြည်လက် ခံဖို့လိုအပ်ပါတယ်။ရခိုင်လူမျိုးတွေကိုရိုဟင်ဂျာတွေကမယုံကြည်ရင်လည်းအ ဆင်မပြေသလို ရိုဟင်ဂျာတွေကို ရခိုင်လူမျိုးတွေကမယုံကြည်ကြရင်လည်းငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်နိုင်ဖို့ခက်ခံပါတယ်။” လို့ နိုင်ငံတကာသံတမန်တဦးက Border News Agency ကိုပြောပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါ အဝင် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေ ဘေးကင်းလုံခြုံရေးအပါအဝင် ပြန်လည်တည်ဆောက်ရေးကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတ ယ်။
ဒါပေမယ့် မောင်တောဒေသတိုက်ပွဲကာလတွေမှာ ရိုဟင်ဂျာအမည်ခံလက်နက် ကိုင်တွေက အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာတွေကျူး လွန်ခဲ့ကြတာမို့ မွတ်ဆလင်အသိုင်းအဝိုင်းအပေါ်ယုံကြည်ဖို့ခက်ခဲနေတုန်းပဲလို့ ရခိုင်လူမျိုးတချို့က ဆိုကြပါတယ်။
“ကုလားနေမယ်ဆိုရင် ကျမတို့ ရခိုင်သားတွေနဲ့ ဘယ်လိုနေမလဲ။နီးနီးလေးဆိုတော့။ကုလားတွေလုပ်လို့ ဒီပြဿနာဖြစ်တာမဟုတ်ဘူးလား။ကုလားနဲ့ နီးနီးကပ်ကပ်နေရမယ်ဆိုရင် ကျမတို့မနေဘူး။ကျမတို့ဘေးနားမှာ အေအေ ကလူတွေ စခန်းချပြီးနေမယ်ဆိုရင် ကျမတို့နေမယ်။မဟုတ်ဘူးဆိုရင် ကျမတို့မနေရေးဘူး။လုံခြုံတဲ့နေရာတခုကိုသွားမယ်။” လို့ မိသားစုဝင်ငါးဦးကို ရိုဟင်ဂျာအ မည်ခံလက်နက်ကိုင်တွေကဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီမောင်တောမြို့သိမ်းတိုက်ပွဲတွေမှာအာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် မတော်(ARSA)၊ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးတာတွေအပါအဝင် အကြမ်းဖက်မှုတွေကျူးလွန်ခဲ့ကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲတွေမှာလည်း လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေအပါအဝင် အရပ်သားပြည်သူတွေကိုမတရားဖမ်းဆီးသတ် ဖြတ်တာတွေလည်း ကျူးလွန်ခဲ့ကြတယ်လို့ အာရက္ခပြည် သူတွေက ဆိုကြပါတယ်။
အဲဒီလိုပဲ အာရက္ခတပ်တော်ကလည်း မွတ်ဆလင်တွေကိုဖမ်းဆီးသတ်ဖြတ်တာတွေအပါအဝင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကျူးလွန်ခဲ့ကြတယ်လို့ ရိုဟင်ဂျာတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းကစွပ်စွဲထားကြပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေးယန္တရားကို မွ တ်ဆလင်အသိုင်းအဝိုင်း ကယုံကြည်လက်ခံဖို့ခက်ခဲနေကြပြီးစိုးရိမ်စိတ်တွေရှိနေကြတယ်လို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။
“အေအေက မတရားဖမ်းဆီးတာတွေရှိနေလို့ သူတို့အုပ်ချုပ်ရေးယန္တယားကို အကောင်းမမြင်သူတွေရှိနေပါတယ်။ခုအေအေက နေရာအများစုကိုသိမ်းပိုက်ထားနိုင်ခဲ့ပေမယ့်မြို့ပေါ်မူလနေရာမှာ ပြန်ဝင်ခွင့်မပေးတာလို့ တန်းတူအခွင့် အရေးပေးမယ်လိုမထင်ပါ။နောင်အချိန်မှာလည်း ကျနော်တို့ကို ကျွန်လို့အေအေလက်အောက်မှာ နေထိုင်ရမှာကို စိုးရိမ်နေမိပါတယ်။” လို့ မောင်တောမြို့မှစစ်ဘေးရှောင်မွတ်ဆလင်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီမောင်တောမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှအပြီး သတ်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သလို ဘူးသီးတောင်မြို့ န ယ်ကိုလည်း ပြီးခဲ့တဲ့မေလ ၁၈ ရ က်နေ့က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီမောင်တောဒေသမှာအရပ်သားပြည်သူအားလုံးစစ်ဘေးရှောင်ထွက်ပြေးခဲ့ကြရပြီးမြိုလူမျိုးတွေအပါအဝင်မွတ်ဆလင်တွေလည်း သေဆုံးဒဏ်ရာရဖမ်း ဆီးခံခဲ့ရတာတွေရှိခဲ့ကြပြီး ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေရဲ့ အကြ မ်းဖက်တိုက်ခိုက်မှုတွေဆက်လက်ရှိနေဆဲမို့ လူ့အသိုင်းအဝိုင်းတွေကြားမှာယုံကြ ည်မှုရှိရှိငြိမ်းချမ်းစွာအ တူယှဥ်တွဲနေထိုင်ကြဖို့ ခက်ခဲနေကြဆဲဖြစ်တာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
မောင်တောဒေသတိုက်ပွဲတွေကြောင့်မွတ်ဆလင်လူဦးရေးတသိန်းနီးပါးထိတ ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံလာခဲ့ကြသလို မြို၊သက်၊ဒိုက်နက်၊ရခိုင်လူမျိုးနှစ်ရာနီးပါးထိဝင်ရောက်ခိုလှုံလာခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုရတာဝန်ရှိသူတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။