ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ အမှတ် ၂ အခြေခံပညာအထ က်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ဆယ့်နှစ်တန်း၊စစ်ဘေးရှောင်ကျော င်းသူနှစ်ဦးဟာ ဖေဖော်ဝါရီ ၈ ရက်၊ညနေ ၃ အချိန်ခန့်က ကားတိုက်ခံရပြီးတဦးသေဆုံးကာ တဦးဒဏ်ရာရသွားတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ဆိုကြပါတယ်။
အဲဒီသေဆုံးသွားသူမှာ မြေပုံမြို့နယ်၊လေးတူကျေးရွာက ဦးမောင်မြင့် သမီး အသက်တဆယ့်ရှစ်နှစ်အရွယ် မာရီ (ခ) မိုင်ခင်လှမြင့် ဖြစ်ပါတယ်။
သူမဟာ ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်အရှေ့ပိုင်း(၅၂)ရပ်ကွက်ရှိအမိမြေပဟိတကျောင်းမှာ ပညာသင်ကြားနေတာဖြစ်ပြီး စက်ဘီနဲ့ကျောင်းမှအပြန်မှာ ကားတိုက်မှုဖြစ်ကာသေဆုံးသွားတာဖြစ်တယ်လို့ကျောင်းတာဝန်ရှိ သူတွေက ဆိုကြပါတယ်။
“ယာဥ်တိုက်မှုဖြစ်ပွားတာက ကျန်စစ်သားလမ်းမပေါ် မှာဖြစ်တာ။ကျူရှင်ကအပြန်မှာပေါ့နော်။ကျောင်းသူနှစ်ယောက်ထိခိုက်ဒဏ်ရာရသွားတယ်။မာရိက တော့ဆုံးသွားတယ်။နောက်တယောက်ကတော့ဒဏ်ရာသိပ်ပြင်း ပြင်းထန်ထန်တော့မဟုတ်ဘူး။အခုတော့ ဆေးရုံမှာဆေးကုသမှုခံယူနေတယ်။” လို့ ကျောင်းတာဝန်ရှိသူဆရာတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီကားတိုက်ခံရပြီးနောက် ရန်ကုန်တိုင်း၊မြောက်ဥက္ကာလာပ အထွေထွေရော ဂါကုနဲ့သင်ကြားရေးဆေးရုံကြီးသို့ ပို့ဆောင်အရေးပေါ်ဆေးကုသခဲ့ပေမယ့် ည ၁၀ နာရီအချိန်မှာသေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီယာဥ်တိုက်မှုကျူးလွန်ခဲ့တဲ့ယာဥ်မောင်းကို အရှေ့ဒဂုံနယ်မြေရဲစခန်းမှာထိန်းသိမ်းထားတယ်ပြီး ဥပဒေအရအရေးယူသွားမယ်လို့ ဆိုပါတယ်။
အဲဒီသေဆုံးသွားသူရဲ့ မိဘတွေဟာ အဝေးမှာဖြစ်တာကြောင့် သူမရဲ့ရုပ်အ လောင်းကို ခရစ်ယာန်ရေဝေးဂိုဏ်ပေါင်းစုံမှာသဂြိုဟ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအမိမြေပရဟိတကျောင်းမှာ မြန်မာပြည်အရပ်ရပ်က စစ်ဘေးရှောင်က လေးတွေ၊ဆင်းရဲနွမ်းပါးသူတွေပညာသင်ကြားနေကြတာဖြစ်ပြီး ချင်းလူငယ်တွေလည်းလာရောက်ပညာသင်ကြားနေကြတယ်လို့ ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲကြောင့် စစ်ဘေးရှောင်နေကြရသူတွေဟာ နီးစပ်ရာနေရာတွေမှာအဆင်ပြေသလိုတက်ရောက်ပညာသင်ကြားနေကြရပြီး အာရက္ခဒေသမှချင်းလူမျိုးတွေဟာလည်း အခက်အခဲပေါင်းစုံကြားမှာပညာဆက်သင် ယူဖို့ကြိုးစားနေကြရတယ်လို့ ဆိုကြပါတယ်။