မောင်တောမြို့နယ်မှာ ဖေဖော်ဝါရီ ၁၀ ရက်၊ဒီနေ့မနက် ၁၀ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ရဲ့ စစ်ကျန်ဗုံးပေါက်ကွဲလို့ အရပ်သားတဦးသေဆုံးပြီးလေးဦးဒဏ် ရာရသွားတယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်၊ရွှေဇားဂုံးနားကျေးရွာက အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် ဖေရုစ်ခါန်သေဆုံးသွားပြီး အသက်တဆယ့်ရှစ်နှစ်အရွယ်အာရ်တာအာမောက်၊အသက်နှစ်ဆယ့်သုံးနှစ်အရွယ် မာမတ်နူရ်၊အသက်သုံးဆယ်အရွယ်မာမတ်ဇူနိုင်နဲ့အာရ်တာအာမောက်တို့ ဒဏ်ရာရသွားတယ်လို့ ရွာသားတွေက ဆိုကြပါတ ယ်။
အဲဒီဖေရုစ်ခါန်နဲ့ သူ့သူငယ်ချင်းတွေဟာ ဒီနေ့မနက်က ၁၀နာရီက ဆိုင်မှာ လဖက်ရည်သောက်နေရင်း ရွာထဲမှကောက်ယူလာတဲ့ စစ်ကျန်ဗုံးသီးတလုံးကို ထုကစားရာမှခုလိုပေါက်ကွဲမှုဖြစ်သွာတာကြောင်း သေဆုံး၊ဒဏ်ရာရသွားကြတာဖြစ်တယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီလို ဗုံးပေါက်ကွဲတာကြောင့် ဖေရုစ်ခါန်ရဲ့ပေါင်နှစ်ဖက်နဲ့ လက်နှစ်ဖက်စလုံးပြတ်ထွက်ကာသေဆုံးသွားပြီး မာမတ်နူရ်၊မတ်ဇူနိုင်၊မာမတ်ဟူဆောင်းနဲ့အာရ်တာအာမောက်လည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီရွှေဂုံးနားကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ မြေမြုပ်မိုင်း၊စစ်ကျန်လက်နက်တွေကြောင့် အရပ်သားသေဆုံးမှုမှာ တနေ့ထက်တနေ့တိုးလာနေတာမို့ အာရက္ခတပ်တော်အနေနဲ့ မိုင်းရှင်းလင်းရေးတွေပြုလုပ်ဖို့ ရွာသားတွေက တောင်းဆိုနေကြပါတယ်။
အဲဒီရွှေဇားဂုံးနားကျေးရွာမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားသုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အများပြည်သူနေတဲ့နေရာတွေသာမက လူနေအိမ်ခြံဝင်းတွေထိ မြေမြုပ်မိုင်းပေါက်ကွဲမှုတွေ မကြာခဏဖြစ်လာနေတာကြောင့် အာရက္ခပြည်သူတွေကိုပြန်လှည်နေရာချထားရေး၊နေရပ်ပြန်ရေးမပြုလုပ်ခင် လူနေခြံဝင်းတွေထိမိုင်းရှင်းလင်းပေးဖို့လိုအပ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာစစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေ၊နေဗီတွေ၊တိုက်လေယာဥ်တွေ၊ဒရုန်းတွေ၊မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်တွေနဲ့အာရက္ခပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်တာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မိုင်းအသိပညာပေးမှုတွေကို မကြာခဏပြုလုပ်နေသလို မြေမြင်တွေမှာလည်း မြေမြုပ်မိုင်းအန္တရာယ်အတွက်ဟောပြောပွဲတွေကိုပြည်သူယလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏ ကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊မိုင်းအသိပညာပေးတာတွေကိုပိုမိုဆောင် ရွက်ပေးဖို့လိုအပ်နေ သေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။