အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့တောင်ကုတ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်၊ဒီနေ့ နေ့လည်က စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ ဒေသခံတဦးဒဏ်ရာရသွားတယ်လို့ တောင်ကုတ်မြို့ခံတွေကဆိုကြပါတယ်။
အဲဒီတောင်ကုတ်မြို့၊ကံပိုင်ရပ်ကွက်ကအသက် ၂၉ နှစ်အရွယ်ကိုမင်းဝေမှာ ညာဖက်ခြေထောက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီကိုမင်းဝေဟာ ဒီနေ့ နေလည် ၂ နာ ရီကျော်အချိန်ခန့်က စစ်ကောင်စီတပ်ရဲ့အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီးတပ်ဦးဘုန်းကြီးကျောင်းတောင်မှာ ဝါးခုတ်ဖို့သွားရင်း စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမို့ ခုလို ဒဏ်ရာရသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီဒဏ်ရာရထားတဲ့ ကိုမင်းဝေဟာ ဒဏ်ရာပြင်းထန်လို့ ဆေးကုသမှုခံယူနေရတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီတောက်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသမီးတဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာစစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေ၊ နေဗီတွေ၊ တိုက်လေယာဥ်တွေ၊ ဒရုန်းတွေ၊ မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်တွေနဲ့အာရက္ခပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်တာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မိုင်းအသိပညာပေးမှုတွေကို မကြာခဏပြုလုပ်နေသလို မြေမြင်တွေမှာလည်း မြေမြုပ်မိုင်းအန္တရာယ်အတွက် ဟောပြောပွဲတွေကိုပြည်သူယလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအ သိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊မိုင်အသိပညာပေးတာတွေကိုပိုမိုဆောင်ရွက်ပေးဖို့လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။