အာရက္ခတပ်တော် ဖမ်းဆီးထိန်းသိမ်းထားသူ နှစ်ရာနီးပါးကိုပြန်လွှတ်ပေး

Photo – APM

By

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေအပါအဝင် ဒုတိယရဲမှူးကြီးတဦးကို ပြန်လွတ်ပေးလိုက်ပါတယ်။

အဲဒီစစ်ကောင်စီတပ်ရဲ့မိသားစုဝင် ၁၉၇ ဦးအပါအဝင် စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားတဲ့ ဒုတိယရဲမှူးကြီးတဦး၊စုစုပေါင်း ၁၉၈ ဦးကို ခုရက်ပိုင်းအတွင်းမှာ အာရက္ခတပ်တာ်က လွတ်ပေးလိုက်ပါတယ်။

အဲဒီလွတ်လွတ်မြောက်လာသူ စစ်ကောင်စီတပ်ရဲ့ မိသားစုဝင်တွေထဲမှာအမျိုးသား ၅၁ ဦး၊အမျိုးသမီး ၁၄၇ ဦး ပါဝင်ပြီး သူတို့ဟာ စစ်ကောင်စီတပ်ကင်းမဲ့တဲ့နေရာတွေကဖြစ်ကြပါတယ်။

အဲဒီသူတွေကို အာရက္ခတပ်တော်က မိသားစုဝင်တွေဆီ တရားဝင်လွဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

အာရက္ခတပ်တော်ဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင် အမျိုးသားလေးဆယ်၊အမျိုးသမီးခုနှစ်ဆယ်ခြောက်ဦးအပါအဝင် အရပ်သားအကျဥ်သားနှစ်ဆယ့်ခြောက်ဦးကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်းအာရက္ခတပ်တော်က တရားဝင်လွဲပြောင်းပေးခဲ့ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေအပါအဝင်လူပေါင်းတသောင်းကျော်ထိဖမ်းဆီးထိန်းသိမ်းထားတယ်လို့အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတာဝန်ရှိသူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေ ဘေးကင်းလုံခြုံရေးအပါအဝင် ပြန်လည်တည်ဆောက်ရေးကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုပြန်လည်တည်ဆောက်ရေးတွေပြုလုပ်ပေးနေတာမို့ ဘေးကင်းလုံခြုံစိတ်ချရတဲ့အခြေအနေတွေမှာ ပြန်လည်လွှတ်ပေးသင့်သူတွေကို ပြန်လွှတ်ပေးသွားမယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာသွားမယ်လို့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၉ ရက်နေ့က အာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here