မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းကာကွယ်ရေးတပ်-အရှိုက တိုက်ခိုက်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ထုတ်ပြန်ပါတယ်။
အဲဒီတပ်က လက်နက်ခဲယမ်းတွေတင်ဆောင်ဆုတ်ခွာလာတဲ့စစ်ကားလေးစီးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊နေ့လည်က ပျဥ်းဝစစ်ဆေးရေးဂိတ်အနောက်ဘက်၊ နတ်ရေကန်လမ်းဟောင်းမှာ ဖြတ်တောက်တိုက်လိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကားတစီးမီးလောင်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနှစ်ဦးသေဆုံးကာလက်နက်ငယ်လေးလက်သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံးပြီးတဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီချင်းကာကွယ်ရေးတပ်-အရှိုဟာ အာရက္ခတပ်တော်နဲ့ပူးပေါင်းပါဝင်တိုက်ခိုက်နေတာဖြစ်ပြီး နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကို အာရက္ခတပ်တော်ဦးဆောင်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။







