နတ်ရေကန်လေကြောင်းရန်တပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဆယ့်သုံးဦးကို ချင်းကာကွယ်ရေးတပ်ဖမ်းမိ

Photo – Chin Defence Force – Asho

By

မကွေးတိုင်း၊ ငဖယ်မြို့နယ်ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်မှထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဆယ့်သုံးဦးကိုချင်းကာကွယ် ရေးတပ်-အရှိုက ဖမ်းဆီးရမိခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ်ပြန်ပါတယ်။

အဲဒီမကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကို အာရက္ခတပ်တော်(AA) ဦးဆောင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

အဲဒီအာရက္ခတပ်တော်ရဲ့ထိုးစစ်ကိုမခုခံနိုင်လို့ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဆယ့်သုံးဦးနဲ့အတူ လက်နက်ခဲယမ်းတွေကို ချင်းကာကွယ်ရေးတပ် – အရှိုကဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီတိုက်ပွဲကနေထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နတ်ရေက န်ဆက်သွယ်ရေးတာဝါတိုင်ရဲ့ မြောက်ဘက်မီတာနှစ်ထောင်ခန့်အကွာမှာ နယ် မြေရှင်းလင်းရာမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၃ ရက်အတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ MA-1 ၁၃ လက်၊ MA-2 ၁ လက်၊ MA-3 ၃လက်၊ MA-11 ၂ လက်၊ MA-5 1 လက်နဲ့လက်ပစ်မိုင်း၊ကျည်စတဲ့ စစ်အသုံးအဆောင်ပစွည်းတွေကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနတ်ရေကန်ဒေသအနီးတဝိုက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့တော်လှန်ရေးတပ်တွေနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံးအလင်းဝင်ပူးပေါင်းဖို့ကိုလည်းချင်းကာ ကွယ်ရေးတပ်- အရှိုကတိုက်တွန်းထားပါတယ်။

အာရက္ခတပ်တော်ဟာ အမ်း၊တောင်ကုတ်၊ဂွ မြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထားပြီးနောက် မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတွေရှိ စစ်ကောင်စီတပ်စခန်းတွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here