အင်တာဗျူး
Border News Agency
မြောက်ဦး၊မတ် ၈ ။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ အာရက္ခဒေသရှိအမျိုးသမီးတွေအတွက် အရပ်ဖက်အဖွဲအစည်းတွေရဲ့အမြင်ကို Border News Agency က မေးမြန်းဖော်ပြလိုက်ပါတယ်။
“ကျားမရေးရာတန်းတူညီမျှမှုနဲ့ပတ်သက်လို ပါတီ၊လက်နက်ကိုင်အဖွဲအစည်းအားလုံးမှာအမျိုးသမီးအနည်းဆုံးသုံးဆယ်ရာခိုင်နှုန်းပါဝင်ဖိုအတွက် ကျမတိုဆက်တိုင်းလုပ်လာခဲ့ပါတယ်။ပူးပေါင်းပါဝင်မှုဟာ အရေအတွက်အားဖြင့်ပါဝင်တာမဟုတ်ပဲ။အဲဒီပါဝင်မှုအမျိုးသမီးရာခိုင်နှုန်းတယောက်ချင်းစီဟာ အရည်အချင်းရှိတဲ့အမျိုးသမီးတွေဖြစ်ဖို့ သူတိုကိုစွမ်းရည်မြင့်တင်ပေးရင်းနဲ့သူတို့အတွေးအမြင်သဘောထားစိတ်ခံစားချက်တွေကို ပွင့်ပွင့်လင့်လင့်ပါဝင်ဆွေးနွေးတိုင်ပင်လုပ်ဆောင်ဖိုအတွက်ပါ။နောက်ဆုံးအဆင့်အမျိုသမီးဖြစ်တာကြောင့် ဆုံးဖြတ်ချက်မချနိုင်ဆိုတာမျိုးမဟုတ်ပဲ။ဆုံးဖြတ်ချက်ချနိုင်မယ့်အမျိုးသမီးတွေပါဝင်နိုင်ရမယ်ဆိုပြီးတောင်းဆိုလာတာတွေရှိပါတယ်။”
စောစံငြိမ်းသူ
ဥက္ကဋ္ဌ
ရခိုင့်ရှေ့ဆောင်အမျိုးသမီးများအဖွဲ။

“ULA/AAမှာ အမျိုးသမီးတွေပါဝင်လာဖို့အရည်အသွေးရှိတဲ့အမျိုးသမီးတွေကို အုပ်ချုပ်ရေးမှာလည်းအကြီးပိုင်းရာထူးအနေနဲ့ပါဝင်ရလိမ့်မယ်လို့ ကျနော့်အနေနဲ့ယူဆမိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အရည်အချင်းရှိတဲ့သူက သူ့ရဲ့အရည်အချင်းလိုက် ရသင့်ရထိုက်တဲ့နေရာကိုပုံမှန်ရလိမ့်မယ်လို့ ယူဆပါတယ်။”
ဦးမောင်မောင်ကြည်
ဦးဆောင်ကော်မတီဝင်၊
နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်။

“အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြင့်တင်မှုအခန်းဏ္ဍတွေကိုလုပ်ပေးရမယ်လို့မြင်ပါတယ်။အမျိုးသမီးဖက်ကိုလည်း စွမ်းဆောင်ရည်တွေဖြည့်တင်ရပါမယ်။ULA/AAက ပေါ်လစီတွေထားပြီးတော့ ဒါတွေကိုလည်းလုပ်ဆောင်သင့်ပါတယ်။တချို့လက်နက်ကိုင်အဖွဲ့အစည်းတွေမှာဆိုရင် ကျား၊မရေးရာမူဝါဒတွေ၊အမျိုးသမီးရေားရာမူဝါဒတွေကို အများကြီးထုတ်နေပါတယ်။အဲဒါတွေကိုလည်းထုတ်ဖို့လိုပါတယ်။နောက်ပြီးတော့ အမျိုးသမီးတွေကို စစ်ပွဲကာလတွေမှာကာကွယ်ခြင်းဆိုင်ရာနိုင်ငံတကာဥပဒေတွေကိုလည်း လေးစားလိုက်နာဖို့လိုပါတယ်။”
ဥက္ကဌ
အာရက္ခအမျိုးသမီးအဖွဲ့၊
အာရက္ခဒေသ။

“တိုင်းပြည်တည်ဆောက်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်မှာဂျန်ဒါခွဲလို့ရတဲ့ခေတ်မဟုတ်တော့ဘူး။ပဒေသရာဇ်ခေတ်လိုပုံစံမျိုး ငါ့အမိန်၊ငါ့အာဏာရှင်ဘုရင်တပါးရဲ့အမိန့်အာဏာနဲ့တိုင်းပြည်ကိုတည်ဆောက်သွားမယ်ဆိုရင် အနာဂတ်ထိသွားလို့ရမှာမဟုတ်ဘူး။ဂျန်ဒါခွဲဖို့မလိုဘူး။အမျိုးသမီးလည်း သူ့ရဲ့ပင်ကိုယ်စိတ်ရင်း၊အရည်အသွေးရှိတဲ့အတိုင်း ပါဝင်ပူးပေါင်းဆောင်ရွက်လာသူတွေကို လက်တွဲခေါပြီးတာဝန်ပေးဆောင်ရွက်သွားသင့်တယ်လို့မြင်တယ်။”
ဦးလှထွန်းကျော်
သက်လူမျိုးခေါင်းဆောင်
မောင်တောမြို့နယ်။

“ULA/AA ရဲ့နိုင်ငံရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေးတွေမှာ အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးတွေပါဝင်မှုအတွက်အဓိကလိုအပ်ပါတယ်။တချို့အမျိုးသမီးတွေဟာ အရင်ကစစ်ကောင်စီအုပ် ချုပ်မှုအောက်မှာရှိနေတဲ့အခါ စစ်ကောင်စီရဲ့ဖမ်းဆီးတာတွေကိုကြောက်တာတခု၊တဖက်မှာလည်းအန္တရာယ်စိုးရိမ်ရတယ်ဆိုပြီး မိသားစုတွေရဲ့ဟန့်တားမှုလည်းတခုနဲ့ အမျိုးသမီးတွေပါဝင်မှုနည်းပါးတာတွေတော့ ရှိနေကြပါတယ်။”
ဦးမြတ်ထွန်း
ဒါရိုက်တာ၊
ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်
သူများအဖွဲ့။
